All Burma Federation Of Student Unions
1.15K subscribers
7.81K photos
108 videos
642 links
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ၏ တရားဝင် တယ်လီဂရမ်ချန်နယ် ဖြစ်ပါသည်။
Download Telegram
ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း ၄၈ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ဗကသများအဖွဲ့ချုပ်က အရာတော်မှာ ပန်ဖလက်တွေ ဖြန့်ဝေ

၂၀၂၄ ဇွန် ၂၉၊ ဗကသ

ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း ၄၈ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ဗကသများအဖွဲ့ချုပ်က အရာတော်မြို့နယ်မှာ ဆလိုင်းတင်မောင်ဦး ကိုယ်ရေးအကျဉ်း ပန်ဖလက်တွေကို ဇွန်လ ၂၉ ရက်နေ့မှာ ဖြန့်ဝေခဲ့ပါတယ်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်
#ဗကသ #abfsu #ဆလိုင်းတင်မောင်ဦး
ပုလဲမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးနှင့် ပသုံးလုံးယန္တာရား ဖိနှိပ်မှုဆန့်ကျင်ရေး ဆန္ဒပြ

၂၀၂၄ ဇွန် ၃၀၊ ဗကသ

ပုလဲမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ကျောင်းသားရဲဘော်များကို အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးဝန်ကြီးဌာန (NUG) လက်အောက်ခံ ပသုံးလုံးအဖွဲ့ဝင်တွေက ဆိုင်ကယ်ဖြင့်တိုက်ခြင်း၊ ကိုယ်ထိလက်ရောက် ထိုးကြိတ်ခြင်း၊ ခြိမ်းခြောက်ခြင်းများ ပြုလုပ်နေပါတယ်။

Read More - http://www.abfsu.org/2024/06/blog-post_30.html

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်
#ဗကသ #abfsu #ပသုံးလုံး #စကစ #စစ်သုံးစစ်
ဗကသများအဖွဲ့ချုပ်က ယင်းမာပင်မြို့နယ်မှာ ကွန်ပျူတာသင်တန်း ဖွင့်လှစ်

၂၀၂၄ ဇူလိုင် ၂ ရက်၊ ဗကသ

ဗကသများအဖွဲ့ချုပ်နဲ့ တက္ကသီလာ အသိပညာပြန့်ပွားရေးအသင်းတို့ ပူးပေါင်းပြီး ယင်းမာပင်မြို့နယ်အတွင်းမှာ “လုပ်ငန်းခွင်ဝင် အတတ်သင် ကွန်ပျူတာသင်တန်း” အပတ်စဥ် (၆) ကို ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၂၆ ရက်နေ့မှာ ပြုလုပ်ခဲ့ပြီး ကျောင်းဆရာ ဆရာမတွေနဲ့ အထက်တန်း ကျောင်းသား ကျောင်းသူတွေ တက်ရောက်ခဲ့ပါတယ်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်
#ဗကသ #abfsu #ကွန်ပျူတာသင်တန်း
မရမ်းကုန်းဗကသက ပြည်သူ့အခြေပြုကျောင်းတွေကို စာရေးကိရိယာတွေ ထောက်ပံ့

၂၀၂၄ ဇူလိုင် ၂ ရက်၊ ဗကသ

The Purple Project အကူအညီနဲ့ မရမ်းကုန်းမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ယင်းမာပင်မြို့နယ်နဲ့ ကနီမြို့နယ်က ပြည်သူ့အခြေပြုကျောင်းတွေကို ဇွန်လ ၃၀ ရက်နေ့မှာ စာရေးကိရိယာတွေ ထောက်ပံ့လှူဒါန်းပေးခဲ့ပါတယ်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်
#ဗကသ #abfsu #စာရေးကိရိယာ