ဖက်ဆစ်တော်လှန်ရေးနေ့ နှစ် (၈၀) ပြည့် အထိမ်းအမှတ်အဖြစ် ဗကသနှင့် ဗမသမှ ရန်ကုန်မြို့အတွင်း လှုပ်ရှားမှုပြုလုပ်
မတ် လ ၂၇ ရက်၊ ၂၀၂၅ ခုနှစ်
ဖက်ဆစ်တော်လှန်ရေးနေ့ နှစ် (၈၀) ပြည့် အထိမ်းအမှတ်အဖြစ် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်နဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများ သမဂ္ဂတို့ စုပေါင်းပြီး ရန်ကုန်မြို့တနေရာမှာ နိုင်ငံရေးဟောပြောမှု လှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ကြပါတယ်။
ဖက်ဆစ်နယ်ချဲ့ကို တော်လှန်ခဲ့တဲ့နေ့အဖြစ် သတ်မှတ်ခံခဲ့ရတဲ့ ဒီလိုနေ့ထူးနေ့မြတ်ကို နေဝင်းစစ်အစိုးရက တပ်မတော်နေ့လို့ အမည်ပြောင်းသိမ်းပိုက်ခဲ့တာတွေနဲ့ စစ်အုပ်စုအဆက်ဆက်ရဲ့ ဖိနှိပ်မှုတွေကို လူထုသိအောင် အသိပေးပြောကြားခဲ့ပြီး တဆက်တည်းမှာပဲ ဒီစစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ချေမှုန်းကြဖို့ရာ နှိုးဆော်ထားပါတယ်။
သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်
#ABFSU #AntiFascistDay #StudentsMovement #WomensMovement

ဖက်ဆစ်တော်လှန်ရေးနေ့ နှစ်(၈၀)ပြည့် အထိမ်းအမှတ်အဖြစ် ပုလဲမြို့တွင် ဗကသက စာစောင်များဖြန့်ဝေ
မတ်လ ၂၇ ရက်၊ ၂၀၂၅ ခုနှစ်
ပုလဲမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ပုလဲမြို့နယ်မှာရှိတဲ့ ပြည်သူ့အခြေပြုကျောင်းတကျောင်းက ကျောင်းသားတွေ၊ ဆရာဆရာမတွေနဲ့ ဒေသခံပြည်သူတွေကို ဖက်ဆစ်တော်လှန်ရေးနေ့ နှစ်(၈၀)ပြည့် အထိမ်းအမှတ်အဖြစ် တော်လှန်ရေးနေ့ သမိုင်းကြောင်းများကို မျှဝေတဲ့ စာစောင်တွေ ဖြန့်ဝေခဲ့ကြပါတယ်။
သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်
#ABFSU #AntiFascistDay #ဖက်ဆစ်တော်လှန်ရေးနေ့ #studentsmovement

ဖက်ဆစ်တော်လှန်ရေးနေ့ နှစ်(၈၀)ပြည့်အဖြစ် တနင်္သာရီမြို့နယ်တနေရာတွင် ဗကသမှ တော်လှန်ရေးရုပ်ရှင်ပြသ
မတ်လ ၂၈ ရက်၊ ၂၀၂၅ ခုနှစ်
တနင်္သာရီမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ဦးဆောင်ပြီး မနေ့ည တနင်္သာရီမြို့နယ် တနေရာမှာ ဖက်ဆစ်တော်လှန်ရေးနေ့ နှစ်(၈၀)ပြည့် အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေး တော်လှန်ရုပ်ရှင်ကို ပြသခဲ့ပါတယ်။
သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်
#ABFSU #ဖက်ဆစ်တော်လှန်ရေးနေ့ #AntiFascistDay

ဖက်ဆစ်တော်လှန်ရေးနေ့ နှစ် (၈၀) ပြည့် အထိမ်းအမှတ်အဖြစ် ဗကသမှ ကနီမြို့နယ်တွင် လှုပ်ရှားမှုပြုလုပ်
မတ် လ ၂၇ ရက်၊ ၂၀၂၅ ခုနှစ်
ဖက်ဆစ်တော်လှန်ရေးနေ့ နှစ် (၈၀) ပြည့် အထိမ်းအမှတ်အဖြစ် ကနီမြို့နယ်ရှိပြည်သူ့အခြေပြုကျောင်းသားသမဂ္ဂနှစ်ရပ်မှ ကနီမြို့နယ်ရှိ ကျေးရွာနှစ်ရွာမှာ လက်ကမ်းစာစောင်များဝေငှခဲ့ကြပါတယ် ။
သမဂ္ဂရဲဘော်များမှ ဒေသခံ ပြည်သူတွေ ကျောင်းသားတွေအပါအဝင် ကာကွယ်ရေးအဖွဲ့တွေကိုလည်း လက်ကမ်းစာစောင်
တွေဝေငှခဲ့ကြပါတယ် ။
သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်
#ABFSU #AntiFascistDay #StudentsMovement

