All Burma Federation Of Student Unions
1.15K subscribers
7.81K photos
108 videos
642 links
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ၏ တရားဝင် တယ်လီဂရမ်ချန်နယ် ဖြစ်ပါသည်။
Download Telegram
တနင်္သာရီမြို့နယ် ကျောင်းသားများသမဂ္ဂမှ "လူထုမောင်မယ် သံချပ်"ဖြင့် လှည့်လည်ဖျော်ဖြေ

ဧပြီလ ၁၈ ရက်၊ ၂၀၂၅ ခုနှစ်

တနင်္သာရီမြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)က သင်္ကြန်အကျနေ့၊ အကြတ်နေ့နဲ့ အတက်နေ့တွေမှာ တနင်္သာရီမြို့နယ်အတွင်း ဒေသခံလူထု စုရုံးရာနေရာတွေမှာ "လူထုမောင်မယ် သံချပ်" နဲ့ လှည့်လည်ဖျော်ဖြေ တင်ဆက်ခဲ့ပါတယ်။

သံချပ်ထဲမှာလည်း စစ်အာဏာရှင်စနစ်ရဲ့ ဆိုးမွေတွေကို ဆန့်ကျင်ခဲ့ကြပြီး လက်ရှိတော်လှန်ရေးအတွင်း အခြေအနေတွေကို ထုတ်ဖော်ပြောဆိုပြီး တင်ဆက်ခဲ့ကြပါတယ်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်

#တော်လှန်သံချပ် #ABFSU #Oway #တနင်္သာရီမြို့နယ်
တနင်္သာရီမြို့နယ်ကျောင်းသားများသမဂ္ဂမှ ကျောင်းသားထုဆွေးနွေးပွဲတရပ် ပြုလုပ်

ဧပြီလ ၂၆ရက်၊ ၂၀၂၅ ခုနှစ်

တနင်္သာရီမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)က ဦးဆောင်ပြီး တနင်္သာရီမြို့နယ်အတွင်း Spring Edu Garden ပြည်သူ့အခြေပြုအထက်တန်းကျောင်းက ကျောင်းသား၊ ကျောင်းသူတွေနဲ့အတူ တွေ့ဆုံဆွေးနွေးပွဲတရပ် ပြုလုပ်ခဲ့ပါတယ်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်

#ABFSU #Studentsunion #တနင်္သာရီ
ရေစကြိုမြို့နယ်တွင် ဗကသများအဖွဲ့ချုပ်မှ ကျောင်းသားထုနှင့် တွေ့ဆုံဆွေးနွေးပွဲတရပ် ကျင်းပ

ဧပြီလ ၂၉ရက်၊ ၂၀၂၅

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ဦးဆောင်ပြီး ဒီကနေ့ နေ့လယ်ပိုင်းမှာ ရေစကြိုမြို့နယ် တနေရာမှာ ပြည်သူ့အခြေပြုကျောင်းသားတွေနဲ့ တွေ့ဆုံဆွေးနွေးပွဲတရပ်ကို ကျင်းပြုလုပ်ခဲ့ပါတယ်။

သမဂ္ဂရဲဘော်တွေကနေ ဗမူ ၆ ချက် နဲ့ ဗကသများအဖွဲ့ချုပ်ရဲ့ တော်လှန်ရေးရပ်တည်ချက်အမြင်ကို ရှင်းလင်းခဲ့ပြီး လက်ရှိတော်လှန်ရေးအခြေအနေ၊ ပညာရေးနဲ့ နိုင်ငံရေးနီးကပ်စွာ ဆက်စပ်နေကြောင်း ဆွေးနွေးတင်ပြခဲ့ပါတယ်။ ထို့နောက် ဗကသများအဖွဲ့ချုပ်ပေါ်ပေါက်လာပုံ သမိုင်းအကျဉ်းချုပ်တွေကိုလည်း ကျောင်းသားထုနဲ့အတူ ဆွေးနွေးခဲ့ကြပါတယ်။

#ABFSU #Oway #ရေစကြို #studentsmovement
တော်လှန်ရေးရဲ့ ရည်မှန်းချက် - ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်

