ဗကသများအဖွဲ့ချုပ်မှ ရန်ကုန်မြို့တွင် လျှပ်စစ်မီးပြတ်တောက်ခြင်းကို ဆန့်ကျင်သည့် လှုပ်ရှားမှု ပြုလုပ်
ဇန်နဝါရီလ ၁၆ ရက်၊ ၂၀၂၅
ယနေ့ ဇန်နဝါရီလ ၆ရက်နေ့တွင် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ရန်ကုန်မြို့တနေရာတွင် “ဗုံးမကြဲနဲ့ မီးပေး” ဟူသည့် စာတမ်းချိတ်ဆွဲသည့် လှုပ်ရှားမှု တရပ်ပြုလုပ်ခဲ့ပါသည်။ နိုင်ငံတဝှမ်း လျှပ်စစ်မီးပြတ်တောက်မှု ဒဏ်ကို ခံစားနေရသည့် ပြည်သူလူထု၏ ဒုက္ခကို ဖော်ထုတ်ပြီး နိုင်ငံ့ဘဏ္ဍာအား လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရန် အသုံးပြုမည့်အစား ပြည်သူလူထုကို အကြမ်းဖက် ဗုံးကြဲသတ်ဖြတ်ရန် အသုံးပြုနေသည့် စစ်ကောင်စီ၏ လုပ်ရပ်ကို ရှုတ်ချသည့်အနေဖြင့် ယခုလှုပ်ရှားမှုကို လုပ်ဆောင်ရခြင်းဖြစ်ပါသည်။
သတင်းနှင့် ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်
#ABFSU #AirStrikes #PowerCut

တနင်္သာရီမြို့နယ်ကျောင်းသားများသမဂ္ဂမှ တနင်္သာရီမြို့နယ်အတွင်း လေကြောင်းရန်ကာကွယ်နည်း ပန်းဖလက်များ ဖြန့်ဝေ
ဇန်နဝါရီလ ၁၈ရက်၊ ၂၀၂၅
တနင်္သာရီမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)မှ လေကြောင်းရန်ကာကွယ်နည်းများ ပန်းဖလက်များကို ဒေသခံပြည်သူလူထုအား ဖြန့်ဝေပေးခဲ့သည်။
သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်
#ABFSU #တနင်္သာရီ #airstrike
#WhatshappeninginMyanmar

တနင်္သာရီကျောင်းသားများသမဂ္ဂမှ တနင်္သာရီမြို့နယ်အတွင်းရှိ ပြည်သူ့အခြေပြုအထက်တန်းကျောင်း၏ ပညာရေးစုံညီ၌ လေကြောင်းရန် ကာကွယ်နည်းများ အသိပညာပေး
ဇန်နဝါရီလ ၂၇ရက်၊ ၂၀၂၅
တနင်္သာရီမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)မှ တနင်္သာရီမြို့နယ်အတွင်းရှိ ပြည်သူ့အခြေပြုမြေပြင်အထက်တန်းကျောင်းတကျောင်း၏ ပညာရေးစုံညီ၌ စစ်ကောင်စီ၏ လေကြောင်းရန်မှ ကာကွယ်ခြင်းနည်းလမ်းများအား သရုပ်ဖော်ပြသခဲ့ကြသည်။ တဆက်တည်းမှာပဲ ၎င်းပညာရေးစုံညီကို တက်ရောက်လာကြသော ပြည်သူလူထုအား လေကြောင်းရန်ကာကွယ်နည်း လက်ကမ်းစာစောင်များကိုလည်း ဝေငှခဲ့ကြပါသည်။
သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်
#Oway #ABFSU #လေကြောင်းရန်ကာကွယ်နည်း #တနင်္သာရီမြို့နယ် #ဖက်ဒရယ်ကျောင်း #airstrike