ဖက်ဆစ်တော်လှန်ရေးနေ့ နှစ် (၈၀) ပြည့် အထိမ်းအမှတ်အဖြစ် ဗကသမှ ကနီမြို့နယ်တွင် တွေ့ဆုံဆွးနွေးပွဲတရပ်ပြုလုပ်
မတ် လ ၂၇ ရက်၊ ၂၀၂၅ ခုနှစ်
ဖက်ဆစ်တော်လှန်ရေးနေ့ နှစ် (၈၀) ပြည့် အထိမ်းအမှတ်အဖြစ် ကနီမြို့နယ်ရှိပြည်သူ့အခြေပြုကျောင်းသားသမဂ္ဂများမှ တွေ့ဆုံ ဆွေးနွေးပွဲတရပ်ပြုလုပ်ခဲ့ပါတယ် ။
ဆွေးနွေးပွဲတွင် သမဂ္ဂရဲဘော်များမှဖက်ဆစ်စနစ်အကြောင်း၊လက်ရှိတော်လှန်ရေးအခြေအနေတွေ ၊ သမဂ္ဂလုပ်ငန်းတွေနဲ့ပတ်သက်ပြီး အပြန်အလှန် ဆွေးနွေးခဲ့ကြပါတယ် ။
သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်
#ABFSU #AntiFascistDay #StudentsMovement
မတ် လ ၂၇ ရက်၊ ၂၀၂၅ ခုနှစ်
ဖက်ဆစ်တော်လှန်ရေးနေ့ နှစ် (၈၀) ပြည့် အထိမ်းအမှတ်အဖြစ် ကနီမြို့နယ်ရှိပြည်သူ့အခြေပြုကျောင်းသားသမဂ္ဂများမှ တွေ့ဆုံ ဆွေးနွေးပွဲတရပ်ပြုလုပ်ခဲ့ပါတယ် ။
ဆွေးနွေးပွဲတွင် သမဂ္ဂရဲဘော်များမှဖက်ဆစ်စနစ်အကြောင်း၊လက်ရှိတော်လှန်ရေးအခြေအနေတွေ ၊ သမဂ္ဂလုပ်ငန်းတွေနဲ့ပတ်သက်ပြီး အပြန်အလှန် ဆွေးနွေးခဲ့ကြပါတယ် ။
သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်
#ABFSU #AntiFascistDay #StudentsMovement
Daly City ဗမာကျောင်းသားသမဂ္ဂမှ ဖက်ဆစ်တော်လှန်ရေးနေ့အထိမ်းအမှတ် ဆန္ဒပြပွဲကို ဆန်ဖရန်စစ်စကိုမြို့မှာ ပြုလုပ်
မတ်လ ၃၁ရက်၊ ၂၀၂၅
Daly City ဗမာကျောင်းသားသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဦးဆောင်ပြီး မတ်လ ၃၁ရက်နေ့က ဆန်ဖရန်စစ်စကို ဖယ်ဒရယ်အဆောက်အဦးရှေ့တွင် မဟာမိတ်အဖွဲ့အစည်းများနဲ့အတူ ဖက်ဆစ်တော်လှန်ရေးနေ့အထိမ်းအမှတ် ဆန္ဒပြပွဲကို ကျင်းပပြုလုပ်ခဲ့ကြပါတယ်။
ဆန္ဒပြပွဲမှာ ကျောင်းသားများ၊ ဗမာပြည်သူများနဲ့အတူ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများဖြစ်တဲ့ International League of People’s Struggle (ILPS), International Migrants Alliance (IMA), Trabajadores Unidos Workers United (TUWU), Resist US Led Wars, Students for Justice in Palestine (SJP) တို့ကပါဝင်အားဖြည့်ခဲ့ကြပြီး ဖိနှိပ်ခံပြည်သူများ၊ အလုပ်သမားများ၊ ရွှေ့ပြောင်းအလုပ်သမားများ၊ ကျောင်းသားလူငယ်များ၊ ပြည်သူ့တော်လှန်ရေးများအကြောင်းနဲ့အတူ ဗမာပြည်သူများနဲ့ ရပ်တည်ကြောင်း စာတမ်းများကို ပြောကြားသွားခဲ့ကြပါတယ်။
ဖက်ဆစ်စနစ် တိုက်ဖျက်ရေး၊ စစ်သုံးစစ် တိုက်ဖျက်ရေး၊ မတရားစစ်မှုထမ်းဥပဒေ တိုက်ဖျက်ရေး၊ လေယာဥ်ဆီဖြတ်တောက်ရေးတို့ကို တောင်းဆိုခဲ့ကြပြီး ဖက်ဆစ်စနစ်ဆိုးတွေအောက်မှာ ပြည်သူလူထုရဲ့အသက်တွေပေးဆက်နေရမှုကို သရုပ်ဖော်ခဲ့ကြပါတယ်။ ငလျင်ဘေးသင့် ပြည်သူများအတွက် အလှူငွေများကိုလည်း ကောက်ခံခဲ့ကြပါတယ်။
Daly City ဗမာကျောင်းသားသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က “ကပ်ကိုလည်း အတူကျော်ရင်း တပ် (စကစ) ကိုလည်း အတူဆော်” ဖို့ဆိုတဲ့ ဗကသရဲ့ နှိုးဆော်မှုအတိုင်း ပြည်သူလူထုကို ဆက်လက်တိုက်တွန်းပြီး နှိုးဆော်ခဲ့ကြပါတယ်။
📸: @mugsy.rock
#ABFSU #ဗကသ #ဖက်ဆစ်တော်လှန်ရေးနေ့ #AntiFascistDay