All Burma Federation Of Student Unions
1.15K subscribers
7.73K photos
108 videos
642 links
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ၏ တရားဝင် တယ်လီဂရမ်ချန်နယ် ဖြစ်ပါသည်။
Download Telegram
မသဥ္ဇာဟိန်း ကျဆုံးခြင်း လေးနှစ်ပြည့် အခမ်းအနားကို ကနီမြို့နယ်ကျောင်းသားများသမဂ္ဂက ပြုလုပ်

မတ်လ ၂၉၊ ၂၀၂၅

ကနီမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ဦးဆောင်ပြီး မသဥ္ဇာဟိန်း ကျဆုံးခြင်း လေးနှစ်ပြည့်အခမ်းအနားတရပ်ကို မတ်လ ၂၈ ရက်နေ့က ကနီမြို့နယ်မှာ ပြုလုပ်ခဲ့ပါတယ်။

အဆိုပါ အခမ်းအနားမှာ လွမ်းသူ့ပန်းခွေများချခြင်း၊ ဒေသခံကာကွယ်ရေးတပ်က သေနတ်ပစ်ဖောက် အလေးနီပြုခြင်း၊ လူထုသပိတ်တရား ဟောပြောခြင်း၊ ကဗျာများရွတ်ဖတ်ခြင်းတို့ ပြုလုပ်ခဲ့ကြပါတယ်။

အခမ်းအနားကို ကနီမြို့နယ်အတွင်းက ပြည်သူ့အခြေပြုကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ရဲဘော်များ၊ ဆရာဆရာမများ၊ ပြည်သူလူထု၊ ကျေးရွာ ပကဖ/ပအဖ ရဲဘော်များနဲ့ မြို့နယ်ပကဖ တာဝန်ခံများ တက်ရောက်ခဲ့ကြပါတယ်။

#ABFSU #KNSU #မသဉ္ဇာဟိန်း
ဖက်ဆစ်တော်လှန်ရေးနေ့ နှစ် (၈၀) ပြည့် အထိမ်းအမှတ်အဖြစ် ဗကသမှ ကနီမြို့နယ်တွင် လှုပ်ရှားမှုပြုလုပ်

မတ် လ ၂၇ ရက်၊ ၂၀၂၅ ခုနှစ်

ဖက်ဆစ်တော်လှန်ရေးနေ့ နှစ် (၈၀) ပြည့် အထိမ်းအမှတ်အဖြစ် ကနီမြို့နယ်ရှိပြည်သူ့အခြေပြုကျောင်းသားသမဂ္ဂနှစ်ရပ်မှ ကနီမြို့နယ်ရှိ ကျေးရွာနှစ်ရွာမှာ လက်ကမ်းစာစောင်များဝေငှခဲ့ကြပါတယ် ။

သမဂ္ဂရဲဘော်များမှ ဒေသခံ ပြည်သူတွေ ကျောင်းသားတွေအပါအဝင် ကာကွယ်ရေးအဖွဲ့‌တွေကိုလည်း လက်ကမ်းစာစောင်‌
တွေဝေငှခဲ့ကြပါတယ် ။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်

#ABFSU #AntiFascistDay #StudentsMovement
ဖက်ဆစ်တော်လှန်ရေးနေ့ နှစ် (၈၀) ပြည့် အထိမ်းအမှတ်အဖြစ် ဗကသမှ ကနီမြို့နယ်တွင် တွေ့ဆုံဆွးနွေးပွဲတရပ်ပြုလုပ်

မတ် လ ၂၇ ရက်၊ ၂၀၂၅ ခုနှစ်

ဖက်ဆစ်တော်လှန်ရေးနေ့ နှစ် (၈၀) ပြည့် အထိမ်းအမှတ်အဖြစ် ကနီမြို့နယ်ရှိပြည်သူ့အခြေပြုကျောင်းသားသမဂ္ဂများမှ တွေ့ဆုံ ဆွေးနွေးပွဲတရပ်ပြုလုပ်ခဲ့ပါတယ် ။

ဆွေးနွေးပွဲတွင် သမဂ္ဂရဲဘော်များမှဖက်ဆစ်စနစ်အကြောင်း၊လက်ရှိတော်လှန်ရေးအခြေအနေတွေ ၊ သမဂ္ဂလုပ်ငန်းတွေနဲ့ပတ်သက်ပြီး အပြန်အလှန် ဆွေးနွေးခဲ့ကြပါတယ် ။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်

#ABFSU #AntiFascistDay #StudentsMovement