All Burma Federation Of Student Unions
1.15K subscribers
7.76K photos
108 videos
642 links
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ၏ တရားဝင် တယ်လီဂရမ်ချန်နယ် ဖြစ်ပါသည်။
Download Telegram
🚨 ဗကသများအဖွဲ့ချုပ် နိုင်ငံခြားရေးရာကော်မတီက ထုတ်ဝေတဲ့ စာစဉ် 🚨

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် နိုင်ငံခြားရေးရာကော်မတီ (ABFSU - Foreign Affairs Committee) က ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ မှာ "Burma Update" စာစဉ်ကို ထုတ်ဝေလိုက်ပါတယ်။ ဒီစာစဉ်မှာ စစ်ကောင်စီရဲ့ ဖိနှိပ်မှုတွေအကြား ဗမာပြည်သူလူထုတရပ်လုံး ဒီမိုကရေစီရေးနဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးအတွက် ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်နေတဲ့အကြောင်းတွေကို ရေးသားဖော်ပြထားတဲ့အပြင် နိုင်ငံတကာပြည်သူလူထုအနေနဲ့လည်း ဝန်းရံပေးကြဖို့ တိုက်တွန်းထားပါတယ်။

📖 စာစဉ်ထဲမှာဘာတွေပါလဲ

★ မတရားစစ်မှုထမ်း ဥပဒေအပါအဝင် ပြည်သူလူထု ကြုံတွေ့နေရတဲ့ အခက်အခဲတွေ

★ ဗမာပြည်သူလူထုရဲ့ ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံ

★ USAID နဲ့ စစ်ရှောင်စခန်းက ပြည်သူများ

★ မတရားစစ်မှုထမ်းဆင့်ခေါ်ခံရလို့ တိမ်းရှောင်လာတဲ့ တော်လှန်ရေးထဲက ရဲဘော်တဦးရဲ့ ကိုယ်တွေ့အတွေ့အကြုံ

★ အကြမ်းဖက်အာဏာသိမ်း စစ်အုပ်စု ကျူးလွန်ခဲ့တဲ့ မတရားဖမ်းဆီးမှု၊ သတ်ဖြတ်မှုနဲ့ လေကြောင်းတိုက်ခိုက်မှုစာရင်း

🌏 ဒီစာစဉ်ဟာ လက်ရှိ ဗမာပြည်မှာ ဘာဖြစ်နေလဲဆိုတာ ဖော်ပြထားတဲ့အပြင် နိုင်ငံတကာ့ပြည်သူလူထုတရပ်လုံးကို ကျနော်တို့နဲ့ အတူတကွရပ်တည်ပြီး ဖက်ဆစ်ဝါဒ၊ စစ်ဝါဒနဲ့ နယ်ချဲ့စနစ်ကို ဆန့်ကျင်တိုက်ပွဲဝင်ဖို့ စည်းရုံးနှိုးဆော်တဲ့ ဗကသရဲ့အသံလည်း ဖြစ်ပါတယ်။

📢 ကျနော်တို့ရဲ့ကြွေးကြော်သံကဘာတွေလဲ

★ စစ်သုံးစစ်ကိုအမြစ်ဖြတ်ကြ

★ မတရားစစ်မှု့ထမ်းဥပဒေကိုဆန့်ကျင်ကြ

★ အတုအယောင်ရွေးကောက်ပွဲအလိုမရှိ

★ အတုအယောင်ငြိမ်းချမ်းရေးအလိုမရှိ

👉 ဖတ်ပါ၊ ဝေမျှပါ၊ ပါဝင်လှုပ်ရှားပါ။

📕ပုံနှိပ်ထားသောစာအုပ်ကို ဝယ်ယူအားပေးလိုပါက (U.S. only)

www.facebook.com/myanmarstudentunion

https://tinyurl.com/ABFSU25us

🔗 ဒေါင်းလုတ်ရယူရန်
https://archive.org/details/burma-update-feb-25/Burma%20Update%20Feb%2025%20%281%29.pdf

📝 ဗကသများအဖွဲ့ချုပ် နိုင်ငံခြားရေးရာကော်မတီ မှ ထုတ်ဝေသည်။

(English Version) :

🚨 NEW PUBLICATION ALERT! 🚨

All Burma Federation of Student Unions (ABFSU) proudly presents Burma Update: February 25, 2025 - a powerful, urgent call to action. This issue sheds light on the junta’s atrocities, amplifies the struggles of the people of Burma, and calls for International solidarity.