ခင်နီ | အိုးဝေ

မနေ့ညက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က သူ့ရဲ့ လေးနှစ်ပြည့်အထိမ်းအမှတ် အစီရင်ခံစာပါ ‘မဟာဗျူဟာဦးတည်ချက် (၆) ချက်’ကို ပြည်သူလူထုဆီ တင်ပြလာပါတယ်။ တဆက်တည်းမှာလည်း ဒီခြောက်ချက်မှမရရင် မဆွေးနွေးဘူးလို့လည်း စစ်ကောင်စီကို ဦးတည်ပြောဆိုလာပါတယ်။ ၂၀၀၈ ခြေဥဖျက်သိမ်းတာ၊ ဒီမိုကရေစီနည်းကျ ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် ရေးဆွဲဖို့ ကြိုးစားကြတာ၊ ဖိနှိပ်ခံတွေအတွက် တရားမျှတမှု‌ကို ရှာဖွေတာတွေက‌ ကြိုဆိုရမှာပါ။

ဒါပေမယ့် ဒီအချက်တွေက တကယ်ပဲ လုံလောက်နေပြီလားဆိုတာ ကျမတို့ မေးစရာ ရှိပါတယ်။

ဗိုလ်မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ကောင်စီက ၂၀၂၁ ခုနှစ်မှာ ဗမာပြည်ကို အာဏာသိမ်းခဲ့တာ မှန်ပါတယ်။ ဒါပေမယ့် ကျမတို့နိုင်ငံက ဗိုလ်မင်းအောင်လှိုင်အာဏာမသိမ်းခင်မှာပဲ စစ်အာဏာရှင်လက်အောက်မှာ ပြားပြားဝပ်ခဲ့ရတာ နှစ် (၇၀) တိုင်ခဲ့ပါပြီ။ ဗိုလ်နေဝင်း‌လက်ထက်ကစလို့ စစ်အာဏာရှင်အဆက်ဆက်နဲ့ NLD အရပ်သားအစိုးရအုပ်ချုပ်တဲ့ ကာလတွေအထိ ဗမာပြည်က စစ်အာဏာရှင်လက်အောက်က တဖဝါးမှ မလွတ်ခဲ့ပါဘူး။

တဖက်မှာလည်း ဒီစစ်တပ်က လက်နက်ဖြုတ်တိုင်း ပြုတ်သွားမယ့် စစ်တပ်မဟုတ်။ စစ်ဗျူရိုကရက်ယန္တရား အထပ်ထပ်နဲ့ ဖက်ဆစ်စိတ်ဓာတ် မိုးမွှန်နေအောင် ရိုက်သွင်းခံထားရတဲ့ စစ်တပ်ဖြစ်တယ်။ ကိုလိုနီခေတ်အပြီး နေဝင်းလက်ထက် အာဏာမသိမ်းမီထဲက စစ်တပ်ဟာ ဗျူရိုကရက်ယန္တရား အားကောင်းခဲ့တယ်။ အားကောင်းတဲ့ အရင်းရှင်ကော်ပိုရေးရှင်းကြီးတွေ တည်ဆောက်နိုင်ခဲ့တယ်။ နိုင်ငံရေးအင်အားစုတွေရဲ့ အကွဲအပြဲကြားမှာ သာသာယာယာ အာဏာရယူနိုင်ခဲ့တယ်။ ဒီလိုဗျူရိုကရေစီနဲ့ စတင်ခဲ့ပြီး ကြာလေကြာလေ ပိုခိုင်မာလာခဲ့ပါတယ်။ တဗိုလ်ကျ ဘယ်နှဗိုလ်တက်တက် တပ်တွင်း ဖက်ဆစ်စိတ်ဓာတ်တွေ တောင့်တင်းသထက် တောင့်တင်းလာစမြဲပါပဲ။

ဒီလိုဖက်ဆစ်စစ်တပ်ဆီကနေ အာဏာဖယ်ရှားပြီး နိုင်ငံရေးထဲက ပထုတ်လိုက်ရုံ၊ ရာဇဝတ်သားတွေကို အရေးယူလိုက်ရုံနဲ့ တော်လှန်ရေးနိဂုံးချုပ်ပြီ၊ ဗမာပြည်ကြီး ဖက်ဆစ်စိတ်ဓာတ် ကင်းစင်ပြီလို့ ထင်ရင်တော့ စစ်တပ်ကို လျှော့တွက်ရာကြပါလိမ့်မယ်။ စစ်တပ်ရဲ့ ကျန်ရှိနေမဲ့ ဗျူရိုက‌ရက်ယန္တရားထိုင်ခုံကို ဘယ်သူဝင်ထိုင်မလဲ စိုးရိမ်နေရပါလိမ့်မယ်။

