All Burma Federation Of Student Unions
1.15K subscribers
7.76K photos
108 videos
642 links
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ၏ တရားဝင် တယ်လီဂရမ်ချန်နယ် ဖြစ်ပါသည်။
Download Telegram
ကနီမြို့နယ်တွင် ဗကသများအဖွဲ့ချုပ်က လူထုတွေ့ဆုံ
ဆွေးနွေးပွဲနှင့် လေကြောင်းအန္တရာယ်ကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲများ ပြုလုပ်

မတ်လ ၄ ရက်၊ ၂၀၂၅

ကနီမြို့နယ် ပြည်သူ့အခြေပြုကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ဦးဆောင်ပြီး ကနီမြို့နယ် တနေရာမှာ လူထုနဲ့အတူ တွေ့ဆုံဆွေးနွေးပွဲတရပ် ကျင်းပပြုလုပ်ခဲ့ပါတယ်။

သမဂ္ဂရဲဘော်တွေ ဦးဆောင်ပြီး လူထုနဲ့အတူ လက်ရှိတော်လှန်ရေးအခြေအနေတွေနဲ့ ဗကသများအဖွဲ့ချုပ်‌ပေါ်ပေါက်လာပုံသမိုင်း‌ အကျဉ်းချုပ်ကို ချပြဆွေးနွေးခဲ့ပြီး လက်နက်ကိုင်တိုက်ပွဲသဏ္ဌာန်ကို အခြားတိုက်ပွဲသဏ္ဌာန်တွေနဲ့ ပေါင်းစပ်ဖို့ လိုအပ်ကြောင်း ဆွေးနွေးခဲ့ကြပါတယ်။

တဆက်တည်းမှာပဲ သမဂ္ဂရဲဘော်တွေက ဦးဆောင်ပြီး လေကြောင်းအန္တရာယ်ကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲတရပ်ကိုလည်း ပြည်သူလူထုနဲ့အတူ ဆွေးနွေး‌ပြောဆိုခဲ့ကြပါတယ်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်

#ABFSU #လူထုတွေ့ဆုံဆွေးနွေးပွဲ #ကန#ဗကသ #လေကြောင်းအန္တရာယ်ကာကွယ်ရေး
ကနီမြို့နယ်တွင် ဗကသများအဖွဲ့ချုပ်မှ လေကြောင်းအန္တရာယ်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ပြုလုပ်

မတ်လ ၆ ရက်၊ ၂၀၂၅

ကနီမြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ဦးဆောင်ပြီး ကနီမြို့နယ်တနေရာမှာ လေးကြောင်းအန္တရာယ်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲတရပ်ကို ဒီနေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။

ဒီဟောပြောပွဲမှာတော့ ယခုလက်ရှိ စစ်ကောင်စီက အသုံးပြုတိုက်ခိုက်နေတဲ့ Paramotor၊ လေကြောင်းအန္တရာယ်နဲ့ ပတ်သက်တဲ့ အသိပေး‌စရာတွေအပြင် ပြည်သူလူထုအနေနဲ့ မိမိကိုယ်ကို ကာကွယ်နိုင်တဲ့ နည်းလမ်းတွေကို အသိပေးနှိုးဆော်ခဲ့ပြီး တော်လှန်ရေးရှည်ကြာလာတာနဲ့အမျှ ညည်းငွေ့အားလျော့မသွားဘဲ တော်လှန်ရေးအပေါ် ဆက်လက်ယုံကြည်ပြီး လမ်းကြောင်းမသွေဖီသွားဖို့နဲ့ နိုင်ရာနည်းလမ်းတွေနဲ့ ဆက်လက်တော်လှန်ကြဖို့ရာ ဆွေးနွေးဟောပြောခဲ့ကြပါတယ်။

#ABFSU #KNSU #ကန#လေကြောင်းအန္တရာယ် #airstrike #paramotor
"သပိတ်မှောက်ကျောင်းသားများရဲ့ လုပ်ရပ်ဟာ တိုင်းပြည်တည်ငြိမ်မှုကို ခြိမ်းခြောက်နေတယ်" -

ကာလုံအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးကိုကို၏ သပိတ်မှောက်ကျောင်းသားများအပေါ် သဘောထား (၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ရက်)
____

လွန်ခဲ့တဲ့ ၁၀ နှစ်၊ မတ်လ ၁၀ ရက်နေ့မှာ အကြမ်းဖက်စစ်အုပ်စုရဲ့ ရဲတပ်ဖွဲ့ဝင်တွေက လက်ပံတန်းမှာ ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ကျောင်းသားတွေ၊ ဝန်းရံပြည်သူတွေကို အကြမ်းဖက်ရိုက်နှက်ဖမ်းဆီးပြီး ဒီမိုကရေစီပညာရေးသပိတ်စစ်ကြောင်းကို ရက်ရက်စက်စက် ဖြိုခွဲခဲ့ပါတယ်။

ဒီသပိတ်စစ်ကြောင်းမှာတော့ ကျောင်းသားတွေက အမျိုးသားပညာရေးဥပဒေကို ပြန်လည်ပြင်ဆင်ပြီး ဒီမိုကရေစီပညာရေးရရှိဖို့အတွက် အဓိကထားတောင်းဆိုခဲ့ကြပါတယ်။ ကျောင်းသားတွေက "အဖမ်းခံမယ်၊ အကြမ်းမဖက်ဘူး"လို့ ညှိနှိုင်းခဲ့သည့်တိုင် သိန်းစိန်ခေါင်းဆောင်တဲ့ စစ်အုပ်စုရဲ့ ရဲတပ်ဖွဲ့ဝင်တွေက ကျောင်းသားတွေကို လက်သီးနဲ့ကပ်ထိုးတာ၊ စစ်ဖိနပ်နဲ့ ခြေထောက်ကို နင်းတာ၊ ဆေးလိပ်မီးနဲ့ ထိုးတာ‌၊ လက်ကိုင်တုတ်နဲ့ရိုက်တာ စသဖြင့် အကြမ်းဖက်ရိုက်နှက်ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ကျောင်းသားတွေက စုံစမ်းရေးကော်မရှင်ဖွဲ့ပြီး ဒီဖြစ်စဉ်ကို စုံစမ်းစစ်ဆေးဖို့ တောင်းဆိုတဲ့အခါမှာလည်း မြန်မာအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ‌"ရေသန့်ဗူးတလုံးကျလို့ အကြမ်းဖက်မှုဖြစ်ပွားရတယ်"လို့ လီဆယ်ပြီး "မတရားအကြမ်းဖက်"၊ "ငြိမ်းချမ်းစွာဆန္ဒပြ"ဆိုတဲ့ စကားလုံးတွေကို ရှောင်ပြီး စစ်အုပ်စုရဲ့ လုပ်ရပ်တွေကို ဖာထေးပေးတဲ့ သဘောထားတရပ် ထုတ်ပြန်ခဲ့ပါတယ်။
_

ကျောင်းသားတွေရဲ့ ဒီမိုကရေစီပညာရေးသပိတ်မှောက်လှုပ်ရှားမှု ဆယ်နှစ်ကြာခဲ့သည့်တိုင် သပိတ်ရဲ့ တောင်းဆိုချက်ဖြစ်တဲ့ ဒီမိုကရေစီပညာရေးကို မရရှိသေးတဲ့အပြင် စစ်အုပ်စုရဲ့ ရက်ရက်စက်စက်ဖိနှပ်‌မှုတွေကို ကျောင်းသားတွေက ခါးစည်းခံနေကြရဆဲ ဖြစ်ပါတယ်။

#Oway #ABFSU #UYSU #၂၀၁၅ပညာရေးသပိတ် #ဒီမိုကရေစီပညာရေးသပိတ်စစ်ကြောင်း #အမျိုးသားပညာရေးဥပဒေပြန်လည်ပြင်ဆင်ရေး #studentsunion #studentsmovement