All Burma Federation Of Student Unions
1.15K subscribers
7.76K photos
108 videos
642 links
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ၏ တရားဝင် တယ်လီဂရမ်ချန်နယ် ဖြစ်ပါသည်။
Download Telegram
ဗကသများအဖွဲ့ချုပ်က ဘုတလင်မြို့နယ်အတွင်း စက်တပ်လေထီး (Paramotor) အန္တရာယ်ကာကွယ်ရေး သတိပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

မတ်လ ၂ ရက် ၂၀၂၅

ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)က ဘုတလင်မြို့နယ်တွင်းရှိ ရပ်ရွာနေလူထုအား စက်တပ်လေထီး (Paramotor) အန္တရာယ်ကာကွယ်ရေးသတိပေး လက်ကမ်းစာစောင်များကို ဒီကနေ့မှာ ဖြန့်ဝေခဲ့ကြပါတယ်။

ဒီလက်ကမ်းစာစောင်မှာ အကြမ်းဖက် စစ်ကောင်စီက လက်ရှိအသုံးပြုနေတဲ့ စက်တပ်လေထီး (Paramotor) နဲ့ပတ်သတ်တဲ့အချက်အလက်တွေ၊ သရုပ်ပြပုံတွေ၊ အကျဥ်းချုပ်ပါရှိပြီး တိုက်ခိုက်မှုဖြစ်ပေါ်လာချိန်မှာ ကာကွယ်တိမ်းရှောင်နိုင်မယ့် အချက်အလက်‌တွေကို ဖော်ပြထားပါတယ်။

သတင်းနှင့် ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်

#ABFSU #ဘုတလင် #လေကြောင်းအန္တရာယ် #စက်တပ်လေထီး #paramotor
တနင်္သာရီမြို့နယ်ကျောင်းသားများသမဂ္ဂမှ စက္ကူလေယာဉ်ပေါ် လှုံ့ဆော်စာများ ဖြန့်ဝေ

မတ်လ ၃ ရက်၊ ၂၀၂၅

တနင်္သာရီမြို့နယ် ကျောင်းသားများသမဂ္ဂ ‌(ဗကသများအဖွဲ့ချုပ်)က တနင်္သာရီမြို့နယ်အတွင်း ယမန်နေ့ မတ်လ ၂ရက်နေ့က စက္ကူလေယာဉ်ပေါ်မှာ စစ်အာာဏာရှင်စနစ် ဆန့်ကျင်ရေး လှုံ့ဆော်စာဖြန့်ဝေပြီး ဖက်ဆစ်စစ်အုပ်စုရဲ့ အကြမ်းဖက်လေကြောင်းတိုက်ခိုက်မှုကို ဆန့်ကျင်သပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်

#ABFSU #လေကြောင်းရန် #သပိတ် #မတ်လ၂ရက် #airstrike