ဒီတော့ ကျမတို့ ‌‌ဖက်ဆစ်စစ်တပ်ကို ဘယ်လိုဖယ်ရှားကြမလဲ။ ကျမတို့ရဲ့ ဘုံရည်မှန်းချက် ဘာဖြစ်သင့်သလဲ။

အဖြေကတော့ စစ်သုံးစစ် အမြစ်ဖြတ်ရေးပါပဲ။

စစ်သုံးစစ်ဆိုတာ ဘာလဲ။ ပထမတခုကတော့ လက်ရှိစစ်ကောင်စီဖြစ်တဲ့ စစ်အစိုးရနဲ့ ဒုတိယတခုကတော့ စစ်တပ်၊ စစ်ခရို‌နီတွေနဲ့ ဆက်စပ်တဲ့ စီးပွားရေးလုပ်ငန်း၊ နိုင်ငံရေးပါတီ၊ စစ်တပ်အစုဝင်ဟောင်းတွေပါတဲ့ စစ်အုပ်စုဖြစ်တယ်။ နောက်ဆုံး တတိယတခုကတော့ စစ်အုပ်စုနဲ့ စစ်အစိုးရရဲ့ အကျိုးစီးပွားကို တည်ဆောက်ပေး၊ ကာကွယ်ပေးနေတဲ့ လက်အောက်ခံ ပြည်ထဲရေး၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ ဦးစီးဌာနနဲ့ ဌာနဆိုင်ရာအသီးသီး‌တွေ၊ လွှတ်တော်၊ အခြေခံဥပဒေ စတာတွေပါဝင်တဲ့ စစ်ဗျူရိုကရက်ယန္တရားတိုပဲ ဖြစ်တယ်။ အခု ကျမတို့ကို ဖိနှိပ်အုပ်ချုပ်နေတဲ့ စစ်အာဏာရှင်စနစ်ကို ဒီစစ်သုံးစစ်နဲ့ အခိုင်အမာတည်ဆောက်ထားတယ်။

စစ်အာဏာရှင်စနစ် တဗိုလ်ကျ တဗိုလ်တက်နိုင်စေဖို့ ယိုင်နဲ့တိုင်း ပြန်တည့်မတ်ဖို့အတွက် ဒီစစ်သုံးစစ်က ကျားကန်ပေးပါတယ်။ ဒါကြောင့် စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းစေဖို့အတွက် စစ်သုံးစစ်ကို အမြစ်ပြတ်ချေမှုန်းရပါမယ်။ ဖက်ဆစ်စစ်တပ်ကို အလုံးစုံဖျက်သိမ်းပစ်ရပါမယ်။ ဒီနည်းနဲ့ပဲ ဗမာပြည်အတွင်း ဖက်ဆစ်မီးလောင်စာ ပြန်လည်ရှင်သန်မထမြောက်နိုင်တော့အောင် အပြီးသတ်ငြှိမ်းပစ်ရပါမယ်။

တဆက်တည်းပြောရရင် ကျမတို့အနေနဲ့ စစ်တပ်ကို အလုံးစုံဖျက်ဖို့ဆိုတာ မဖြစ်နိုင်ဘူးဆိုတဲ့ အားလျော့သံတွေကိုလည်း စွန့်လွှတ်ရပါမယ်။ တော်လှန်ရေးက လူထုပေါ်မှာပဲ အခြေခံပါတယ်။ လူထု‌ရှိသရွေ့ တော်လှန်ရေးရှိပါတယ်။ တော်လှန်ရေးအောင်စိတ်လည်း ရှိပါမယ်။ အဲ့ဒါဆိုရင် စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်မယ့် ပန်းတိုင်က အနှေးနဲ့အမြန် ရောက်လာမှာပါပဲ။ စစ်တပ်ဟာ နှစ် (၇၀) ပြည်သူလူထုအပေါ် ဗိုလ်ကျစိုးမိုးခဲ့ပြီးပါပြီ။ ဖက်ဆစ်ဝါဒဟာ တိုင်းပြည်တခုလုံးကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ပြီးပါပြီ။ ဒီအခြေအနေမှာ တော်လှန်ရေးရည်မှန်းချက် တထစ်လျှော့လိုက်ရင်ဖြင့် ကျမတို့ တိုက်ပွဲဝင်လာခဲ့သမျှ ပန်းမဝင်မယ့် ခရီးလမ်းကို လျှောက်လှမ်းမိပါလိမ့်မယ်။