📖 Inside this issue:

★ The brutal impact of forced military conscription

★ The ongoing struggle for democracy and justice

★ USAID & Burmese Refugees

★ The voices of revolutionaries fighting for a liberated Burma

★ Updates on arrests, killings, and airstrikes

🌏This publication is more than just an update - it’s a CALL TO ACTION. Stand with the people of Burma as we fight against fascism, militarism, and imperialism.

📢 Our demands:

★ Overthrow the military dictatorship
★ End forced conscription and state violence
★ No Justice, No Peace

👉 Read, share, and take action. The people of Burma need YOU.

📕Support us and get a copy [U.S. only] $15/ per copy [shipping not included]

Instagram @abfsu.msu

www.facebook.com/myanmarstudentunion

https://tinyurl.com/ABFSU25us

🔗 Digital Copy: https://archive.org/details/burma-update-feb-25/Burma%20Update%20Feb%2025%20%281%29.pdf

📝 Published by ABFSU Foreign Affairs Committee
#WhatsHappeningInMyanmar #ABFSU #FAC #Solidarity #Internationalism #BurmaUpdates
မတရားစစ်မှုထမ်းဥပဒေကို ဘယ်လိုရှုမြင်မလဲ

မြတ်ကို | ဆောင်းပါး | အိုးဝေစာစောင်

စစ်မှုထမ်းကိစ္စကို ရှုမြင်တဲ့အခါမှာ အစွန်းနှစ်ဘက် ရှိပါတယ်။ ပထမအစွန်းကတော့ ရန်သူကို အထင်သေးခြင်းဖြစ်ပြီး ဒုတိယအစွန်းကတော့ ရန်သူကို အထင်ကြီးခြင်းဖြစ်ပါတယ်။ ဒီအစွန်းနှစ်ဘက်လုံးကို ကျနော်တို့ ရှောင်ရပါလိမ့်မယ်ခင်ဗျာ။

“စစ်မှုထမ်းခေါ်ရင် လိုက်သွားပေါ့ကွာ၊ ပြီးမှ သူတို့လက်နက်တွေယူပြီး ထွက်ပြေးကြပေါ့၊ သူတို့လက်နက်တွေနဲ့ သူတို့ကို ပြန်တော်လှန်ကြပေါ့” ဆိုတာမျိုးဟာ အပျော်တမ်းဆန်လွန်းတဲ့ အလွယ်တွေးခြင်းပါပဲ။ မတရားစစ်မှုထမ်းကိစ္စကို ဒီလောက် ပေါ့ပေါ့တန်တန် စဉ်းစားလို့ မဖြစ်ပါ၊ ဒီလောက်လည်း မလွယ်ကူပါ။ အလားတူပဲ “စစ်မှုထမ်းဖို့လာခေါ်ရင် ငွေနဲ့ ရှင်းလိုက်မှာပေါ့” ဆိုတဲ့ အတွေးမျိုးလည်း ရှိတတ်ပါတယ်။ ဒီနေရာမှာ ကိုယ်က အခေါက်ခေါက်အခါခါ ငွေပေးနေနိုင်မလားဆိုတာကို ထည့်တွက်ရမှာပါ။ ရန်သူ့အောက်ခြေပိုင်းကတော့ သူတို့ရဲ့ ရတနာပင်ကြီးဆိုပြီး အားတိုင်း တံခါးလာခေါက်နေမှာပါပဲ။ သူတို့တောင်းသလောက် အခါခါ ပေးနေနိုင်ပါတယ်ဆိုရင်တောင် နောက်ဆုံးမှာ ရန်သူ့ဘက်က အင်အား အလွန်အမင်း လိုအပ်လာတဲ့အခါ ငွေနဲ့လည်း ဖြေရှင်းဖို့ ခက်ပါလိမ့်မယ်။ အခုတောင်ပဲ ငွေလက်ခံပြီး လူစားထိုးပေးတဲ့ သူတို့အောက်ခြေယန္တရားတွေကို ရန်သူက ကြပ်မတ်တာတွေ လုပ်လာပါပြီ။ နိုင်ငံခြားထွက်ဖို့ကလည်း မလွယ်ကူတော့ပါ။ ဒါတွေကြောင့် “ကြုံလာရင် ငွေနဲ့ရှင်းလိုက်မှာပေါ့” ဆိုပြီး အလွယ်တွေးလို့ မရနိုင်ပါ။ စစ်မှုထမ်းကိစ္စက ဒီလောက်လည်း မဆိုးပါဘူးဆိုပြီး ပေါ့ပေါ့တွေးနေလို့တော့ မဖြစ်ပါဘူးခင်ဗျာ။

