All Burma Federation Of Student Unions
1.17K subscribers
7.84K photos
108 videos
642 links
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ၏ တရားဝင် တယ်လီဂရမ်ချန်နယ် ဖြစ်ပါသည်။
Download Telegram
ဗကသများအဖွဲ့ချုပ်က ယင်းမာပင်နယ်ထဲမှာ လက်နတ်ကြီးနဲ့ လေကြောင်းအန္တရာယ် သတိပေးစာများ ဖြန့်ဝေ

ဇူလိုင် ၁၊ ၂၀၂၅။

ဇွန်လ နောက်ဆုံးရက်သတ္တပတ်မှာ ယင်းမာပင်မြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)က မြို့နယ်တွင်းရှိ ဒေသခံပြည်သူလူထုကို လက်နတ်ကြီးနဲ့ လေကြောင်းအန္တရာယ် သတိပေးစာဖြန့်ဝေခြင်း၊ လေကြောင်းအန္တရာယ် အသိပညာပေးခြင်းများ ပြုလုပ်ခဲ့ပါတယ်။

စစ်ကောင်စီက လက်နတ်ကြီးတွေ၊ တိုက်ခိုက်ရေးလေယာဉ်တွေနဲ့ မကြာခဏ ပစ်ခက်တိုက်ခံရတဲ့ ယင်းမာပင်နယ်ထဲက စာသင်ကျောင်း၊ လမ်းသွားလမ်းလာပြည်သူလူထုနဲ့ စစ်ဘေးရှောင်စခန်းတွေမှာ ယခုလို သတိပေးစာတွေ လိုက်လံဖြန့်ဝေခဲ့တာဖြစ်ပါတယ်။

မေလ ၁၄ရက်က လက်နတ်ကြီး ထိမှန်ခဲ့တာကြောင့် ယင်းမာပင်မြို့နယ်ထဲက ၁၂တန်းကျောင်းသူ ၁ဦး သေဆုံးခဲ့ရဖူးပါတယ်။

နိုင်ငံတဝှမ်းမှာ ၂၀၂၅ ခုနှစ် ဇွန်လ ၃၀ရက်နေ့အထိ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၅၀၅ဦးအထိ အမည်နှင့်တကွ သေဆုံးကြောင်း မှတ်တမ်းတင်နိုင်ခဲ့ပြီး ၂၀၂၁၊ ၂၀၂၂၊ ၂၀၂၃ နဲ့ ၂၀၂၅ခုနှစ်တို့မှာ စစ်ကိုင်းတိုင်းဟာ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူအများဆုံးဖြစ်တယ် လို့ AAPPက ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်က နိုင်ငံအနှံ့မှာရှိတဲ့ စာသင်ကျောင်းတွေ၊ ကျေးရွာတွေနဲ့ လူနေအဆောက်အဦတွေကို လက်နတ်ကြီးနဲ့ လေကြောင်းကနေ အဆက်မပြတ် တိုက်ခိုက်လျက်ရှိပါတယ်။

သတင်းနှင့်ပြန်ကြားရေး - ယင်းမာပင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)

#ABFSU
#YMBSU
2