❝အထွေထွေဖိနှိပ်မှုကို အန်တုကြ၊ ဘုံရန်သူကို ထွက်ပေါက်မပေးနဲ့” ❞
မိဘပြည်သူများ ခင်ဗျာ...။
ဖိနှိပ်ကျပ်တည်းမှုအလီလီကြားက ကြမ်းတမ်းရက်စက်မှုအချီချီကို ခေါင်းငုံ့မခံ ရုန်းကန်အန်တု နေရတဲ့ ကျနော်တို့ဗမာပြည်၊ပြည်သူလူထုရဲ့ နွေဦးတော်လှန်ရေးဟာ မကြာမီများမှာဆို ၄ နှစ်တိတိပြည့်ပါတော့မယ်။
၂၀၂၁ စစ်အာဏာသိမ်းမှုခါစကာလများနဲ့ယှဥ်ရင် လက်ရှိမှာ မိမိတို့ ပြည်သူ့တော်လှန်ရေး အင်အားစုများဟာ ရန်သူကို ထိပ်တိုက်ရင်ဆိုင်နိုင်တဲ့ အခြေအနေတခုကို တက်လှမ်းနိုင်ခဲ့ပြီပဲဖြစ်ပါတယ်။ အရှုံးအလီလီနဲ့ရင်ဆိုင်နေရတဲ့ ရန်သူ့စစ်တပ်ဟာ အဘက်ဘက်ကပြိုလဲနေပြီဆိုတာ အထင်းသားပါပဲ။
ဒီအတောအတွင်းမှာ ကုန်စျေးနှုန်းတက်တာ၊ စီးပွားရေး အဆင်မပြေ တာကစလို့ လက်ရှိလျှပ်စစ်မီးမမှန်ကန်တာတွေ၊ အလုပ်အကိုင်အဆင်မပြေတာတွေအထိ နေ့စဥ်လူနေမှုဘဝဟာ ကျပ်တည်းသထက် ကျပ်တည်းလာပါတယ်။ အတင်းအဓမ္မ ဖမ်းဆီး စစ်မှုထမ်းခိုင်းတာတွေလည်းရန်သူက ပိုမို ကျူးလွန်လာပါတယ်။ တိုက်ပွဲနီးစပ်ရာ ဒေသတွေမှာ စစ်ဘက်ထက် အရပ်ဘက်ပစ်မှတ်တွေကို ဦးစားပေးတိုက်ခိုက်ပြီး လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေပြုလုပ်နေပါတယ်။ ဒါတွေဟာ ပြည်သူလူထုအပေါ်ရည်ရွယ်ချက်ရှိရှိနဲ့ သူတို့အကျပ်အတည်းကို လူထုအကျပ်အတည်းဖြစ်အောင် အစားထိုးဖြေရှင်းနေတာပါ။
ဒီလိုပဲ စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ သူတစုံလုံးနိုင်ငံရေးအခြေအနေအရ ထွက်ပေါက်ရှာဖို့ တရားမဝင်ရွေးကောက်ပွဲကျင်းပဖို့ပြင်ဆင်လာတယ်။ တလျှောက်လုံးမှာ စစ်အာဏာရှင်စနစ်သက်ဆိုးရှည်ရေးအတွက် ထွက်ပေါက်တခုကို ပြင်ဆင်နေလေ့ရှိတယ်။
ကျနော်တို့ ဗမာပြည်ပြည်သူလူထုတရပ်လုံးက စစ်ကောင်စီရဲ့ထွက်ပေါက်မှန်သမျှကို အလွတ်ပေးလို့မရဘူး။ ဒီထွက်ပေါက်တွေဟာ တိုင်းပြည်နဲ့ပြည်သူလူထုကို ဖိနှိပ်တထက်ဖိနှိပ်၊ ရက်စက်သထက်ရက်စက်လာတဲ့၊ ပြည်သူ့သွေးနဲ့ ခင်းဖောက်တဲ့ လမ်းတွေပါပဲ။
ဒီထွက်ပေါက်ကိုဖွင့်မနိုင်ဖို့အရေးလူထုကိုယ်တိုင် အုံကြွတော်လှန်တိုက်ပွဲဝင်မှရမယ်။ မတရားပြဌာန်းထားတဲ့ ဥပဒေ၊ မတရားတဲ့ ရွေးကောက်ပွဲ၊ မတရားသဖြင့်ဖိနှိပ်ရက်စက်ထားတဲ့ အထွေထွေဖိနှိပ်မှုကြီးကို လူထုကိုယ်တိုင် အန်တုတွန်းလှန်မှသာ ပြိုပျက်လိမ့်မယ်။ စစ်ရေးလည်း မသာ၊ နိုင်ငံရေးလည်း မျက်နှာပန်းမလှဘူး၊ ဒါကိုမှ လူထုကပါ အင်တိုက်အားတိုက် တော်လှန်ကြမယ်ဆိုရင် အနှေးနဲ့အမြန် ရန်သူဟာ ပြိုလဲကျသွားမှာပါပဲ။