ဒီလိုအပျော်တမ်းဆန်ဆန် ရှုမြင်ပုံတွေက ရန်သူကို အထင်သေးခြင်းကနေ ပေါက်ဖွားလာပါတယ်။ ဒီအစွန်းကို မရှောင်မိရင် စစ်မှုထမ်းကိစ္စနဲ့ နဖူးတွေ့ ဒူးတွေ့ ကြုံရတဲ့အခါ လုံလောက်တဲ့ ကြိုတင်ပြင်ဆင်မှုဆိုလို့ ဘာမှမရှိဘဲ ငုတ်တုပ်မေ့ရပါလိမ့်မယ်။ ဒါကြောင့် စစ်မှုထမ်းကိစ္စကို ဒီလို အပျော်တမ်းဆန်ဆန် ရှုမြင်တာဟာ မှားပါတယ်။ ရန်သူကို အထင်သေးတာဟာ မှားပါတယ်။ ကိုယ်က ဒီအတွေးမျိုးကို ဆုပ်ကိုင်ထားမိရင် ချက်ချင်း လွှတ်ချပစ်ဖို့ လိုပါတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ ဒီအမြင်မျိုး ရှိနေရင်လည်း နားလည်အောင် ဆွေးနွေးပြီး တိုက်ဖျက်ပစ်ဖို့လိုပါတယ်။

နောက်အစွန်းတဖက်ကတော့ ရန်သူကို အထင်ကြီးခြင်းပါပဲ။ “မတရားစစ်မှုထမ်းဥပဒေကြောင့် ရန်သူကတော့ အင်အားဘယ်လောက်တောင် ရသွားပြီ။ ဒါကို ကျနော်တို့က မတားဆီးနိုင်ခဲ့ဘူး။ ဒါကြောင့် ကျနော်တို့တော့ ရှုံးပါပြီ” ဆိုတဲ့ အမြင်ဟာ ရန်သူကို အထင်ကြီးခြင်းပါပဲ။ ဒီအမြင်ဟာ မှားပါတယ်။ ရန်သူကို အထင်ကြီးခြင်းဟာ မှားပါတယ်။ ဒီလိုအတွေးမျိုးရှိရင် စိတ်ဓာတ်ကျတာတွေ၊ မိမိအင်အားစုကို အထင်သေးတာတွေ၊ တော်လှန်ရေးအဆိုးမြင်စိတ်များတာတွေ ဖြစ်လာတတ်ပါတယ်။ ဒါဟာ အန္တရာယ်ကြီးပါတယ်။ ဒါကြောင့် ရန်သူကို အထင်ကြီးတဲ့အတွေးအမြင်မျိုးကို ကိုယ်က ဆုပ်ကိုင်ထားမိရင် ချက်ချင်း လွှတ်ချပစ်ဖို့ လိုပါတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ ဒီလိုအမြင်မျိုး ရှိနေရင်လည်း အကျေအလည်ဆွေးနွေးပြီး တိုက်ဖျက်ပစ်ရပါလိမ့်မယ်။