ဒါကြောင့် ကျမတို့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ စစ်သုံးစစ်အမြစ်ဖြတ်ရေးကို တော်လှန်ရေးရဲ့ အခြေခံဘုံရည်မှန်းချက်အနေနဲ့ ထားရှိပြီး တပ်ပေါင်းစုလမ်းကြောင်းကို အခုပဲ ဖော်ဆောင်ကြပါစို့လို့ တော်လှန်ရေးရဲဘော်အချင်းချင်း တိုက်တွန်းလိုက်ရပါတယ်ရှင်။

ခင်နီ
(ဗကသများအဖွဲ့ချုပ်)

#Oway #ABFSU #NUG #စစ်သုံးစစ်
ကနီမြို့နယ်တွင် ဗကသများအဖွဲ့ချုပ်မှ မေဒေးအထိမ်းအမှတ်အဖြစ် လက်ကမ်းစာစောင်ဝေ

မေလ ၁ ရက် ၊ ၂၀၂၅ ခုနှစ်

ကနီမြို့နယ်ရှိ ပြည်သူ့အခြေပြုကျောင်းသားသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ဦးဆောင်ပြီး ကမ္ဘာ့အလုပ်သမားနေ့ (မေဒေး) အထိမ်းအမှတ်ကို ဂုဏ်ပြုသောအားဖြင့် ကနီမြို့နယ် ကျေးရွာတရွာမှာ လက်ကမ်းစာစောင်တွေ ဝေငှခဲ့ကြပါတယ်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်

#ABFSU #ကန#မေ‌ဒေး
ဗကသများအဖွဲ့ချုပ်မှ အပြည်ပြည်ဆိုင်ရာအလုပ်သမားများနေ့ အထိမ်းအမှတ် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုံ့ဆော်မှု ပြုလုပ်

မေလ ၂ ရက်၊ ၂၀၂၅ ခုနှစ်

မေလ (၁)ရက်နေ့မှာ ဗကသများအဖွဲ့ချုပ်က ရန်ကုန်မြို့တနေရာမှာ "လုပ်အားစိုက်ထုတ်သူများ၊ တိုက်ပွဲအတွင်းသို့လာကြ" စာတန်းပါ ဘန်နာတခုကို ချိတ်ဆွဲခဲ့ပါတယ်။ ဒီလှုပ်ရှားမှုနဲ့အတူ မနေ့က ကျရောက်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာအလုပ်သမားများနေ့ကို ဂုဏ်ပြုလိုက်ပြီး နိုင်ငံတဝှမ်းမှာရှိတဲ့ အဖိနှိပ်ခံအလုပ်သမားထုနဲ့အတူ လူထုတရပ်လုံးလွတ်မြောက်ဖို့ရာ တိုက်ပွဲဝင်ကြဖို့ လှုံ့ဆော်ခဲ့ပါတယ်။

စစ်အာဏာရှင်စနစ် တည်မြဲနေသ၍တော့ အလုပ်သမားအခွင့်အရေး၊ ကျောင်းသားအခွင့်အရေး၊ လူ့အခွင့်အရေးဆိုတာ မရှိနိုင်ပါဘူး။ ဒါ့ကြောင့် စစ်သုံးစစ် အမြစ်ပြတ်သည်အထိ ကျောင်းသားထု၊ အလုပ်သမားထုအပြင် ပြည်သူလူထုတရပ်လုံး တွဲလက်ညီညီနဲ့ ဆက်လက်ဆန့်ကျင်တော်လှန်သွားကြဖို့ လိုအပ်ကြောင်း လှုံ့ဆော်လိုက်ရပါတယ်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်

#ABFSU #Yangon #MayDay #Workersday
ကနီမြို့နယ်တွင် ဗကသများအဖွဲ့ချုပ်က မေဒေးအထိမ်းအမှတ်အဖြစ် ဆွေးနွေးပွဲတရပ်ကျင်းပ

မေလ ၁ ရက်၊ ၂၀၂၅

ကနီမြို့နယ်ရှိ ပြည်သူ့အခြေပြုကျောင်းသားသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ဦးဆောင်ပြီး ကမ္ဘာ့အလုပ်သမားနေ့ (မေဒေး) အထိမ်းအမှတ်ကို ဂုဏ်ပြုသောအားဖြင့် ဆွေးနွေးပွဲတရပ် ပြုလုပ်ခဲ့ကြပါတယ်။

