All Burma Federation Of Student Unions
1.15K subscribers
7.81K photos
108 videos
642 links
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ၏ တရားဝင် တယ်လီဂရမ်ချန်နယ် ဖြစ်ပါသည်။
Download Telegram
ဗကသများအဖွဲ့ချုပ်မှ အပြည်ပြည်ဆိုင်ရာအလုပ်သမားများနေ့ အထိမ်းအမှတ် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုံ့ဆော်မှု ပြုလုပ်

မေလ ၂ ရက်၊ ၂၀၂၅ ခုနှစ်

မေလ (၁)ရက်နေ့မှာ ဗကသများအဖွဲ့ချုပ်က ရန်ကုန်မြို့တနေရာမှာ "လုပ်အားစိုက်ထုတ်သူများ၊ တိုက်ပွဲအတွင်းသို့လာကြ" စာတန်းပါ ဘန်နာတခုကို ချိတ်ဆွဲခဲ့ပါတယ်။ ဒီလှုပ်ရှားမှုနဲ့အတူ မနေ့က ကျရောက်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာအလုပ်သမားများနေ့ကို ဂုဏ်ပြုလိုက်ပြီး နိုင်ငံတဝှမ်းမှာရှိတဲ့ အဖိနှိပ်ခံအလုပ်သမားထုနဲ့အတူ လူထုတရပ်လုံးလွတ်မြောက်ဖို့ရာ တိုက်ပွဲဝင်ကြဖို့ လှုံ့ဆော်ခဲ့ပါတယ်။

စစ်အာဏာရှင်စနစ် တည်မြဲနေသ၍တော့ အလုပ်သမားအခွင့်အရေး၊ ကျောင်းသားအခွင့်အရေး၊ လူ့အခွင့်အရေးဆိုတာ မရှိနိုင်ပါဘူး။ ဒါ့ကြောင့် စစ်သုံးစစ် အမြစ်ပြတ်သည်အထိ ကျောင်းသားထု၊ အလုပ်သမားထုအပြင် ပြည်သူလူထုတရပ်လုံး တွဲလက်ညီညီနဲ့ ဆက်လက်ဆန့်ကျင်တော်လှန်သွားကြဖို့ လိုအပ်ကြောင်း လှုံ့ဆော်လိုက်ရပါတယ်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်

#ABFSU #Yangon #MayDay #Workersday
ကနီမြို့နယ်တွင် ဗကသများအဖွဲ့ချုပ်က မေဒေးအထိမ်းအမှတ်အဖြစ် ဆွေးနွေးပွဲတရပ်ကျင်းပ

မေလ ၁ ရက်၊ ၂၀၂၅

ကနီမြို့နယ်ရှိ ပြည်သူ့အခြေပြုကျောင်းသားသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ဦးဆောင်ပြီး ကမ္ဘာ့အလုပ်သမားနေ့ (မေဒေး) အထိမ်းအမှတ်ကို ဂုဏ်ပြုသောအားဖြင့် ဆွေးနွေးပွဲတရပ် ပြုလုပ်ခဲ့ကြပါတယ်။

ဆွေးနွေးပွဲမှာ ရဲဘော်တွေက မေဒေးနေ့နဲ့ပတ်သက်တဲ့ သမိုင်း၊ သမဂ္ဂလုပ်ငန်းစဉ်တွေနဲ့ လက်ရှိတော်လှန်ရေး အခြေအနေတွေအကြောင်း ဆွေးနွေးခဲ့ကြပါတယ်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်

#ABFSU #ကန#ဆွေးနွေးပွဲ #MayDay #Workersday