All Burma Federation Of Student Unions
1.15K subscribers
7.81K photos
108 videos
642 links
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ၏ တရားဝင် တယ်လီဂရမ်ချန်နယ် ဖြစ်ပါသည်။
Download Telegram
တနင်္သာရီ ဗကသရဲ့ သမဂ္ဂစာကြည့်တိုက်မှာ သုတ/ရသပြိုင်ပွဲတွေ ပြုလုပ်ပြီး ဂုဏ်ပြုဆုတွေချီးမြှင့်

၂၀၂၄ ဇူလိုင် ၂ ရက်၊ ဗကသ

တနင်္သာရီမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ဖွင့်လှစ်ထားတဲ့ သမဂ္ဂစာကြည်တိုက်မှာ Volunteer စာကြည်တိုက်မှူးနဲ့ ပူးပေါင်းပြီး စာဖတ်အများဆုံးသူနဲ့ ကျောင်းသားတွေရဲ့ ကိုယ်ပိုင်အတွေးစွမ်းရည်နဲ့ ရေးဆွဲထားတဲ့ လက်ရာအမြောက်ဆုံးပန်းချီတွေကို ရွေးချယ်ပြီး ဂုဏ်ပြုဆုတွေ ချီးမြှင့်ခဲ့ပါတယ်။ ဆုချီးမြှင့်ပွဲကို တက်ရောက်လာတဲ့ ကျောင်သားတွေကိုလည်း စာရေးကိရိယာတွေ ထောက်ပံ့ခဲ့ပါတယ်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်
#ဗကသ #abfsu #သမဂ္ဂစာကြည့်တိုက် #စာရေးကိရိယာ
Media is too big
VIEW IN TELEGRAM
ရန်ကုန်မှာ သပိတ်ကိုင်စွဲထွက်လာတဲ့ GSC/ဗကသ မဟာမိတ်တွေရဲ့ ဖက်ဆစ်ဆန့်ကျင်ရေး လှုပ်ရှားမှု

ရန်ကုန်မှာ စစ်တပ်ဖိနှိပ်မှု ပြင်းထန်နေတဲ့ကြားက “စစ်အာဏာရှင်အခက် ပြည်သူလူထုအချက်” ဆိုတဲ့ ဘန်နာနဲ့ “သပိတ်” ကို ကိုင်စွဲပြီး ဖက်ဆစ်ဆန့်ကျင်ရေးလှုပ်ရှားမှုတခုကို ပြုလုပ်ခဲ့ကြပါတယ်။ ပြည်သူလူထုကြုံတွေ့နေရတဲ့ အကျပ်အတည်းတွေအတွက် လူထုတိုက်ပွဲအသွင်ဆောင်ရေး တပ်လှန့်သံတွေနဲ့အတူ ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်ရေး ကြွေးကြော်သံတွေ ဟစ်ကြွေးခဲ့ကြပါတယ်။

ဒီလှုပ်ရှားမှုကို GSC နှင့် မဟာမိတ်သပိတ်ကော်မတီတွေ ပူးပေါင်းပြုလုပ်ခဲ့တာဖြစ်ပါတယ်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်
#abfsu #စကစ #စစ်သုံးစစ် #အထွေထွေအကျပ်အတည်း
#whatshappeningnowinmyanmar
Long Live Students’ Revolution

ဆဲဗင်းဂျူလိုင် ၆၂ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဘန်ကောက်မြို့လယ်ခေါင်က ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံးရှေ့မှာ Long Live Students’ Revolution ဘန်နာစာသားကို ဗကသရဲဘော်တွေက ဒီကနေ့ ဇူလိုင်လ ၆ ရက်နေ့မှာ ချိတ်ဆွဲခဲ့ပါတယ်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်
#abfsu #စကစ #စစ်သုံးစစ် #ဆဲဗင်းဂျူလိုင် #7July
#whatshappeningnowinmyanmar
ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးတော်ပုံ — ကျောင်းသားပေါင်းရာနဲ့ချီအသတ်ခံခဲ့ရတဲ့သမိုင်း
____

Read More - http://www.abfsu.org/2024/07/blog-post_7.html

“ဆဲဗင်းဂျူလိုင် တိုက်ပွဲဝင်စိတ်ဓါတ်ကို ဆက်လက်ကိုင်စွဲကြ”
“စစ်သုံးစစ်ကို အမြစ်ပြတ် တိုက်ဖျက်ကြ”

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်)

#ABFSU #GSC #7July #ဆဲဗင်းဂျူလိုင် #ဗကသ #၇၇၆၂မမေ့ကြနဲ့ #Whatshappeninginmyanmar

မူရင်း PDF Files ကို Download ပြီး လွတ်လပ်စွာ ဖြန့်ဝေနိုင်ပါတယ်။
PDF Link - https://www.mediafire.com/file/a8xjzllnewj7x7q/7_july_2024.pdf/file
ဆဲဗင်းဂျူလိုင် ၆၂ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ပြည်သူ့တော်လှန်ရေးအင်အားစုများက အထွေထွေအကျပ်အတည်းဖြေရှင်းရေးနဲ့ စစ်အာဏာရှင်စနစ် (စစ်သုံးစစ်) ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်

