All Burma Federation Of Student Unions
1.15K subscribers
7.73K photos
108 videos
642 links
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ၏ တရားဝင် တယ်လီဂရမ်ချန်နယ် ဖြစ်ပါသည်။
Download Telegram
ရေစကြိုမြို့နယ်တွင် ဗကသများအဖွဲ့ချုပ်မှ ကျောင်းသားများနှင့် တွေ့ဆုံဆွေးနွေးပွဲတရပ် ပြုလုပ်

မတ်လ ၁၈ ရက်၊ ၂၀၂၅

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ရေစကြိုမြို့နယ်မှာရှိတဲ့ ပြည်သူ့အခြေပြု ကျောင်းတကျောင်းမှာ တွေ့ဆုံဆွေးနွေးပွဲတရပ်ကို ဒီကနေ့ နေ့လယ်ပိုင်းမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ဒီဆွေးနွေးပွဲမှာတော့ သမဂ္ဂရဲဘော်တွေကနေ ကျောင်းသားသမဂ္ဂပေါ် ပေါက်လာပုံ သမိုင်းအကျဉ်းချုပ်နဲ့ ဗမူ ၆ ချက်ကို ရှင်းလင်းတင်ပြပြီး လက်ရှိတော်လှန်ရေးအခြေအနေတွေနဲ့ ပညာရေးနဲ့နိုင်ငံရေး နီးနီးကပ်ကပ် ဆက်စပ်နေပုံကို တက်ရောက်လာတဲ့ ကျောင်းသားတွေနဲ့အတူ ဆွေးနွေးခဲ့ကြပါတယ်။

ဒီဆွေးနွေးပွဲကို‌တော့ ကျောင်းသားတွေ၊ ဆရာဆရာမတွေအပြင် ရပ်မိရပ်ဖတွေပါ တက်ရောက်ခဲ့ကြပါတယ်။

#ABFSU #ရေစကြို #studentsmovement
ရေစကြိုမြို့နယ်တွင် ဗကသများအဖွဲ့ချုပ်မှ ကျောင်းသားများနှင့် တွေ့ဆုံဆွေးနွေးပွဲတရပ် ပြုလုပ်

မတ်လ ၂၂ ရက်၊ ၂၀၂၅

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ရေစကြိုမြို့နယ်မှာရှိတဲ့ ပြည်သူ့အခြေပြု ကျောင်းတကျောင်းမှာ တွေ့ဆုံဆွေးနွေးပွဲတရပ်ကို ဒီကနေ့ မနက်ပိုင်းမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ဒီဆွေးနွေးပွဲမှာတော့ သမဂ္ဂရဲဘော်တွေက ဦးဆောင်ပြီး ကျောင်းသားသမဂ္ဂပေါ် ပေါက်လာပုံ သမိုင်းအကျဉ်းချုပ်၊ ဗကသများအဖွဲ့ချုပ်ရဲ့တော်လှန်ရေးရပ်တည်ချက်အမြင်နဲ့ ဗမူ ၆ ချက်ကို ရှင်းလင်းတင်ပြပြီး လက်နက်ကိုင်တိုက်ပွဲသဏ္ဌာန်ကိုအခြားတိုက်ပွဲသဏ္ဌာန်တွေနဲ့ ပေါင်းစပ်ဖို့ လိုအပ်ကြောင်းကို တက်ရောက်လာတဲ့ ကျောင်းသားတွေနဲ့အတူ ဆွေးနွေးခဲ့ကြပါတယ်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်

#ABFSU #ရေစကြို #studentsmovement #Oway
ဗကသများအဖွဲ့ချုပ်က ဘုတလင်မြို့နယ်တွင် မြေအောက်ဆေးရုံဆောက်လုပ်ရေးအတွက် ကူညီလှူဒါန်း

မတ်လ ၂၆ ရက်၊ ၂၀၂၅

ဘုတလင်မြို့နယ် ကျောင်းသားများသမဂ္ဂ (‌ဗကသများအဖွဲ့ချုပ်) က မတ်လ ၂၄ ရက် ၂၀၂၅ ရက်မှာ ဘုတလင်မြို့နယ်တွင်း မြေအောက်ဆေးရုံဖြစ်ပေါ်ရေးအတွက် ရံပုံငွေရှာဖွေရေးမှာ ဝိုင်းဝန်းကူညီခဲ့ကြပြီး မြေအောက်ဆေးရုံဆောက်လုပ်ရေးအတွက် ရံပုံငွေများကူညီထောက်ပံ့ခဲ့ကြပါတယ်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်

#ပြည်သူ့အကျိုးဆောင်ကြ
#ABFSU
ဖက်ဆစ်တော်လှန်ရေးနေ့ နှစ် (၈၀) ပြည့် အထိမ်းအမှတ်အဖြစ် ဗကသနှင့် ဗမသမှ ရန်ကုန်မြို့အတွင်း လှုပ်ရှားမှုပြုလုပ်

မတ် လ ၂၇ ရက်၊ ၂၀၂၅ ခုနှစ်

ဖက်ဆစ်တော်လှန်ရေးနေ့ နှစ် (၈၀) ပြည့် အထိမ်းအမှတ်အဖြစ် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်နဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများ သမဂ္ဂတို့ စုပေါင်းပြီး ရန်ကုန်မြို့တနေရာမှာ နိုင်ငံရေးဟောပြောမှု လှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ကြပါတယ်။

ဖက်ဆစ်နယ်ချဲ့ကို တော်လှန်ခဲ့တဲ့နေ့အဖြစ် သတ်မှတ်ခံခဲ့ရတဲ့ ဒီလိုနေ့ထူးနေ့မြတ်ကို နေဝင်းစစ်အစိုးရက တပ်မတော်နေ့လို့ အမည်ပြောင်းသိမ်းပိုက်ခဲ့တာတွေနဲ့ စစ်အုပ်စုအဆက်ဆက်ရဲ့ ဖိနှိပ်မှုတွေကို လူထုသိအောင် အသိပေးပြောကြားခဲ့ပြီး တဆက်တည်းမှာပဲ ဒီစစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ချေမှုန်းကြဖို့ရာ ‌နှိုးဆော်ထားပါတယ်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်

#ABFSU #AntiFascistDay #StudentsMovement #WomensMovement
ဖက်ဆစ်တော်လှန်ရေးနေ့ နှစ်(၈၀)ပြည့် အထိမ်းအမှတ်အဖြစ် ပုလဲမြို့တွင် ဗကသက စာစောင်များဖြန့်ဝေ

မတ်လ ၂၇ ရက်၊ ၂၀၂၅ ခုနှစ်

ပုလဲမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ပုလဲမြို့နယ်မှာရှိတဲ့ ပြည်သူ့အခြေပြုကျောင်းတကျောင်းက ကျောင်းသားတွေ၊ ဆရာဆရာမတွေနဲ့ ဒေသခံပြည်သူတွေကို ဖက်ဆစ်တော်လှန်ရေးနေ့ နှစ်(၈၀)ပြည့် အထိမ်းအမှတ်အဖြစ် တော်လှန်ရေးနေ့ သမိုင်းကြောင်းများကို မျှဝေတဲ့ စာစောင်တွေ ဖြန့်ဝေခဲ့ကြပါတယ်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်

#ABFSU #AntiFascistDay #ဖက်ဆစ်တော်လှန်ရေးနေ့ #studentsmovement