All Burma Federation Of Student Unions
1.14K subscribers
7.8K photos
108 videos
642 links
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ၏ တရားဝင် တယ်လီဂရမ်ချန်နယ် ဖြစ်ပါသည်။
Download Telegram
Non CDM ကျောင်းသားတွေကို အပြစ်ပေးအရေးယူဖို့ စဉ်းစားရင် ဒီအချက်တွေကို မဖြစ်မနေ ထည့်သွင်းစဉ်းစားရပါလိမ့်မယ်။ မူဝါဒဆိုင်ရာကိစ္စတွေကို စဉ်းစားရာမှာ အမျှော်အမြင်ရှိဖို့ အင်မတန်အရေးကြီးပါတယ်။ တချက်မှားတာနဲ့ တနိုင်ငံလုံး ဒုက္ခရောက်မယ့်ကိစ္စပါ။ ကိုယ်တင်မက ကိုယ့်မျိုးဆက်တွေအထိပါ ဒုက္ခရောက်မှာပါ။ အဲတာကြောင့် ပစ်ကွင်းမလွဲဖို့ လိုပါတယ်။ CDM တွေကို ဘဝပျက်အောင်လုပ်တာဟာ Non CDM တွေ မဟုတ်ပါဘူး။ တရားခံဟာ စစ်အုပ်စုပါပဲ။

နိဂုံး

ဒီဆောင်းပါးတလျှောက်လုံးမှာ ကျနော်တင်ပြခဲ့တဲ့ အချက် ၅ ချက် ရှိပါတယ်။ ဒီ ၅ ချက်ကို ဒီနေရာမှာ ပြန်လည်ဖော်ပြခွင့်ပြုပါ။

(၁) လွတ်လပ်စွာ ပညာသင်ကြားခွင့်ရှိရေးဟာ အခြေခံလူ့အခွင့်အရေးဖြစ်ပါတယ်။
(၂) ကိုယ်နဲ့ အမြင်မတူတဲ့အတွက် အမြင်မတူသူရဲ့ ပညာရေးခရီးလမ်းကို ပိတ်ဆို့တားမြစ် အရေးယူတာဟာ ဗမာပြည်က စစ်အစိုးရတွေ အစဉ်တစိုက်လုပ်ခဲ့တဲ့ အာဏာရှင်လုပ်ဟန်ဖြစ်ပါတယ်။
(၃) Non CDM ကျောင်းသားတွေဟာ တော်လှန်ရေးရဲ့ ဦးတည်ရန်သူမဟုတ်ပါဘူး။ တော်လှန်ရေးအတွက် စည်းရုံးရမယ့် ကြားလူတွေဖြစ်ပါတယ်။
(၄) ကျောင်းသားတွေ စုစည်းတည်ရှိနေတဲ့ကျောင်းဟာ ရန်သူစစ်အုပ်စုအကြောက်ဆုံးအရာတွေထဲက တခုဖြစ်ပါတယ်။ ဒါကို ဗျူဟာကျကျ ချဉ်းကပ်ရပါမယ်။
(၅) Non CDM ကျောင်းသားတွေကို အပြစ်ပေးအရေးယူတာ၊ တဆင့်နှိမ့်ဆက်ဆံတာတွေဟာ‌ အနာဂတ်ပဋိပက္ခကို သန္ဓေတည်ပေးရာရောက်နိုင်ပါတယ်။

ဒီ ၅ ချက်လုံးရဲ့ နောက်ခံစဉ်းစားချက်တွေကိုလည်း အကျယ်တင်ပြခဲ့ပြီးပါပြီ။ အချုပ်ဆိုရရင်တော့ Non CDM ကျောင်းသားတွေကို အပြစ်ပေးအရေးယူရမယ်ဆိုတဲ့ကိစ္စဟာ အင်မတန် မှားယွင်းတဲ့အတွေးအခေါ်ဖြစ်ပါတယ်။ ဒီအတွေးအခေါ်ဟာ အခြေခံလူ့အခွင့်အရေးကို သားရေကြိုးလုပ်ပစ်ချင်တဲ့ အတွေးအခေါ်ပါ။ တော်လှန်ရေးသင်ပုန်းကြီးမကျေတဲ့ မီးကျိုးမောင်းပျက် အတွေးအခေါ်ပါ။ အမျှော်အမြင် နည်းပါးလွန်းတဲ့ အတွေးအခေါ်လည်း ဖြစ်ပါတယ်။