စစ်မှုထမ်းကိစ္စကို သုံးသပ်တဲ့အခါ ဘက်တဘက်တည်းကနေ ကြည့်ရင် မပြည့်စုံပါဘူး။ ရန်သူကို အထင်ကြီးခြင်းအစွန်းဟာ ဒီလို မပြည့်စုံတဲ့ သုံးသပ်ချက်ကနေ မြစ်ဖျားခံလာပါတယ်။ ရန်သူ့ဘက်၊ မိမိဘက်၊ ရန်သူ့နစ်နာချက်၊ မိမိနစ်နာချက်၊ ရန်သူ့အခွင့်အလမ်း၊ မိမိအခွင့်အလမ်း စတာတွေကို ခြုံငုံပြီး ဘက်ပေါင်းစုံက ချဉ်းကပ်မှသာ ပြည့်စုံပါလိမ့်မယ်။ ဒီလိုသုံးသပ်မှသာ မှန်ကန်တဲ့အဖြေကို ရနိုင်ပါတယ်။

မတရားစစ်မှုထမ်းကိစ္စဟာ ရန်သူ့အတွက် အကျိုးဖြစ်နေလား၊ အောင်မြင်နေလားဆိုတာကို သူတို့စုဆောင်းလို့ရတဲ့ လူအရေအတွက်ကိုပဲ ကြည့်ပြီး ဆုံးဖြတ်လို့ မဖြစ်ပါဘူး။ အရေအတွက်တင်မဟုတ်ဘဲ အရည်အချင်းကိုလည်း ကြည့်ရပါမယ်။ ဒီနေရာမှာ အရည်အချင်းဆိုတာဟာ စိတ်ဓာတ်ကိုသာ ဆိုလိုပါတယ်။ စစ်တိုက်ရာမှာ စိတ်ဓာတ်ဟာ အရေးအကြီးဆုံးအရာတွေထဲက တခုဖြစ်ပါတယ်။ ဒါ့အပြင် စိတ်ဓာတ်ပျက်ခြင်းဟာ ကူးစက်လွယ်ပါတယ်။ စိတ်ဓာတ်ပျက်နေသူကို ရိုက်နှက်ကြိမ်းမောင်းရင်လည်း ပိုပြီးစိတ်ဓာတ်ပျက်စေတာသာ ရှိပါလိမ့်မယ်။ ပေါ်တာဆွဲခံရသူများဟာ ရန်သူ့စစ်တပ်ထဲရောက်တဲ့အခါ ပျော်ပျော်ရွှင်ရွှင် တက်တက်ကြွကြွနဲ့ စစ်တိုက်သူရယ်လို့တော့ အင်မတန်ရှားပါတယ်။ မတတ်သာလို့သာ ပါသွားကြရသူတွေပါ။ သူတို့ရဲ့ စိတ်ညစ်ညူးမှု၊ တွေဝေမှု၊ အိမ်လွမ်းမှု၊ စိတ်ဓာတ်ကျမှုတွေဟာ ရန်သူ့တပ်တွင်းမှာ အုံနဲ့ကျင်းနဲ့ ဖြစ်လာပါလိမ့်မယ်။ နဂိုရှိပြီးသား ရန်သူ့စစ်သားတွေဆီကိုလည်း ဒီစိတ်ဓာတ်ကျမှုတွေက ကူးစပ်ရောဂါလို ပျံ့နှံ့သွားပါလိမ့်မယ်။ ဒီလိုစိတ်ဓာတ်ပျက်တဲ့ တပ်သားအရေအတွက်များလာတဲ့အခါ ရန်သူ့တပ်တခုလုံးရဲ့ အရည်အချင်းဟာလည်း စိတ်ဓာတ်ပျက်ခြင်းသာ ဖြစ်လာပါလိမ့်မယ်။ လက်နက်ချတာတွေ၊ တပ်ပျက်တာတွေ အခုထက် ပိုကြုံရပါလိမ့်မယ်။ ဒါဟာ ရန်သူ့တပ်ကို အတွင်းကနေ ချည့်နဲ့အောင် လုပ်ခြင်းတမျိုးပါပဲ။ မတရားစစ်မှုထမ်းကိစ္စက ရန်သူ့အတွက် အကျိုးရှိသလား၊ အောင်မြင်သလားလို့ သုံးသပ်ရာမှာ ဒီအချက်ကိုပါ ထည့်ကြည့်ဖို့ လိုပါတယ်။