ဒီလေးနှစ်တာကာလပတ်လုံး ကြိတ်မှိတ်သည်းခံခဲ့ရတဲ့ ခံစားချက်တွေ၊ မကျေနပ်မှုတွေ၊ ဒုက္ခတွေကို အောက်မေ့ရင်း စစ်အာဏာရှင်စနစ် အလုံးစုံ ပြိုကျပျက်ဆီးသည်အထိ လူထုအနေနဲ့ တော်လှန်အလံတွေအောက်မှာ ရှေ့ကိုဆက်လက်ချီတက်ကြဖို့ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်ခင်ဗျာ...။
#အထွေထွေဖိနှိပ်မှုကိုအန်တုကြ
#ဘုံရန်သူကိုထွက်ပေါက်မပေးနဲ့
#လူထုလှုပ်ရှားမှုအင်အားစုများ
#အာဏာသိမ်း၄နှစ်

ဖက်ဆစ်အုပ်စုရဲ့ တကြော့ပြန် စစ်အာဏာသိမ်းမှု ၄ နှစ်ပြည့်အပေါ် ဗကသများအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ကြေညာချက်
__________
ပြည်သူ့ဒီမိုကရေစီတော်လှန်ရေးအတွင်းက ရဲဘော်အပေါင်း၊ ပြည်သူအပေါင်းတို့ …
အခုဆိုရင် ဖက်ဆစ်စစ်ကောင်စီ အာဏာသိမ်းတာ ၄ နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။ ဒီနှစ်တွေဟာ အားလုံးအတွက် ဆုံးရှုံးမှု၊ ရင်းနှီးပေးဆပ်ရမှုတွေ သိပ်များတဲ့ ကာလတွေဖြစ်ပါတယ်။ ဒါပေမယ့် ကျနော်တို့ တော်လှန်ရေးအင်အားစုတွေက အရင်လို ကိုယ့်ဘက်ကချည်း တဖက်သတ်ဆုံးရှုံးနေရတဲ့ အနေအထား မဟုတ်တော့တာတော့ အားလုံးမျက်မြင်ပါပဲ။ ၂၀၂၃ နှစ်ကုန်ပိုင်းလောက်ကနေစပြီး လူမျိုးစု လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေ အားနဲ့မာန်နဲ့ စစ်ကောင်စီကို ထိုးစစ်ဆင်လာတာ အခုထိကို အောင်မြင်မှုတွေရနေကြဆဲဖြစ်ပါတယ်။ စစ်ကောင်စီကတော့ အဘက်ဘက်ကနေ အရှုံးကြီးရှုံးနေပါတယ်။ ရှမ်းမြောက်စစ်မျက်နှာမှာလည်း ရှုံးတယ်။ ရခိုင်စစ်မျက်နှာမှာလည်း ရှုံးတယ်။ တိုင်းစစ်ဌာနချုပ်ကြီးတွေကို လက်လွှတ်နေရတယ်။ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို သူ့ရဲ့တပ်တွင်းကပါ ဝေဖန်တိုက်ခိုက်တာတွေ ရှိလာတယ်။ စစ်တပ်က အရင်ထက် ဖရိုဖရဲဖြစ်လာတာကိုတွေ့ရမယ်။ တဖက်မှာလည်း စစ်တပ်က သူတို့လက်လွှတ်လိုက်ရတဲ့ နယ်မြေတွေကို “မြေကျန်ရင်ရပြီ” လို့ ကြွေးကြော်ပြီး အငြိုးတကြီး တိုက်ခိုက်ဖျက်ဆီးလာတာကို တွေ့ရတယ်။ လက်နက်မပါတဲ့ လူထုကို ရက်ရက်စက်စက် သတ်ဖြတ်တာ၊ ပြည်သူလူထုရဲ့ အိုးအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်မြဲလုပ်နေတာကို တွေ့ရမယ်။
ဒါပေမယ့် တဖက်မှာလည်း စစ်တပ်က သူ့ရဲ့စစ်အင်အားလျော့နည်းလာတာကို အတင်းအဓမ္မစစ်မှုထမ်းစေတဲ့နည်း (ပေါ်တာဆွဲတဲ့နည်း)နဲ့ ဖြေရှင်းဖို့ ကြိုးစားနေတယ်။ သူတို့ မတရားပြဋ္ဌာန်းထားတဲ့ ဥပဒေမှာတော့ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အထိလို့ ပြောပေမယ့် တကယ့်တကယ်တမ်းမှာ မြင်မြင်သမျှ အကုန်ဖမ်းနေတာလည်း အားလုံးမျက်မြင်ပါပဲ။ မတရားစစ်မှုထမ်းဥပဒေကို ရှောင်လွှဲဖို့နဲ့ စီးပွားရေးကျပ်တည်းမှုကို ဖြေရှင်းဖို့အတွက် ပြည်ပထွက်ခွာတာတွေကိုလည်း လုပ်မရတော့အောင် စစ်မှုထမ်းဥပဒေနဲ့ အကျုံးဝင်သူတိုင်းကို ပြည်ပထွက်ခွာခွင့်ပိတ်ပင်လိုက်ပါတယ်။ ဒီအချက်တွေဟာ ပြည်သူလူထုကို ချောင်ပိတ်မိအောင် လုပ်နေတာပါပဲ။ တဖက်မှာလည်း ကုန်ဈေးနှုန်းကြီးမြင့်လာတာ၊ ဗမာငွေတန်ဖိုးကျဆင်းတာ၊ စီးပွားရေးလုပ်ငန်းတွေ ချွတ်ချုံကျတာ၊ အလုပ်အကိုင်ရှားပါးတာ၊ ဝင်ငွေထွက်ငွေ အဆမတန်ကွာဟတာတွေ စတဲ့ အထွေထွေအကျပ်အတည်းက ပြည်သူလူထုကို နှိပ်စက်နေတယ်။
နောက်တခုကတော့ စစ်တပ်ဟာ တရားမဝင် အတုအယောင်ရွေးကောက်ပွဲနဲ့ နိုင်ငံရေးထွက်ပေါက်ရှာဖို့ ကြံစည်ပြင်ဆင်နေတာကို တွေ့ရတယ်။ ၂၀၀၈ အခြေခံဥပဒေကိုတောင် ပြည်သူလူထုက ထောက်ခံတယ်လို့ ပြောင်ပြောင်တင်းတင်းလိမ်ပြီး အတည်ပြုခဲ့ဖူးတဲ့ စစ်တပ်၊ ကိုယ့်လူ ကိုယ့်ပါတီနဲ့ပဲ ရွေးကောက်ပွဲလုပ်ပြီး အစိုးရတက်လုပ်ဖူးတဲ့ စစ်တပ်ဆိုတာ ပြည်သူလူထုတရပ်လုံး သိရှိထားပြီးဖြစ်ပါတယ်။ ဒီအခြေခံဥပဒေဟာ စစ်တပ်ရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ ရေးဆွဲထားတဲ့ ဥပဒေမှန်းလည်း လူတိုင်းသိပြီးသားပါ။ အဲ့ဒီရွေးကောက်ပွဲဟာလည်း ပြည်သူလူထုလိုလားတဲ့ အစိုးရ တက်မလာနိုင်အောင်၊ တက်လာရင်လည်း ဘာမှလုပ်လို့မရအောင် စနစ်တကျ ရေးဆွဲထားတဲ့ ဥပဒေပါ။ စစ်အာဏာရှင်တွေကို ယဉ်ကျေးလာအောင် လေ့ကျင့်သင်ကြားပေးလို့ မရနိုင်ဘူးဆိုတာလည်း လက်ရှိ စစ်အာဏာသိမ်းမှုက သက်သေပါပဲ။ ဒီရွေးကောက်ပွဲဟာလည်း စစ်တပ်ရဲ့ နိုင်ငံရေးထွက်ပေါက်ရှာမှု၊ ပြည်သူကို လှည့်ဖျားဖို့ ကြိုးပမ်းချက်တွေထဲက တခုထက်မပိုပါဘူး။ အဲ့ဒီတော့ ကျနော်တို့ရဲဘော်တွေ၊ ပြည်သူတွေအနေနဲ့ ဒီရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ဆန့်ကျင်တိုက်ဖျက်ဖို့ လိုပါတယ်။
