All Burma Federation Of Student Unions
1.15K subscribers
7.81K photos
108 videos
642 links
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ၏ တရားဝင် တယ်လီဂရမ်ချန်နယ် ဖြစ်ပါသည်။
Download Telegram
မြိုင်မြို့နယ်တွင် ဗကသများအဖွဲ့ချုပ်မှ လေကြောင်းအန္တရာယ်ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲနှင့် သရုပ်ပြခြင်းများ ပြုလုပ်

ဇွန်လ ၈ရက်၊ ၂၀၂၅

ရေစကြိုမြို့နယ်ကျောင်းသားသမဂ္ဂနှင့် မြိုင်မြို့နယ်ကျောင်းသားသမဂ္ဂ ပူးပေါင်းပြီး မြိုင်မြို့နယ်ရှိ ပြည်သူ့အခြေပြုကျောင်းတကျောင်းမှာ လေကြောင်းအန္တရာယ်ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲတရပ် ကျင်းပခဲ့ကြပါတယ်။

ဒီဆွေးနွေးပွဲမှာတော့ ကျောင်းသားကျောင်းသူတွေအနေနဲ့ လေကြောင်းအန္တရာယ် ကြုံတွေ့ရစဉ်မှာ ဘေးအန္တရာယ်ကင်းစွာ နေထိုင်နိုင်ရေး၊ စနစ်ကျစွာ နေထိုင်နိုင်ရေးတို့အတွက် သရုပ်ပြလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်

#ABFSU #ရေစကြို #မြိုင် #လေကြောင်းအန္တရာယ်
အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး တည်ထောင်ခြင်း (၄)နှစ်ပြည့်သို့ ဗကသများအဖွဲ့ချုပ်မှ ပေးပို့သော သဝဏ်လွှာ

ဗဟိုစည်းရုံးရေးကော်မတီ
ဗကသများအဖွဲ့ချုပ်
CRPH မှ ဇွန်လ ၁၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်းဥပဒေနှင့် စပ်လျဉ်း၍ ဗကသများအဖွဲ့ချုပ်၏ သဘောထားထုတ်ပြန်ကြေညာချက်
မြိုင်မြို့နယ်မှ စစ်ဘေးရှောင် မိသားစုများအား ဗကသများအဖွဲ့ချုပ်မှ ဆန်လှူဒါန်း

ဇွန်လ ၁၅ ရက်၊ ၂၀၂၅

မနေ့က ဇွန်လ ၁၄ ရက်၊ ၂၀၂၅ ခုနှစ်တွင် မြိုင်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင် အိမ်ထောင်စု ၂၃ စုအား မြိုင်မြို့နယ်ကျောင်းသားသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ အိမ်ထောင်စု တခုကို ဆန် ၅ ပြည်နှုန်းဖြင့် သွားရောက်လှူဒါန်းခဲ့ပါသည်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်
ဗကသများအဖွဲ့ချုပ် ဗဟိုစည်းရုံးရေးကော်မတီနှင့် လုပ်ငန်းကော်မတီအရပ်ရပ်တွင် တာဝန်ပေးအပ်ခြင်း
___

အောက်ပါရဲဘော်များအား ဗကသများအဖွဲ့ချုပ် ဗဟိုစည်းရုံးရေးကော်မတီနှင့် သက်ဆိုင်ရာ လုပ်ငန်းကော်မတီအရပ်ရပ်တွင် တာဝန်ထမ်းဆောင်ရန် တာဝန်ပေးအပ်လိုက်သည်။

ကိုဝေယံဖြိုးမိုး (တွဲဘက်အတွင်းရေးမှူး - ၃၊ ဗဟိုစည်းရုံးရေးကော်မတီ)
ကိုသန့်ဇင် (အဖွဲ့ဝင်၊ ဗဟိုစည်းရုံးရေးကော်မတီ)၊ (အဖွဲ့ဝင်၊ နိုင်ငံခြားရေးရာကော်မတီ)
မသီရိဇော် (အဖွဲ့ဝင်၊ ဗဟိုစည်းရုံးရေးကော်မတီ)၊ (အဖွဲ့ဝင်၊ သတင်းနှင့်ပြန်ကြားရေးကော်မတီ)
ကိုဘချို (အဖွဲ့ဝင်၊ သတင်းနှင့်ပြန်ကြားရေးကော်မတီ)
မသွန်းသီရိသူ (အဖွဲ့ဝင်၊ နိုင်ငံခြားရေးရာကော်မတီ)
ကိုစွမ်းရည်လင်း (အဖွဲ့ဝင်၊ လူထုလုပ်ငန်းကော်မတီ)
ကိုထက်သူရ (အဖွဲ့ဝင်၊ လူထုလုပ်ငန်းကော်မတီ)
မနုငယ် (အဖွဲ့ဝင်၊ လူထုလုပ်ငန်းကော်မတီ)
ကိုသူရိန်ဇော်လင်း (အဖွဲ့ဝင်၊ လူထုလုပ်ငန်းကော်မတီ)
မယုသိင်္ဂီ (အဖွဲ့ဝင်၊ မှတ်တမ်းနှင့်သုတေသနရေးရာကော်မတီ)

ဗဟိုစည်းရုံးရေးကော်မတီ
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်

#ABFSU #ဗကသ