၂၀၂၄ ဇူလိုင် ၇၊ ဗကသ

ပြည်သူ့တော်လှန်ရေး အင်အားစုများက ဒီကနေ့ ဇူလိုင်လ ၇ ရက်နေ့မှာ ဆဲဗင်းဂျူလိုင် ၆၂ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် “အထွေထွေ အကျပ်အတည်းဖြေရှင်းဖို့ ရဟန်းရှင်လူ ပုန်ကန်စို့” ဘန်နာကို ချိတ်ဆွဲပြီး အထွေထွေအကျပ်အတည်း ဖြေရှင်းရေး၊ စစ်အာဏာရှင်စနစ် (စစ်သုံးစစ်) ဆန့်ကျင်ရေး လှုံ့ဆော်လှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါတယ်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်
#7July #ဗကသ
#ဆဲဗင်းဂျူလိုင်
#whatshappeningnowinmyanmar
#လှုပ်ရှားမှု
#အထွေထွေအကျပ်အတည်းဖြေရှင်းရေး
ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးတော်ပုံ (၆၂) နှစ်ပြည့် အထိမ်းအမှတ် သဘောထားထုတ်ပြန်‌ကြေညာချက်


ကြေညာချက်အမှတ် - ၁၅/ဗကသ/၂၀၂၄
နေ့စွဲ - ၂၀၂၄ ခုနှစ် ဇူလိုင်လ ၇ ရက်


Read More - http://www.abfsu.org/2024/07/blog-post_55.html

“ဆဲဗင်းဂျူလိုင် တိုက်ပွဲဝင်စိတ်ဓာတ်ကို ဆက်လက်ကိုင်စွဲကြ”
“စစ်သုံးစစ်ကို အမြစ်ဖြတ်တိုက်ဖျက်ကြ”


ဗဟိုစည်းရုံးရေးကော်မတီ
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်
ဆဲဗင်းဂျူလိုင် ၆၂ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို မြိုင်မြို့နယ်မှာ ဗကသများအဖွဲ့ချုပ်က ပြုလုပ်

၂၀၂၄ ဇူလိုင် ၇၊ ဗကသ

ဆဲဗင်းဂျူလိုင် ၆၂ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဗကသများအဖွဲ့ချုပ်က မြိုင်မြို့နယ်မှာ အခမ်းအနားတရပ် ပြုလုပ်ခဲ့ပါတယ်။ အဆိုပါ အခမ်းအနားမှာ “7 July စိတ်ဓာတ် ကိုင်ဆွဲတိုက်ပွဲဝင်ကြ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျောင်းသားပြည်သူတွေကို ဆဲဗင်းဂျူလိုင်သမိုင်း ဆွေးနွေးမှု အပါအဝင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုံ့ဆော်မှုတွေကို ပြုလုပ်ခဲ့ကြပါတယ်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်
#7July #ဗကသ #abfsu #ဆဲဗင်းဂျူလိုင်
⬛️ ဆဲဗင်းဂျူလိုင် ၆၂ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ပြည်သူ့တော်လှန်ရေးအင်အားစုများက အထွေထွေအကျပ်အတည်းဖြေရှင်းရေးနှင့် စစ်အာဏာရှင်စနစ် (စစ်သုံးစစ်) ဆန့်ကျင်ရေး ဓာတ်ပုံလှုပ်ရှားမှုတရပ်ပြုလုပ်

၂၀၂၄၊ ဇူလိုင် ၇

ပြည်သူ့တော်လှန်ရေး အင်အားစုများက ဆဲဗင်းဂျူလိုင် ၆၂ နှစ်ပြည့် အထိမ်းအမှတ်အနေဖြင့် “၇.၇.၆၂ မမေ့ကြနဲ့"၊ "ဆင်းရဲကျပ်တည်းမှုရဲ့ အဖြေအမှန် စစ်အုပ်စုသာလျှင် တရားခံ"၊ "ကျည်နဲ့ပေးရင် သွေးနဲ့ရေးတဲ့သမိုင်း ဆဲဗင်းဂျူလိုင်မှသည် ထာဝစဉ်အဓွန့်ရှည်ပါစေ" စာသားများ နှင့် ဆဲဗင်းဂျူလိုင်ကာလမှဓာတ်ပုံများကိုင်စွဲပြီး ယနေ့ ဇူလိုင်လ ၇ ရက်နေ့၌ ရန်ကုန်တက္ကသိုလ်အတွင်း အထွေထွေအကျပ်အတည်း ဖြေရှင်းရေး၊ စစ်အာဏာရှင်စနစ်(စစ်သုံးစစ်)ဆန့်ကျင်ရေး လှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါတယ်။

#7July #ဆဲဗင်းဂျူလိုင် #whatshappeningnowinmyanmar #photocampaign #လှုပ်ရှားမှု #အထွေထွေအကျပ်အတည်းဖြေရှင်းရေး #စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး