All Burma Federation Of Student Unions
1.15K subscribers
7.76K photos
108 videos
642 links
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ၏ တရားဝင် တယ်လီဂရမ်ချန်နယ် ဖြစ်ပါသည်။
Download Telegram
တနင်္သာရီမြို့နယ်ကျောင်းသားများသမဂ္ဂမှ လွတ်လပ်ရေးနေ့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်လှုပ်ရှားမှုနှင့် တော်လှန်ရုပ်ရှင်များ ပြသခဲ့

၂၀၂၅၊ ဇန်န၀ါရီလ ၅ရက်

တနင်္သာရီမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)က (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် "အမှန်တကယ်လွတ်လပ်ဖို့အာဏာရှင်ကို တိုက်ဖျက်စို့၊ ပြည်သူ့လွတ်လပ်ရေးအတွက် တိုက်ပွဲ၀င်ကြ၊ တရားမ၀င် ရွေးကောက်ပွဲကိုပြင်းပြင်းထန်ထန်ဆန့်ကျင်ကြ" စာသားပါ ဘန်နာများကိုင်စွဲပြီး တရားမ၀င်ရေးကောက်ပွဲကိုပြည်သူလူထုအာလုံး ဆန့်ကျင်တိုက်ဖျက်ကြဖို့၊ စစ်အာဏာရှင်ဆန့်ကျင်ရေးတရာများ ဟောပြောခဲ့ပါတယ်။

ဗကသများအဖွဲ့ချုပ်
သတင်းနှင့်ပြန်ကြားရေးကော်မတီ

#ABFSU #တနင်္သာရီ #ရွေးကောက်ပွဲ
တနင်္သာရီမြို့နယ် ပ၀ကျေးရွာမှာ တနင်္သာရီမြို့နယ်ကျောင်းသားများသမဂ္ဂမှ ဟောပြောပွဲနှင့် လွတ်လပ်ရေးနေ့ နှိုးဆော်စာများ ဖြန့်ဝေ

ဇန်နဝါရီလ ၇ရက်၊ ၂၀၂၅

တနင်္သာရီမြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က (၇၇) နှစ်မြောက်လွတ်လပ်ရေးနေ့အဖြစ် ဇန်နဝါရီလ ၄ရက်နေ့က တနင်္သာရီ‌မြိုနယ် ပဝကျေးရွာမှာ လွတ်လပ်ရေးနေ့ဖြစ်‌ပေါ်လာပုံသမိုင်းကြောင်းကို ဟောပြောခဲ့ပြီး လွတ်လပ်ရေးနေ့နှိုးဆော်စာတွေ ဖြန့်ဝေခဲ့ပါတယ်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်

#ABFSU #လွတ်လပ်ရေးနေ့ #ဟောပြောပွဲ #တနင်္သာရီ
ဗကသရဲဘော်ဟောင်း ကိုသူရိန်ထက်(ခ) ရဲဘော်စည်သူ ကွယ်လွန်ခြင်း ဝမ်းနည်းကြောင်း သဝဏ်လွှာ
မြိုင်မြို့နယ်ကျောင်းသားများသမဂ္ဂမှ ဦးဆောင်၍ မီးဘေးသင့်ပြည်သူများအတွက် စားနပ်ရိက္ခာများ ထောက်ပံ့

ဇန်နဝါရီလ ၁၄ရက်၊ ၂၀၂၅

မြိုင်မြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)က ဦးဆောင်ပြီး လူထုရဲ့ စုပေါင်းထည့်ဝင်မှုနြဲအတူ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကို ခံခဲ့ရတဲ့ မြိုင်မြို့နယ်ထဲရှိ ကျေးရွာတရွာက အိမ်ထောင်စုတွေအတွက် ဆန်၊ ဆီ၊ ဆား၊ မြေပဲ၊ ငါးပိ၊ ငါးခြောက် စသဖြင့် လိုအပ်တဲ့ စားနပ်ရိက္ခာတွေကို ဇန်နဝါရီလ ၁၄ရက်နေ့မှာ သွားရောက်လှူဒါန်းခဲ့ပါတယ်။

ဒါ့အပြင် မီးဘေးသင့် ပြည်သူတွေကို အားပေးစကားပြောကြားခဲ့ပြီး လိုအပ်တာတွေ ကူညီလုပ်ဆောင်ပေးခဲ့ပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်က ဇန်နဝါရီလ ၄ရက်နေ့က စတင်ပြီး ပခုက္ကူပနေ မြိုင်အထိ ပြေးဆွဲတဲ့ ရိက္ခာကားတန်း သွားလမ်းတလျှောက် ပခုက္ကူ-မြိုင် ကားလမ်းဘေးမှာရှိတဲ့ ကျေးရွာတွေကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးဝင်ရောက်ကာ ပြည်သူပိုင်နေအိမ်‌တွေကို မီးရှို့ဖျက်ဆီးခြင်း ပြည်သူပိုင် ပစ္စည်းတွေကို ခိုးယူသယ်ဆောင်ခြင်း၊ ပြည်သူတွေကို ဓားစာခံအဖြစ် ဖမ်းဆီးခြင်း စတဲ့ လူမဆန်တဲ့ လုပ်ရပ်‌တွေကို ကျူးလွန်ခဲ့ကြပါတယ်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်

#ABFSU #Myaing #MilitaryAtrocities #မြိုင်