ရေစကြိုနှင့် မြိုင်ကျောင်းသားများသမဂ္ဂမှ အိုးတိန်တွင်းဖြစ်စဉ်အတွင်း ကျဆုံးသွားသူများ၏ ကျန်ရစ်သူမိသားစုအား လှူဒါန်း
မေလ ၁၉ ရက်၊ ၂၀၂၅ ခုနှစ်
ရေစကြိုမြို့နယ်ကျောင်းသားများသမဂ္ဂနဲ့ မြိုင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ပူးပေါင်းပြီး မေလ ၁၂ ရက်နေ့မှာ စစ်ကောင်စီရဲ့ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတဲ့ ဒီပဲယင်းမြိုနယ်၊ အိုးတိန်တွင်းကျေးရွာ စာသင်ကျောင်းအတွင်းမှာ သေဆုံးသွားခဲ့တဲ့ ကျောင်းသား ၂၂ ယောက်နဲ့ ဆရာမ ၂ ယောက်ရဲ့ ကျန်ရစ်သူမိသားစုဝင်တွေထံ တအိမ်ထောင်ကို ရှစ်သောင်းကျပ်စီနဲ့ စုစုပေါင်း ငွေ ၁၉ သိန်း ၂သောင်းကျပ် သွားရောက်ပေးအပ်ကူညီခဲ့ပါတယ်။
သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်
#ABFSU #ရေစကြို #မြိုင် #Airstrikes #Militaryatrocities #studentsunion #အိုးတိန်တွင်း

"လည်ပင်းနဲ့ဓား အတူယှဉ်တွဲနေထိုင်လို့မရ" စာသားပါ ဘန်နာချိတ်ဆွဲ၍ ကျောင်းသားထုလှုပ်ရှားမှုတရပ် ပြုလုပ်
ဇွန်လ ၈ရက်၊ ၂၀၂၅
ယင်းမာပင်မြို့နယ်ထဲက အများပြည်သူသွားလာနေတဲ့ လမ်းပိုင်းတနေရာမှာ "လည်ပင်းနဲ့ဓား အတူယှဉ်တွဲနေထိုင်လို့မရ" စာသားပါဘန်နာကို ချိတ်ဆွဲပြီး ယင်းမာပင်မြို့နယ်ကျောင်းသားများသမဂ္ဂနဲ့ ပုလဲမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပူးပေါင်းပြုလုပ်ခဲ့ကြပါတယ်။
၂၀၂၅၊ မေလအတွင်းမှာ စစ်တပ်အထိုင်ချရာနေရာ၊ စစ်ကောင်စီစိုးမိုးဒေသတွေနဲ့ နီးစပ်ဒေသအချို့မှာ စစ်ကောင်စီက စာသင်ကျောင်း၊ ဘကကျောင်းတွေ ပြန်လည်ဖွင့်လှစ်ရေး ဗန်းပြပြီး ဒေသခံကျောင်းသားကျောင်းသူတွေနဲ့ သူတို့ရဲ့မိဘတွေရဲ့ အိမ်ထောင်စုစာရင်းနဲ့ အခြားအချက်အလက်တွေကို အတင်းအဓမ္မကောက်ခံနေပါတယ်။
တဆက်တည်းမှာပဲ ကျောင်းတွေမှာ အတန်းကျော်တက်နိုင်ရေးအတွက် ပိုက်ဆံကောက်ခံတာ၊ စစ်ကောင်စီနဲ့နီးစပ်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေက သူတို့လုပ်ငန်းလည်ပတ်ရေးအတွက် ဒေသခံတွေကို ငွေကြေးပေးပြီး မသမာတဲ့ နည်းလမ်းနဲ့ လက်ဝါးကြီးအုပ်တာတွေ ပြုလုပ်နေကြပါတယ်။
ဒီအခြေအနေတွေကြောင့် ဒေသခံပြည်သူလူထုလည်း စိုးရိမ်နေရပြီး ဗကသများအဖွဲ့ချုပ်အနေနဲ့ စစ်ဗျူရိုကရေစီယန္တရားရဲ့ ဖိနှိပ်မှုတွေကို ဆန့်ကျင်ဖို့ ဒီဘန်နာကို ချိတ်ဆွဲ၊ ဆန္ဒပြလှုပ်ရှားခဲ့ကြပါတယ်။
သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်
#ABFSU #ယင်းမာပင် #ပုလဲ #studentsunion #studentsmovement #WhatshappeninginMyanmar