၂၀၂၅၊ မတ်လ ၂၈ ရက်က ဖြစ်ပွားခဲ့သည့် ငလျင်လှုပ်ခတ်မှုနှင့် နောက်ဆက်တွဲအခြေအနေများအပေါ် ဗကသများအဖွဲ့ချုပ်၏ သဘောထားထုတ်ပြန်ချက်
မတ်လ ၂၉၊ ၂၀၂၅
ဗဟိုစည်းရုံးရေးကော်မတီ
ဗကသများအဖွဲ့ချုပ်
#ABFSU #earthquake
မတ်လ ၂၉၊ ၂၀၂၅
ဗဟိုစည်းရုံးရေးကော်မတီ
ဗကသများအဖွဲ့ချုပ်
#ABFSU #earthquake
ရဲဘော်နဲ့ ပြည်သူများ သတိကြီးကြီးထားကြလော့
ရန်သူစစ်အုပ်စုက သဘာဝဘေး (ငလျင်) ကို အသုံးချပြီး လူသားချင်းစာနာမှု အကူအညီတွေ ပေးအပ်ဖို့ နိုင်ငံတကာကို တောင်းခံနေတယ်။ ဒါဟာ ရန်သူစစ်အုပ်စုအနေနဲ့ သဘာဝဘေးကို အသုံးချပြီး နိုင်ငံတကာဆက်ဆံရေးကဏ္ဍ တိုးချဲ့နိုင်ရေး ကြိုးပမ်းမှုလုပ်တာပါပဲ။ အောင်သူငြိမ်း တို့လို ငြိမ်းချမ်းရေးပွဲစားတွေ၊ မောင်မောင်စိုး တို့လို ငြိမ်းချမ်းရေးအချောင်သမားတွေကလည်း စစ်အုပ်စုနဲ့ညှိနှိုင်းဖို့၊ စကစနဲ့ ရင်ကြားစေ့ဖို့ကို အချိန်ကိုက်လှုံ့ဆော်နေတယ်။ ဒီလူတွေက မျက်တောင်မွှေးတဆုံးပဲကြည့်ပြီး လူမျိုးပေါင်းစုံ ပြည်သူလူထုအပေါ် နှစ်ပေါင်းများစွာ ဖိနှိပ်ရက်စက် သတ်ဖြတ်ခဲ့တဲ့ ရန်သူစစ်အုပ်စုရဲ့ လုပ်ရပ်တွေကို သင်ပုန်းချေခိုင်းတာပါပဲ။ သဘာဝဘေးဖြစ်နေချိန် (ငလျင်လှုပ်နေချိန်) နဲ့ ဖြစ်အပြီးမှာတောင် ပြည်သူလူထုအပေါ် ရက်ရက်စက်စက် ဗုံးကြဲသတ်ဖြတ်နေတဲ့၊ ပေါ်တာဆွဲဖမ်းဆီးနေတဲ့ ဖက်ဆစ်တပ်ကို ညှိနှိုင်းဖို့ ရင်ကြားစေ့ဖို့ဆိုတဲ့ လှုံ့ဆော်တိုက်တွန်းမှုဟာ ပြည်သူလူထုရဲ့ နိုင်ငံရေးနိုးကြားမှု၊ ပြည်သူလူထုရဲ့ ရုန်းကန်မှုကို စော်ကားတာပါပဲ။ ပြည်သူကို လိမ်ညာဖို့ ကြိုးပမ်းတာပါပဲ။ ဒါဟာ ပြည်သူ့တော်လှန်ရေးကို သစ္စာဖောက်ဖို့ နှိုးဆော်တဲ့တိုက်တွန်းချက်ပဲ။ အတော့်ကို အန္တရာယ်ကြီးပါတယ်။
ဒီအချိန်မှာ ပြည်သူလူထုအတွက် ငလျင်ဘေး ကူညီကယ်ဆယ်ရေး အရေးပေါ်တုန့်ပြန်မှုတွေကို ထိထိရောက်ရောက် (မဖြစ်မနေ) လုပ်ကြရမှာပါ။ ဒါကို ချွင်းချက်မရှိပါဘူး။ ကျနော်တို့လည်း သဘာဝဘေး၊ စစ်ဘေး ကူညီကယ်ဆယ်ရေးတွေကို အရင်ကလည်းလုပ်ခဲ့ အခုလည်းလုပ်နေပါတယ်။ ဒါပေမယ့် ဒီကပ်ဘေးကြောင့်နဲ့တော့ ရန်သူစစ်အုပ်စုနဲ့ ရင်ကြားစေ့ရမယ်၊ ညှိနှိုင်းရမယ်၊ လူမျိုးပေါင်းစုံ ပြည်သူလူထုအပေါ် ရန်သူစစ်အုပ်စုရဲ့ နှစ်ပေါင်းများစွာ ဖိနှိပ်ရက်စက်မှုတွေကို သင်ပုန်းချေပြီး ပိုနေမြဲ ကျားနေမြဲ ခရီးဆက်ရမယ်ဆိုတာမျိုးက (ဒီနိုင်ငံမှာ အနာဂတ်ရှိသေးတယ် ထင်ရင်တော့) လုံးဝမဖြစ်နိုင်ပါဘူး။ ငြိမ်းချမ်းရေးပွဲစားတွေ၊ ငြိမ်းချမ်းရေးအချောင်သမားတွေရဲ့ ထင်ယောင်ထင်မှားဖြစ်စေနိုင်တဲ့ အချိန်ကိုက်လှုံ့ဆော်မှုတွေနဲ့ ကပ်ဘေးကိုအသုံးချပြီး နိုင်ငံတကာဆက်ဆံရေးကဏ္ဍကို တည်ဆောက်နေတဲ့ ရန်သူစစ်အုပ်စုရဲ့ ကြိုးပမ်းမှုတွေကို မျက်ခြေမပြတ်ဘဲ သတိကြီးကြီးထားသင့်ပါတယ်။
သဘာဝဘေးတွေကို ပရဟိတ ကူညီကယ်ဆယ်ရေးလောက်နဲ့ ခရီးဆက်ရတဲ့စနစ်မျိုးကိုလည်း ဒီကပ်ဘေးကြီးနဲ့အတူ ကျနော်တို့ ချန်ထားခဲ့နိုင်ရမယ်။ ဒီလိုအခြေအနေတွေကို ကျော်လွှားနိုင်ဖို့က ဘုံရန်သူကို ချေမှုန်းပြီး အဖိနှိပ်ခံပြည်သူလူထုကို ကိုယ်စားပြုတဲ့ ပြည်သူ့အာဏာကို မဖြစ်မနေ တည်ဆောက်နိုင်ဖို့ လိုအပ်တယ်။ နိုင်ငံရေးအာဏာဟာ ပြည်သူ့လက်ထဲမှာ ရှိကိုရှိရမယ်။ ဒါကို တော်လှန်ရေးအင်အားစု အသီးသီးက ကျောချင်းကပ် ရင်ချင်းအပ်ပြီး အချင်းချင်း လက်တွဲဆောင်ရွက်ရမှာပါ။ လက်ရှိမှာတော့ ပြည်သူမှာ ပြည်သူပဲ ရှိပါတယ်။ ဒါ့ကြောင့် ကျနော်တို့ ပြည်သူလူထုအနေနဲ့ “ကပ်ကိုလည်း အတူကျော်ရင်း တပ် (စကစ) ကိုလည်း အတူဆော်” ဖို့ လိုအပ်နေဆဲဖြစ်ကြောင်းပါခင်ဗျား … ။