Non CDM ကျောင်းသားတွေကို အပြစ်ပေးအရေးယူမယ့်အစား ကျနော်တို့ လုပ်သင့်တဲ့အလုပ်တွေ အများအပြား ရှိပါတယ်။ CDM ကျောင်းသားတွေကို ဘယ်လိုနည်းနဲ့ ပညာရေးအာမခံချက် ပေးနိုင်မလဲ။ CDM ကျောင်းသားတွေ စဉ်ဆက်မပြတ် ပညာသင်ကြားနိုင်အောင် ဘာတွေလုပ်ပေးလို့ရမလဲ။ CDM ကျောင်းသားတွေရဲ့ ပညာရေးအဆင့်အတန်းကို နိုင်ငံတကာက အသိအမှတ်ပြုအောင် ဘယ်လိုကြိုးစားနိုင်မလဲ။ အင်တာနက်မရတဲ့ဒေသက CDM ကျောင်းသားတွေအတွက် မြေပြင်ပညာရေးကို ဘယ်လိုအားကောင်းအောင် လုပ်နိုင်မလဲ။ CDM ကျောင်းသားတွေ တော်လှန်ရေးလုပ်ရင်း ရရှိလာတဲ့ သူတို့ရဲ့ ဖြတ်သန်းမှုအတွေ့အကြုံတွေကို ပညာအရည်အချင်းတခုအနေနဲ့ ဖြစ်အောင် ဘယ်လိုစိစစ်အသိအမှတ်ပြုနိုင်မလဲ။ စသဖြင့် CDM ကျောင်းသားတွေအတွက် လက်ရှိကာလမှာတင် အကျိုးဖြစ်စေမယ့် အလုပ်တွေ အများအပြားရှိပါတယ်။ ဒါတွေကို အားကြိုးမာန်တက်လုပ်ကြရမှာပါ။ ဒါဟာ CDM ကျောင်းသားတွေကို ဂုဏ်ပြုချီးမြှင့်ရာလည်း ရောက်ပါတယ်။ Non CDM ကျောင်းသားတွေကို ဘယ်လိုအပြစ်ပေးယူမလဲဆိုတာထက် CDM ကျောင်းသားတွေကို လက်တွေ့အားဖြင့် ဘယ်လိုချီးမြှင့်ဂုဏ်ပြုနိုင်မလဲဆိုတာကို ဝိုင်းဝန်းအဖြေရှာကြဖို့ လိုအပ်နေပါတယ်ခင်ဗျာ။

မြတ်ကို
မှတ်တမ်းနှင့်သုတေသနရေးရာကော်မတီ
ဗကသများအဖွဲ့ချုပ်

#Oway #ABFSU #UYSU #CDM #NonCDM #RevolutionaryTatics
ဗကသများအဖွဲ့ချုပ်က ထွက်ရှိထားတဲ့ Non-CDM စစ်တမ်း အစအဆုံးကို ဒီ link မှာ downloadဆွဲ ရယူနိုင်ပါပြီ။

https://tinyurl.com/Owayabfsu

စာတမ်းကို လွတ်လပ်စွာ ပြန်လည်ကူးယူ ဖြန့်ဝေနိုင်ပါတယ်။


#Oway #ABFSU #CDM #NonCDM
#RevolutionaryTactics
#WhatshappeninginMyanmar
၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တဲ့ ကရင်နီပြည်လုံးဆိုင်ရာကျောင်းသားများသမဂ္ဂဟာ ဒီကနေ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၁ရက်နဲ့ ၁၂ ရက်မှာ ကရင်နီပြည်လုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂရဲ့ညီလာခံကို ကျင်းပနေပါတယ်။ ဗကသများအဖွဲ့ချုပ်အနေနဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးကို မျှော်ရည်ပြီး ကရင်နီပြည် အဖိနှိပ်ခံပြည်သူများရဲ့ အကျိုးစီးပွားကို ဦးထိပ်ထားကာ ကရင်နီပြည်လုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂကို ဤသဝဏ်လွှာကို ပေးပို့လိုက်ပါတယ်။
"ကရင်နီပြည်လုံးဆိုင်ရာကျောင်းသားများသမဂ္ဂ အဓွန့်ရှည်ပါစေ"

#ABFSU #KSSU #Karenni
ဗကသများအဖွဲ့ချုပ်နှင့် မဟာမိတ်များမှ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်။