ဆွေးနွေးပွဲမှာ ရဲဘော်တွေက မေဒေးနေ့နဲ့ပတ်သက်တဲ့ သမိုင်း၊ သမဂ္ဂလုပ်ငန်းစဉ်တွေနဲ့ လက်ရှိတော်လှန်ရေး အခြေအနေတွေအကြောင်း ဆွေးနွေးခဲ့ကြပါတယ်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်

#ABFSU #ကန#ဆွေးနွေးပွဲ #MayDay #Workersday
အရာတော်မြို့နယ်ကျောင်းသားများသမဂ္ဂမှဦးဆောင်၍ ရောင်ခြည်ဦးစာကြည့်တိုက် ဖွင့်လှစ်

မေ ၂ ရက်၊ ၂၀၂၅

မေလ ၁ ရက်နေ့မှာ အရာတော်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ဦးဆောင်ပြီး အရာတော်မြို့နယ်အတွင်းက ကျေးရွာတရွာမှာ ကျောင်းသားကျောင်းသူတွေ၊ ရပ်ရွာနေပြည်သူတွေနဲ့ ကာကွယ်ရေးရဲဘော်တွေ အသိပညာဗဟုသုတတိုးပွားစေဖို့ ရည်ရွယ်ပြီး ရောင်ခြည်ဦးစာကြည့်တိုက်ကို ဖွင့်ပွဲအခမ်းအနားတရပ် ကျင်းပပြီး အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ပါတယ်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်

#ABFSU #အရာတော် #စာကြည့်တိုက် #ရောင်ခြည်ဦး
တနင်္သာရီမြို့နယ်ကျောင်းသားများသမဂ္ဂမှ ဗကသများအဖွဲ့ချုပ် ဖွဲ့စည်းတည်ထောင်ခြင်း ၈၉ နှစ်ပြည့် အထိမ်းအမှတ် ကျင်းပပြုလုပ်

မေလ ၈ရက်၊ ၂၀၂၅

ဗကသများအဖွဲ့ချုပ် ဖွဲ့စည်းတည်ထောင်ခြင်း ၈၉ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် တနင်္သာရီမြို့နယ်ကျောင်းသားများသမဂ္ဂက ဗကသခွပ်ဒေါင်းအလံတော်ကို အလေးပြုပြီး ဗကသ သမိုင်းနဲ့ လက်ရှိနိုင်ငံရေးအကြောင်း ဆွေးနွေးခဲ့ကြပါတယ်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်

#ABFSU #၈၉နှစ်ပြည့် #ABFSU89th #ဗကသ
ကနီမြို့နယ်တွင် ဗကသများအဖွဲ့ချုပ် ၈၉နှစ်ပြည့်အထိမ်းအမှတ် တွေ့ဆုံဆွေးနွေးပွဲတရပ် ကျင်းပ

မေလ ၈ ရက်၊ ၂၀၂၅

ကနီမြို့နယ်ရှိ ပြည်သူ့အခြေပြုကျောင်းသားသမဂ္ဂက ဦးဆောင်ပြီး ဗကသများအဖွဲ့ချုပ် ၈၉ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် တွေ့ဆုံ‌ဆွေးနွေးပွဲတရပ် ပြုလုပ်ခဲ့ပါတယ်။

ဆွေးနွေးပွဲမှာ သမဂ္ဂရဲဘော်တွေက လက်ရှိတော်လှန်ရေးအခြေအနေတွေအကြောင်း၊ ဗကသများအဖွဲ့ချုပ်ရဲ့ တော်လှန်ရေးအခန်းကဏ္ဍအကြောင်း ဆွေးနွေးခဲ့ကြပြီး ကဗျာရွတ်ဆိုခြင်းလည်း ပြုလုပ်ခဲ့ကြပါတယ်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်

#ABFSU #ဗကသ #ဗကသ၈၉နှစ်ပြည့် #abfsu89th #abfsuanniversary
ကနီမြို့နယ်ကျောင်းသားများသမဂ္ဂမှ ဗကသများအဖွဲ့ချုပ် (၈၉) နှစ်ပြည့် အထိမ်းအမှတ် စကားဝိုင်းပြုလုပ်

မေလ ၉ ရက်၊ ၂၀၂၅

ကနီမြို့နယ်ကျောင်းသားများသမဂ္ဂက ဦးဆောင်ပြီး ဗကသများအဖွဲ့ချုပ် (၈၉) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ယမန်နေ့က စကားဝိုင်းတခု ပြုလုပ်ခဲ့ပါတယ်။

