All Burma Federation Of Student Unions
1.15K subscribers
7.73K photos
108 videos
642 links
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ၏ တရားဝင် တယ်လီဂရမ်ချန်နယ် ဖြစ်ပါသည်။
Download Telegram
ပုလဲမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးနှင့် ပသုံးလုံးယန္တာရား ဖိနှိပ်မှုဆန့်ကျင်ရေး ဆန္ဒပြ

၂၀၂၄ ဇွန် ၃၀၊ ဗကသ

ပုလဲမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ကျောင်းသားရဲဘော်များကို အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးဝန်ကြီးဌာန (NUG) လက်အောက်ခံ ပသုံးလုံးအဖွဲ့ဝင်တွေက ဆိုင်ကယ်ဖြင့်တိုက်ခြင်း၊ ကိုယ်ထိလက်ရောက် ထိုးကြိတ်ခြင်း၊ ခြိမ်းခြောက်ခြင်းများ ပြုလုပ်နေပါတယ်။

Read More - http://www.abfsu.org/2024/06/blog-post_30.html

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်
#ဗကသ #abfsu #ပသုံးလုံး #စကစ #စစ်သုံးစစ်
Media is too big
VIEW IN TELEGRAM
ရန်ကုန်မှာ သပိတ်ကိုင်စွဲထွက်လာတဲ့ GSC/ဗကသ မဟာမိတ်တွေရဲ့ ဖက်ဆစ်ဆန့်ကျင်ရေး လှုပ်ရှားမှု

ရန်ကုန်မှာ စစ်တပ်ဖိနှိပ်မှု ပြင်းထန်နေတဲ့ကြားက “စစ်အာဏာရှင်အခက် ပြည်သူလူထုအချက်” ဆိုတဲ့ ဘန်နာနဲ့ “သပိတ်” ကို ကိုင်စွဲပြီး ဖက်ဆစ်ဆန့်ကျင်ရေးလှုပ်ရှားမှုတခုကို ပြုလုပ်ခဲ့ကြပါတယ်။ ပြည်သူလူထုကြုံတွေ့နေရတဲ့ အကျပ်အတည်းတွေအတွက် လူထုတိုက်ပွဲအသွင်ဆောင်ရေး တပ်လှန့်သံတွေနဲ့အတူ ဖက်ဆစ်စစ်တပ်အမြစ်ဖြတ်ရေး ကြွေးကြော်သံတွေ ဟစ်ကြွေးခဲ့ကြပါတယ်။

ဒီလှုပ်ရှားမှုကို GSC နှင့် မဟာမိတ်သပိတ်ကော်မတီတွေ ပူးပေါင်းပြုလုပ်ခဲ့တာဖြစ်ပါတယ်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်
#abfsu #စကစ #စစ်သုံးစစ် #အထွေထွေအကျပ်အတည်း
#whatshappeningnowinmyanmar
Long Live Students’ Revolution

ဆဲဗင်းဂျူလိုင် ၆၂ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဘန်ကောက်မြို့လယ်ခေါင်က ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံးရှေ့မှာ Long Live Students’ Revolution ဘန်နာစာသားကို ဗကသရဲဘော်တွေက ဒီကနေ့ ဇူလိုင်လ ၆ ရက်နေ့မှာ ချိတ်ဆွဲခဲ့ပါတယ်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်
#abfsu #စကစ #စစ်သုံးစစ် #ဆဲဗင်းဂျူလိုင် #7July
#whatshappeningnowinmyanmar
ယင်းမာပင်မှာ ဗကသများအဖွဲ့ချုပ်က ဆဲဗင်းဂျူလိုင် ၆၂ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား ပြုလုပ်

၂၀၂၄ ဇူလိုင် ၇၊ ဗကသ

ဆဲဗင်းဂျူလိုင် ၆၂ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဗကသများအဖွဲ့ချုပ်က ယင်းမာပင်မြို့နယ်မှာ အခမ်းအနားတရပ် ပြုလုပ်ခဲ့ပါတယ်။ အဆိုပါအခမ်းအနားမှာ ယင်းမာပင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ပုလဲမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ကနီမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့က “၇.၇.၆၂ မမေ့ကြနဲ့” ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျောင်းသားပြည်သူတွေကို ဆဲဗင်းဂျူလိုင်သမိုင်း ဆွေးနွေးမှု အပါအဝင် ခေတ်အဆက်ဆက် စစ်အာဏာရှင်စနစ်ကို တွန်းလှန်ရင်း ကျဆုံးသွားတဲ့ ရဲဘော်တွေနဲ့ ဗကသများအဖွဲ့ချုပ် အလံတော်ကို အလေးပြုခဲ့ကြပါတယ်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်
#abfsu #စကစ #စစ်သုံးစစ် #ဆဲဗင်းဂျူလိုင် #7July
#whatshappeningnowinmyanmar