မင်းခန့်နိုင်
အထွေထွေအတွင်းရေးမှူး
ဗဟိုစည်းရုံးရေးကော်မတီ
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်

ငလျင်ဘေးသင့်ပြည်သူများအတွက် လှူဒါန်းရန်နှိုးဆော်ခြင်း
၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်၊ သောကြာနေ့မှာ စစ်ကိုင်းမြို့နဲ့ မန္တလေးမြို့အနီးတဝိုက် အလယ်ပိုင်းဒေသကို ဗဟိုပြုပြီး အင်အား ၇.၇ ရှိတဲ့ အင်အားပြင်းမြေငလျင်တစ်ခု နိုင်ငံတစ်ဝန်း လှုပ်ခတ်ခဲ့ပါတယ်။ ၎င်းအင်အားပြင်းငလျင်ဒဏ်ကြောင့် သေဆုံးသူ၊ ထိခိုက်ဒဏ်ရာရသူနဲ့ ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေ များပြားပြီး နောက်ဆက်တွဲ ထိခိုက်သေဆုံးမှု စာရင်းကလည်း ဆက်လက်မြင့်တက်နေဆဲပါ။
ဒီလိုအခြေအနေမှာ ရှာဖွေကယ်ဆယ်ရေးနှင့် ပြန်လည်တည်ထောင်ရေးလုပ်ငန်းတွေအတွက် ကူညီထောက်ပံ့မှုတွေ အပူတပြင်းလိုအပ်နေပါတယ်။
ဗကသများအဖွဲ့ချုပ်အနေနဲ့ ငလျင်ဘေးသင့်ပြည်သူများအတွက် သက်ဆိုင်ရာချိတ်ဆက်ထားတဲ့ ယုံကြည်ရတဲ့ မြေပြင်အဖွဲ့အစည်းတွေ၊ ဒေသခံအဖွဲ့အစည်းတွေကို ကူညီထောက်ပံ့နိုင်ရန်အတွက် စုပေါင်းအလှူငွေကောက်ခံနေပါတယ်။ ယခုချိန်အထိ လာရောက်ဆက်သွယ် ကူညီထောက်ပံ့ကြသူ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်း တဦးချင်း တဖွဲ့ချင်းကိုလည်း အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။
ကမ္ဘာအနှံ့က ကျောင်းသားကျောင်းသူများ၊ မိဘပြည်သူများအနေဖြင့်လည်း တတ်စွမ်းသရွေ့ ပါဝင်လှူဒါန်းနိုင်ကြပါရန် ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ်မှ ဖိတ်ခေါ်ပန်ကြားအပ်ပါတယ်။
ပါဝင်လှူဒါန်းလိုသူတွေအနေနဲ့ ဗကသများအဖွဲ့ချုပ်ရဲ့ Facebook Page ကိုဆက်သွယ်ပြီး လှူဒါန်းနိုင်ပါတယ်။
ဗကသများအဖွဲ့ချုပ်
Call for Donations for Earthquake-Affected Communities
On Friday, March 28, 2025, a powerful 7.7 magnitude earthquake struck the central region of Myanmar, centering near Sagaing and Mandalay. The earthquake caused significant casualties and damage.
Urgent assistance is needed for search, rescue, and recovery efforts.
The All Burma Federation of Student Unions (ABFSU) is collecting donations to support trusted local organizations aiding earthquake victims. We would like to express our deep gratitude to each individual and organization who have contributed so far.
We kindly request students, families, and the public worldwide to join us in solidarity and contribute as generously as possible.
Those who wish to donate can do so by contacting the All Burma Federation of Student Unions Facebook page.
All Burma Federation of Student Unions (ABFSU)
#ABFSU #UYSU #StudentsWithoutBorder #earthquake #WhatsHappeningInMyanmar