နောက်ထပ် ထည့်စဉ်းစားသင့်တဲ့ အကြောင်းအရာကတော့ စစ်မှုထမ်းကိစ္စရဲ့ နောက်ဆက်တွဲတွေပါပဲ။ စစ်မှုထမ်းကိစ္စဟာ ကျနော်တို့ ပြည်သူလူထုတရပ်လုံးကို အတော်လေး အထိနာစေပါတယ်။ ညီအစ်ကိုအချင်းချင်း ပြန်သတ်ခိုင်းတဲ့ဇာတ်ပါပဲ။ ရန်သူ့လုပ်ရပ်က အတော်အသည်းနာစရာပါ။ မြို့တွေ ရွာတွေမှာ လူငယ်မရှိတော့ပါဘူး။ မတရားစစ်မှုထမ်းဥပဒေ ထုတ်လိုက်တာဟာ ပြတ်သားပြီးသား ရန်/ငါ စည်းကို ပိုထင်ရှားအောင် ရန်သူက ထုံးသုတ်ပေးလိုက်တာပါပဲ။ အရင်က မပြတ်မသားဖြစ်သူတွေတောင် စစ်မှုထမ်းကိစ္စက တံခါးလာခေါက်တော့ ပြတ်သားလာရပါတယ်။ ရန်သူ့တပ်ထဲဝင်မလား၊ ရန်သူကို တော်လှန်မလားဆိုတဲ့ အခြေစိုက်အောင် ရန်သူကိုယ်တိုင်က တွန်းပို့နေတာပါ။ ဒါကြောင့်လည်း “ဒီလောက်ဆိုးယုတ်လှတဲ့ ရန်သူ့တပ်ထဲတော့ မဝင်ဘူး၊ မတတ်သာတဲ့အဆုံးမှာ တော်လှန်ရေးကိုသာ ရွေးတယ်” ဆိုတဲ့လူတွေ အများအပြား ပေါ်လာပါတယ်။ ဒေါပုံမှာ လူစာရင်းလာကောက်သူကို အိမ်ရှင်က မီးရှို့တာတွေ ဖြစ်လာပါတယ်။ အောင်လံမှာ စစ်မှုထမ်းဖို့လာခေါ်တဲ့ ရဲနဲ့ ပျူစောထီးကို အိမ်ရှင်က ဓားနဲ့ခုတ်တာတွေ ဖြစ်လာပါတယ်။ တော်လှန်ရေးအဖွဲ့အစည်းတွေမှာ လူသစ်တွေ တိုးလာပါတယ်။ ပြည်သူလူထုကြီး တရပ်လုံးရဲ့ ဒေါသဟာ ကြိမ်မီးအုံးသလို အပူပြင်းဆုံးဖြစ်နေပါပြီ။ ဒါတွေဟာ စစ်မှုထမ်းကိစ္စရဲ့ ဘေးထွက်ကောင်းကျိုးတွေ ဖြစ်ပါတယ်။ မတရားစစ်မှုထမ်းကိစ္စဟာ ရန်သူ့အတွက် အကျိုးရှိသလား၊ အောင်မြင်သလားလို့ သုံးသပ်ရာမှာ ဒီအချက်ကိုလည်း ထည့်တွက်ရပါလိမ့်မယ်။