ကျနော်တို့ရဲ့ ပြည်သူလူထုဟာ သပိတ်တိုက်ပွဲကို ကိုယ်ထူကိုယ်ထ ဆင်နွှဲခဲ့တယ်။ သပိတ်တိုက်ပွဲကနေ ပြည်သူ့လက်နက်ကိုင်တော်လှန်ရေးကြီး ပေါ်ပေါက်လာအောင်လည်း တွန်းအားတွေပေးနိုင်ခဲ့တယ်။ လက်နက်ကိုင်တော်လှန်ရေးကြီးတရပ် ပေါ်ပေါက်လာချိန်မှာလည်း တခဲနက် ထောက်ခံအားပေးခဲ့တဲ့ ရဲရင့်တဲ့ ပြည်သူလူထုကြီးဖြစ်တယ်။ အဲ့ဒီလို ရဲရင့်တဲ့ ဂုဏ်ရောင်ပြောင်တဲ့ ပြည်သူလူထုကို အကောင်းဆုံး အလုပ်အကျွေးပြုတဲ့ နည်းလမ်းကတော့ ပြည်သူ့ဒီမိုကရေစီတော်လှန်ရေးကို မှန်မှန်ကန်ကန် အောင်အောင်မြင်မြင် ဆင်နွှဲတာပဲဖြစ်တယ်။ အဲ့ဒီလို ဘုံရန်သူစစ်အာဏာရှင်စနစ် (စစ်သုံးစစ်) ကို အမြစ်ပြတ်ချေမှုန်းဖို့အတွက်ဆိုရင် တော်လှန်ရေးအင်အားစုတွေကြားမှာ အခိုင်အမာစုဖွဲ့ထားတဲ့ ညီညွတ်တဲ့တပ်ပေါင်းစုတရပ် အပူတပြင်းလိုအပ်နေတယ်။ ညီညွတ်တဲ့ တပ်ပေါင်းစုအင်အားနဲ့သာ ဒီစစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းနိုင်မှာဖြစ်တယ်။ ကျနော်တို့ ဗကသများအဖွဲ့ချုပ်အနေနဲ့လည်း ပြည်သူ့ဒီမိုကရေစီတော်လှန်ရေး အောင်မြင်သည်အထိ ဘုံရန်သူစစ်သုံးစစ်ကို ပြတ်ပြတ်သားသား တိုက်ပွဲဝင်သွားမယ်လို့ လေးလေးနက်နက် ကတိပြုပါတယ်။ ရဲဘော်များ၊ မဟာမိတ်များအနေနဲ့လည်း ပြည်တွင်းပြည်ပ ဘယ်လိုဖိအား အမျိုးမျိုးပဲရှိနေပါစေ၊ အဖိနှိပ်ခံပြည်သူလူထုနဲ့အတူ တသားတည်းရပ်တည် တိုက်ပွဲဝင်သွားမယ်လို့ ယုံကြည်မျှော်လင့်မိပါကြောင်း။
“အထွေထွေဖိနှိပ်မှုကို အန်တုကြ”
“ဘုံရန်သူကိုထွက်ပေါက်မပေးနဲ့”

စစ်အုပ်စုရဲ့ တကြော့ပြန် စစ်အာဏာသိမ်းမှု ၄ နှစ်ပြည့်နေ့၌ ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂမှ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်
၂၀၂၅ ၊ ဖေဖော်ဝါရီလ ၁ ရက်
ဖက်ဆစ်အုပ်စုရဲ့ တကြော့ပြန် စစ်အာဏာသိမ်းမှု ၄ နှစ်ပြည့်နေ့မှာ ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)က ဦးဆောင်ပြီး "အထွေထွေဖိနှိပ်မှုကို အန်တုကြ၊ ဘုံရန်သူကို ထွက်ပေါက်မပေးနဲ့" ဘန်နာကိုင်စွဲကာ ဘုတလင်မြို့နယ် တနေရာမှာ ချီတက်သပိတ်ဆင်နွှဲခဲ့ကြပါတယ်။
တဆက်တည်းမှာပဲ သမဂ္ဂမှ သပိတ်တရားဟောကြားခြင်း၊ ကဗျာရွတ်ခြင်း၊ ကြွေးကြော်သံတိုင်ခြင်းများကိုလည်း မြို့နယ်တနေရာမှာ ဆက်လက်ပြုလုပ်ခဲ့ကြပါတယ်။
#ABFSU #ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂ #ဗကသ #အထွေထွေဖိနှိပ်မှုကိုအန်တုကြ #ဘုံရန်သူကိုထွက်ပေါက်မပေးနဲ့ #အာဏာသိမ်း၄နှစ်