ဒီစကားဝိုင်းမှာတော့ လက်ရှိတော်လှန်ရေးအခြေအနေတွေကို ဆွေးနွေးသုံးသပ်ခဲ့ကြပြီး ကျောင်းသားသမဂ္ဂတွေရဲ့ စည်းရုံးရေး‌ကျယ်ပြန့်ရေးအတွက် ဆွေးနွေးခဲ့ကြပါတယ်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်

#ABFSU #ဗကသ၈၉နှစ်ပြည့် #abfsu89th #abfsuanniversary #ကန
ရေစကြိုမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဖွဲ့စည်း

မေလ ၁၂ ရက်၊ ၂၀၂၅ ခုနှစ်

ရေစကြိုမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) အား ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ၏ (၈) ကြိမ်မြောက်ညီလာခံက ချမှတ်ပြဌာန်းခဲ့သည့် မူဝါဒ (၆) ချက်၊ ဖွဲ့စည်းအုပ်ချုပ်ပုံစည်းမျဉ်းဥပဒေနှင့် ဒီမိုကရေစီဗဟိုဦးစီးစနစ် အစရှိသည့် လက်ခံချက် (၃) ရပ်အား လက်ခံလိုက်နာ၍ ၂၀၂၅ ခုနှစ်၊ မေလ ၁၀ ရက်နေ့တွင် ဖွဲ့စည်းလိုက်သည်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်

#ABFSU #ရေစကြို #studentsunion #studentsmovement
မြိုင်မြို့နယ်တွင် ဗကသများအဖွဲ့ချုပ်မှ လေကြောင်းအန္တရာယ်ကာကွယ်ရေး သရုပ်ပြခြင်း၊ စာစောင်ဝေခြင်းများ ပြုလုပ်

မေလ ၁၂ရက်၊ ၂၀၂၅

မြိုင်မြို့နယ်ကျောင်းသားများသမဂ္ဂက မြိုင်မြို့နယ်အတွင်း လေကြောင်းအန္တရာယ်ကာကွယ်ရေး လက်ကမ်းစာစောင်တွေ ဖြန့်ဝေပြီး ပြည့်သူအခြေပြုကျောင်း ခုနစ်ကျောင်းက ကျောင်းသား‌ကျောင်းသူတွေကို လေကြောင်းအန္တရာယ် ကြုံတွေ့လာစဉ် ‌‌‌ဘေးအန္တရာယ် ကင်းစွာနေထိုင်နိုင်ရန်နဲ့ နည်းစနစ်ကျစွာနေထိုင်နည်း‌တွေကို‌လည်း သရုပ်ပြပေးပြီး လေ့ကျင့်ပေးခဲ့ကြပါတယ်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်

#ABFSU #Airstrike #studentsunion #militaryatrocities #resistance
On May 12, 2025, a Myanmar military fighter jet dropped a bomb on a school in Oe-Htein-Kwin, Tabayin Township, during a declared ceasefire. This airstrike resulted in the deaths of over 20 students and 2 teachers, with more than 40 others injured. The school was operational amidst a devastating earthquake, and there were no armed clashes in the area.
This tragic event is part of a broader pattern of deliberate attacks on civilians, including children, by the junta since the 2021 coup. Approximately 4,985 airstrikes have been conducted across Myanmar, resulting in over 4,627 civilian deaths, including 775 children. Schools, hospitals, and entire villages have been targeted, violating international humanitarian law.
The Tabayin massacre highlights the urgent need for justice and accountability. The ASEAN's passive approach, with its unenforced "5-point consensus," has failed to protect civilians.
For true peace, military supply chains must be cut, fuel sanctions enforced, and war crimes prosecuted. The world must listen to the people of Myanmar, not the generals. The children of Tabayin and other victims must not be forgotten. Stand with the people of Burma and demand justice, not just for the dead, but for the living who continue to suffer.

#ABFSU #FAC #AirStrikes
ရေစကြိုမြို့နယ်ကျောင်းသားများသမဂ္ဂမှ ကျောင်းသားများနှင့် တွေ့ဆုံဆွေးနွေးပွဲတရပ် ပြုလုပ်

မေလ ၁၃ရက်၊ ၂၀၂၅ ခုနှစ်

ရေစကြိုမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ဦးဆောင်ပြီး ရေစကြိုမြို့နယ်ရှိ ပြည်သူ့အခြေပြုကျောင်းက အထက်တန်း ကျောင်းသား၊ ကျောင်းသူတွေနဲ့ တွေ့ဆုံဆွေးနွေးပွဲ တရပ် ပြုလုပ်ခဲ့ပါတယ် ။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်