ပြန်ချုပ်ရရင်တော့ စစ်မှုထမ်းကိစ္စကို ရှုမြင်ရာမှာ ရန်သူကို အထင်သေးခြင်းအစွန်းနဲ့ ရန်သူကို အထင်ကြီးခြင်းအစွန်းဆိုပြီး အစွန်းနှစ်ဘက် ရှိပါတယ်။ ဒီအစွန်းနှစ်ဘက်လုံးဟာ မှားပါတယ်။ စစ်မှုထမ်းကိစ္စကို အပျော်တမ်းဆန်ဆန် အလွယ်တွေးတာဟာ မှားပါတယ်။ အရေးကြုံတဲ့အခါ ငုတ်တုပ်မေ့ရပါလိမ့်မယ်။ စစ်မှုထမ်းကိစ္စကို ဘက်တဘက်တည်းက ကြည့်ပြီး မပြည့်မစုံသုံးသပ်တာဟာလည်း မှားပါတယ်။ စိတ်ဓာတ်ကျခြင်းနဲ့ တော်လှန်ရေးအဆိုးမြင်မှုတွေကိုသာ ဖြစ်စေပါလိမ့်မယ်။ ဒါကြောင့် ဒီအစွန်းနှစ်ဘက်လုံးကို ပြတ်ပြတ်သားသား ဆန့်ကျင်ဖို့လိုပါတယ်။ စစ်မှုထမ်းကိစ္စဟာ မိမိတို့အတွက် နစ်နာသလို ရန်သူကိုလည်း နစ်နာစေတာ မြင်အောင်ကြည့်ရပါမယ်။ ရန်သူ့အတွက် အခွင့်အလမ်းဖြစ်သလို မိမိတို့တော်လှန်ရေးအတွက်လည်း အခွင့်အလမ်းတွေဖြစ်စေတာကို မြင်အောင်ကြည့်ရပါမယ်။ ဒီအခြေခံကနေ ရှုမြင်မှသာ မှန်ကန်မှာဖြစ်ပါတယ်။ မိမိနစ်နာချက်တွေကို ဘယ်လိုလျော့ပါးစေပြီး ရန်သူ့နစ်နာချက်တွေကို ဘယ်လိုတိုးပွားစေနိုင်မလဲ၊ ရန်သူ့အခွင့်အလမ်းတွေကို ဘယ်လိုလျော့ပါးစေပြီး မိမိအခွင့်အလမ်းတွေကို ဘယ်လို လက်ဆုပ်လက်ကိုင်ပြုနိုင်မလဲဆိုတာကို အဓိက စဉ်းစားရမှာဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်အပိုင်းကို စဉ်းစားရာမှာ အခုလို ရှင်းလင်းပြတ်သားတဲ့ အမြင်ရှိမှသာ အဆင်ချောပါလိမ့်မယ်ခင်ဗျာ။