ဒီဇင်ဘာ ၁၇ ၊ ၂၀၂၄

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်နဲ့ မဟာမိတ်အဖွဲ့တွေ ပူးပေါင်းပြီး ယမန်နေ့ ဒီဇင်ဘာလ ၁၆ရက်နေ့က "တော်လှန်ရေးသမားကို ​ေ-သေ မိန့်ချရုံနဲ့ တော်လှန်ရေးကို သ-တ်လို့မရဘူး" စာသားပါ ဘန်နာကို ရန်ကုန်မြို့တနေရာမှာ ချိတ်ဆွဲကာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

#Oway #ABFSU #massmovement #studentmovement
မြိုင်မြို့နယ်သမဂ္ဂမှ ဗိုလ်အောင်ကျော် ကျဆုံးခြင်း ၈၆ နှစ်ပြည့် အခမ်းအနားပြုလုပ်

၂၀၂၄၊ ဒီဇင်ဘာ ၂၀

မြိုင်မြို့နယ်ကျောင်းသားများသမဂ္ဂမှ ဦးဆောင်ပြီး ဒီဇင်ဘာလ ၂၀ရက်နေ့တွင် ကျရောက်သည့် '' ဗိုလ်အောင်ကျော်ကျဆုံးခြင်း ၈၆ နှစ်ပြည့် နှစ်ပတ်လည်နေ့ (ဝါ) ကျောင်းသားနေ့ အခမ်းအနားကို မြိုင်မြို့နယ်မှာ ပြုလုပ်ကျင်းပခဲ့ပါတယ် ။

အခမ်းအနားတွင် သမဂ္ဂအလံတော်အား အလေးပြုခြင်း၊ ''ကျောင်းသားနေ့'' ဆိုင်ရာ အကြောင်းအရာများ ဆွေးနွေးခြင်း၊ ကဗျာရွတ်ခြင်း၊ ဒီမိုကရေစီပညာရေးစနစ်အ‌ကြောင်း ဆွေးနွေးပြောကြားခြင်း၊ သပိတ်တရားဟောကြားခြင်းနှင့် 'ဘုံရန်သူကိုထွက်ပေါက်မပေးနဲ့' ခေါင်းစဉ်ဖြင့် လက်ရှိတော်လှန်ရေးအခြေအနေများကို ဆွေးနွေးခဲ့ကြပါတယ်။

ဗကသများအဖွဲ့ချုပ်မှ ဦးစီးပြီး ဗိုလ်အောင်ကျော် ကျဆုံးခြင်း (၈၆)နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ဘုတလင်မြို့နယ်၊ ပုလဲမြို့နယ်၊မြိုင်မြို့နယ် စသည့် နေရာအသီးသီးတွင်လည်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုများကို တပြိုင်တည်း ကျင်းပခဲ့ကြပါတယ် ။

#ABFSU #ဗိုလ်အောင်ကျော် #ကျောင်းသားနေ့ #မြိုင် #ဘုတလင် #ပုလဲ
ဘုတလင်မြို့နယ်သမဂ္ဂမှ ဗိုလ်အောင်ကျော် ကျဆုံးခြင်း ၈၆ နှစ်ပြည့် အခမ်းအနားပြုလုပ်

၂၀၂၄၊ ဒီဇင်ဘာ ၂၀

ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂမှ ဦးဆောင်ပြီး ဒီဇင်ဘာလ ၂၀ရက်နေ့တွင် ကျရောက်သည့် '' ဗိုလ်အောင်ကျော်ကျဆုံးခြင်း ၈၆ နှစ်ပြည့် နှစ်ပတ်လည်နေ့ (ဝါ) ကျောင်းသားနေ့ အခမ်းအနားကို ဘုတလင်မြို့နယ်မှာ ပြုလုပ်ကျင်းပခဲ့ပါတယ် ။

အခမ်းအနားတွင် ကျောင်းသားထုနှင့် ကျောင်းသားနေ့အကြောင်း ဆွေးနွေးခြင်း၊ သပိတ်မှောက်ခြင်း၊ သပိတ်တရားဟောကြားခြင်းများ ပြုလုပ်ခဲ့ကြပါတယ်။

ဗကသများအဖွဲ့ချုပ်မှ ဦးစီးပြီး ဗိုလ်အောင်ကျော် ကျဆုံးခြင်း (၈၆)နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ဘုတလင်မြို့နယ်၊ ပုလဲမြို့နယ်၊ မြိုင်မြို့နယ် စသည့် နေရာအသီးသီးတွင်လည်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုများကို တပြိုင်တည်း ကျင်းပခဲ့ကြပါတယ် ။

#ABFSU #ဗိုလ်အောင်ကျော် #ကျောင်းသားနေ့ #မြိုင် #ဘုတလင် #ပုလဲ