#ABFSU #ရေစကြို #တွေ့ဆုံဆွေးနွေးပွဲ #studentsunion
ရေစကြိုနှင့် မြိုင်ကျောင်းသားများသမဂ္ဂမှ အိုးတိန်တွင်းဖြစ်စဉ်အတွင်း ကျဆုံးသွားသူများ၏ ကျန်ရစ်သူမိသားစုအား လှူဒါန်း

မေလ ၁၉ ရက်၊ ၂၀၂၅ ခုနှစ်

ရေစကြိုမြို့နယ်ကျောင်းသားများသမဂ္ဂနဲ့ မြိုင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ပူးပေါင်းပြီး မေလ ၁၂ ရက်နေ့မှာ စစ်ကောင်စီရဲ့ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတဲ့ ဒီပဲယင်းမြိုနယ်၊ အိုးတိန်တွင်းကျေးရွာ စာသင်ကျောင်းအတွင်းမှာ သေဆုံးသွားခဲ့တဲ့ ကျောင်းသား ၂၂ ယောက်နဲ့ ဆရာမ ၂ ယောက်ရဲ့ ကျန်ရစ်သူမိသားစုဝင်တွေထံ တအိမ်ထောင်ကို ရှစ်သောင်းကျပ်စီနဲ့ စုစုပေါင်း ငွေ ၁၉ သိန်း ၂သောင်းကျပ် သွားရောက်ပေးအပ်ကူညီခဲ့ပါတယ်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်

#ABFSU #ရေစကြို #မြိုင် #Airstrikes #Militaryatrocities #studentsunion #အိုးတိန်တွင်း
ဗမာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများသမဂ္ဂ တည်ထောင်ခြင်း တနှစ်ပြည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ

သ၀ဏ်လွှာအမှတ် - ၉/ဗကသ/၂၀၂၅
ရက်စွဲ - ၂၀၂၅ ခုနှစ်၊ ဇွန်လ ၆ ရက်

ဗဟိုစည်းရုံးရေးကော်မတီ
ဗကသများအဖွဲ့ချုပ်

#ABFSU #ABWU #အမျိုးသမီးသမဂ္ဂ #‌ဗမသ
"လည်ပင်းနဲ့ဓား အတူယှဉ်တွဲနေထိုင်လို့မရ" စာသားပါ ဘန်နာချိတ်ဆွဲ၍ ကျောင်းသားထုလှုပ်ရှားမှုတရပ် ပြုလုပ်

ဇွန်လ ၈ရက်၊ ၂၀၂၅

ယင်းမာပင်မြို့နယ်ထဲက အများပြည်သူသွားလာနေတဲ့ လမ်းပိုင်းတနေရာမှာ "လည်ပင်းနဲ့ဓား အတူယှဉ်တွဲနေထိုင်လို့မရ" စာသားပါဘန်နာကို ချိတ်ဆွဲပြီး ယင်းမာပင်မြို့နယ်ကျောင်းသားများသမဂ္ဂနဲ့ ပုလဲမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပူးပေါင်းပြုလုပ်ခဲ့ကြပါတယ်။

၂၀၂၅၊ မေလအတွင်းမှာ စစ်တပ်အထိုင်ချရာနေရာ၊ စစ်ကောင်စီစိုးမိုးဒေသတွေနဲ့ နီးစပ်ဒေသအချို့မှာ စစ်ကောင်စီက စာသင်ကျောင်း၊ ဘကကျောင်းတွေ ပြန်လည်ဖွင့်လှစ်ရေး ဗန်းပြပြီး ဒေသခံကျောင်းသားကျောင်းသူတွေနဲ့ သူတို့ရဲ့မိဘတွေရဲ့ အိမ်ထောင်စုစာရင်းနဲ့ အခြားအချက်အလက်တွေကို အတင်းအဓမ္မကောက်ခံနေပါတယ်။

တဆက်တည်းမှာပဲ ကျောင်းတွေမှာ အတန်းကျော်တက်နိုင်ရေးအတွက် ပိုက်ဆံကောက်ခံတာ၊ စစ်ကောင်စီနဲ့နီးစပ်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေက သူတို့လုပ်ငန်းလည်ပတ်‌ရေးအတွက် ဒေသခံတွေကို ငွေကြေးပေးပြီး မသမာတဲ့ နည်းလမ်းနဲ့ လက်ဝါးကြီးအုပ်တာတွေ ပြုလုပ်နေကြပါတယ်။