ဒီနေရာမှာ အလျဉ်းသင့်လို့ အတိအလင်း ပြောချင်တာကတော့ ကျနော်တို့ ဗကသများအဖွဲ့ချုပ်ဟာ ရန်သူက မတရားစစ်မှုထမ်းဥပဒေကို စတင်ထုတ်ပြန်ချိန်ကနေ ဒီကနေ့အချိန်အထိ ဘယ်တုန်းကမှ ရန်သူ့အပေါ် ပြက်ရယ်ပြု အထင်သေးခဲ့တာ မရှိပါဘူး။ ဒီကိစ္စကို အလေးအနက်ထားပြီး အတတ်နိုင်ဆုံး လှုံ့ဆော်ခဲ့ပါတယ်၊ စည်းရုံးခဲ့ပါတယ်၊ ပြင်ဆင်ခဲ့ပါတယ်၊ တိုက်ပွဲဝင်ခဲ့ပါတယ်။ ဒီလိုပဲ “စစ်မှုထမ်းဥပဒေကြောင့် ရန်သူစစ်အုပ်စုတော့ အင်အားကြီးထွားကုန်ပါပြီ၊ ငါတို့တော့ ရှုံးနိမ့်နေပါပြီ” လို့လည်း ဘယ်တုန်းကမှ မတွေးခဲ့ပါဘူး။ ဗကသဟာ ဘယ်တုန်းကမှ ကြောက်စိတ်မဝင်ခဲ့ပါ။ ရန်သူကို အထင်လည်း မကြီးသလို အထင်လည်း မသေးပါ။ ပကတိဘာဝ ရုပ်အခြေအနေတွေအပေါ် အခြေခံပြီးသာ အရှိကို အရှိအတိုင်း ရှုမြင်သုံးသပ်ပါတယ်။ ဒီအခြေခံကနေပဲ လုပ်ငန်းစဉ်တွေကို ချမှတ်လုပ်ဆောင်ပါတယ်ခင်ဗျာ။

မတရားစစ်မှုထမ်းကိစ္စနဲ့ ပတ်သက်ရင်တော့ ကျနော်တို့ ပြည်သူလူထုတရပ်လုံးမှာ ရွေးချယ်စရာရယ်လို့ များများစားစားမရှိပါဘူး။ ရန်သူ့စစ်တပ်ထဲ ဝင်မလား၊ တော်လှန်မလားဆိုတာပဲ ရှိပါတော့တယ်။ ကျနော်တို့အတွက် တခုတည်းသောထွက်ပေါက်ဟာ တော်လှန်ရေးသာဖြစ်ပါတယ်။ ထိရောက်တဲ့နည်းနာမျိုးစုံနဲ့ တော်လှန်ရမှာဖြစ်ပါတယ်။ ဒီအတွက် စိတ်ပိုင်းဖြတ်မှုကအစ ရုပ်ဝတ္ထုပိုင်းဆိုင်ရာအဆုံး အစအစ အရာရာ ပြင်ဆင်ပြီး အားလုံးဝိုင်းဝန်းဆောင်ရွက်ကြဖို့ပါပဲခင်ဗျာ။

မြတ်ကို
ဗကသများအဖွဲ့ချုပ်

#Oway #ABFSU #UYSU #MilitaryConscription #SAC
ဗကသများအဖွဲ့ချုပ်က ကနီမြို့နယ်တွင် လူထုတွေ့ဆုံ
ဆွေးနွေးပွဲနှင့် လေကြောင်းအန္တရာယ်ကာကွယ်
ရေးအသိပညာပေးဆွေးနွေးပွဲများ ပြုလုပ်

ဖေဖော်ဝါရီလ ၂၅ ရက်၊ ၂၀၂၅

ကနီမြို့နယ် ပြည်သူ့အခြပြု ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ဦးဆောင်ပြီး ယမန်‌နေ့က ကနီမြို့နယ် တနေရာမှာ ပြည်သူလူထုနဲ့အတူ မျက်မှောက်တော်လှန်ရေးအခြေအနေတွေကို ဆွေးနွေးခဲ့ကြပါတယ်။

တဆက်တည်းမှာပဲ သမဂ္ဂရဲဘော်တွေနဲ့ ဒေသခံ တော်လှန်ရေးတပ်ဖွဲ့က ရဲဘော်တွေ ပူးပါင်းပြီး လေကြောင်းအန္တရာယ်ကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲတရပ်ကိုလည်း ပြည်သူလူထုနှင့်အတူ ဆွေးနွေး‌ပြောဆိုခဲ့ကြပါတယ်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်

##ABFSU #Oway #ကန#လူထုတွေ့ဆုံဆွေးနွေးပွဲ #လေကြောင်းအန္တရာယ်ကာကွယ်ရေး