‌ဒီအ‌ခြေအနေတွေကြောင့် ဒေသခံပြည်သူလူထုလည်း စိုးရိမ်နေရပြီး ဗကသများအဖွဲ့ချုပ်အနေနဲ့ စစ်ဗျူရိုကရေစီယန္တရားရဲ့ ဖိနှိပ်မှုတွေကို ဆန့်ကျင်ဖို့ ဒီဘန်နာကို ချိတ်ဆွဲ၊ ဆန္ဒပြလှုပ်ရှားခဲ့ကြပါတယ်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်

#ABFSU #ယင်းမာပင် #ပုလဲ #studentsunion #studentsmovement #WhatshappeninginMyanmar
မြိုင်မြို့နယ်တွင် ဗကသများအဖွဲ့ချုပ်မှ လေကြောင်းအန္တရာယ်ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲနှင့် သရုပ်ပြခြင်းများ ပြုလုပ်

ဇွန်လ ၈ရက်၊ ၂၀၂၅

ရေစကြိုမြို့နယ်ကျောင်းသားသမဂ္ဂနှင့် မြိုင်မြို့နယ်ကျောင်းသားသမဂ္ဂ ပူးပေါင်းပြီး မြိုင်မြို့နယ်ရှိ ပြည်သူ့အခြေပြုကျောင်းတကျောင်းမှာ လေကြောင်းအန္တရာယ်ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲတရပ် ကျင်းပခဲ့ကြပါတယ်။

ဒီဆွေးနွေးပွဲမှာတော့ ကျောင်းသားကျောင်းသူတွေအနေနဲ့ လေကြောင်းအန္တရာယ် ကြုံတွေ့ရစဉ်မှာ ဘေးအန္တရာယ်ကင်းစွာ နေထိုင်နိုင်ရေး၊ စနစ်ကျစွာ နေထိုင်နိုင်ရေးတို့အတွက် သရုပ်ပြလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်

#ABFSU #ရေစကြို #မြိုင် #လေကြောင်းအန္တရာယ်
ဗကသများအဖွဲ့ချုပ် ဗဟိုစည်းရုံးရေးကော်မတီနှင့် လုပ်ငန်းကော်မတီအရပ်ရပ်တွင် တာဝန်ပေးအပ်ခြင်း
___

အောက်ပါရဲဘော်များအား ဗကသများအဖွဲ့ချုပ် ဗဟိုစည်းရုံးရေးကော်မတီနှင့် သက်ဆိုင်ရာ လုပ်ငန်းကော်မတီအရပ်ရပ်တွင် တာဝန်ထမ်းဆောင်ရန် တာဝန်ပေးအပ်လိုက်သည်။

ကိုဝေယံဖြိုးမိုး (တွဲဘက်အတွင်းရေးမှူး - ၃၊ ဗဟိုစည်းရုံးရေးကော်မတီ)
ကိုသန့်ဇင် (အဖွဲ့ဝင်၊ ဗဟိုစည်းရုံးရေးကော်မတီ)၊ (အဖွဲ့ဝင်၊ နိုင်ငံခြားရေးရာကော်မတီ)
မသီရိဇော် (အဖွဲ့ဝင်၊ ဗဟိုစည်းရုံးရေးကော်မတီ)၊ (အဖွဲ့ဝင်၊ သတင်းနှင့်ပြန်ကြားရေးကော်မတီ)
ကိုဘချို (အဖွဲ့ဝင်၊ သတင်းနှင့်ပြန်ကြားရေးကော်မတီ)
မသွန်းသီရိသူ (အဖွဲ့ဝင်၊ နိုင်ငံခြားရေးရာကော်မတီ)
ကိုစွမ်းရည်လင်း (အဖွဲ့ဝင်၊ လူထုလုပ်ငန်းကော်မတီ)
ကိုထက်သူရ (အဖွဲ့ဝင်၊ လူထုလုပ်ငန်းကော်မတီ)
မနုငယ် (အဖွဲ့ဝင်၊ လူထုလုပ်ငန်းကော်မတီ)
ကိုသူရိန်ဇော်လင်း (အဖွဲ့ဝင်၊ လူထုလုပ်ငန်းကော်မတီ)
မယုသိင်္ဂီ (အဖွဲ့ဝင်၊ မှတ်တမ်းနှင့်သုတေသနရေးရာကော်မတီ)

ဗဟိုစည်းရုံးရေးကော်မတီ
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်

#ABFSU #ဗကသ