All Burma Federation Of Student Unions
1.15K subscribers
7.81K photos
108 videos
642 links
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ၏ တရားဝင် တယ်လီဂရမ်ချန်နယ် ဖြစ်ပါသည်။
Download Telegram
The speech of the All Burma Federation of Student Unions (ABFSU) presented at the opening ceremony of the second conference of the National Unity Consultative Council (NUCC)

Announcement : 11/ABFSU/2024
Date : April 14, 2024

Read More - http://www.abfsu.org/2024/04/the-speech-of-all-burma-federation-of.html

“May our enemies tremble in fear!”
“Glory and joy to the masses!”

Central Organizing Committee
All Burma Federation of Student Unions
ယင်းမာပင်နဲ့ ဆာလင်းကြီးက စစ်ရှောင်ပြည်သူတွေကို ဗကသများအဖွဲ့ချုပ်က အာဟာရဒါန ပြုလုပ်

၂၀၂၄ ဧပြီ ၁၉၊ ဗကသ

ပြည်သူတွေရဲ့ စုပေါင်းအလှူငွေတွေနဲ့ ဗကသများအဖွဲ့ချုပ်က ယင်းမာပင်မြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်မှာ ရက်သတ္တပတ်ကျော်ကြာ စစ်ရှောင်နေရတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို ဧပြီလ ၁၈ ရက်နေ့က နေ့လယ်စာ ကျွေးမွေးလှူဒါန်းခဲ့ပါတယ်။ စစ်ရှောင်များအတွက် လှူဒါန်းပေးတဲ့ ပြည်သူတဦးတယောက်ချင်းစီတိုင်းကို ဗကသများအဖွဲ့ချုပ်က ကျေးဇူးအထူးတင်ရှိပါတယ်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်
#ABFSU #ယင်းမာပင် #ဆားလင်းကြီး #စစ်ဘေးရှောင် #နေ့လယ်စာ #ကျွေးမွေး #လှူဒါန်း
ဗကသများအဖွဲ့ချုပ် လူထုလုပ်ငန်းဖော်ဆောင်ရေးကော်မတီဝင် အမည်စာရင်းများအား ထုတ်ပြန်ကြေညာခြင်း

ကြေညာချက်အမှတ် - ၁၂/ဗကသ/၂၀၂၄
ရက်စွဲ - ၂၀၂၄ ခုနှစ် ဧပြီလ ‌၂၀ ရက်

စစ်အာဏာရှင်စနစ် (စစ်သုံးစစ်) အမြစ်ပြတ်တိုက်ဖျက်နိုင်ရေး၊ အဖိနှိပ်ခံလူမျိုးပေါင်းစုံပြည်သူလူထု လွတ်မြောက်ရေး အပါအဝင် ၈ ကြိမ်မြောက် ဗကသများအဖွဲ့ချုပ် ညီလာခံက ချမှတ်ပြဌာန်းခဲ့တဲ့ မူဝါဒ ၆ ရပ်နဲ့ ရည်မှန်းချက်တွေကို အရှိန်အဟုန်တိုးမြှင့်ပြီး တိုးချဲ့ဆောင်ရွက်နိုင်ဖို့အတွက် ဗကသများအဖွဲ့ချုပ် လူထုလုပ်ငန်းဖော်ဆောင်ရေးကော်မတီ ကို အောက်ပါရဲဘော်များနဲ့ ဖွဲ့စည်းလိုက်ပါတယ်။

၁။ ကိုရှိုင်းလင်းထက် (တာဝန်ခံ)
၂။ မမေယွန်းဝတီ
၃။ မခေမာကို
၄။ ကိုထက်အောင်
‌၅။ ကိုကောင်းမြတ်ဇော်
၆။ ကိုကျော်သက်နိုင်
၇။ ကိုကျော်မျိုးခန့်

“အမျိုးသားခွပ်ဒေါင်းအလံတော်ကို အမြင့်မားဆုံးလွှင့်ထူကြ”
“ဗကသများအဖွဲ့ချုပ် အဓွန့်ရှည်ပါစေ”

ဗဟိုစည်းရုံးရေးကော်မတီ
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်
ရန်ကုန်နဲ့ မန္တလေးမှာ ဗကသများအဖွဲ့ချုပ်နဲ့ မဟာမိတ်တွေက မတရားစစ်မှုထမ်းဥပဒေ ဆန့်ကျင်ရေး လှုံ့ဆော်လှုပ်ရှားမှု ပြုလုပ်

၂၀၂၄ မေ ၁၉၊ ဗကသ

ဗကသများအဖွဲ့ချုပ်နဲ့ ပြည်သူ့ရင်ခွင်၊ Kyimyidaing Networks (KMD18)၊ Mayangone Democratic Front (MDF)၊ Owl Community၊ လင်းရောင်နီ (လူငယ်အဖွဲ့အစည်း)၊ ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲအစည်း)၊ လူ့ဘောင်သစ်လူငယ်၊ စမ်းချောင်းပင်မသပိတ်စစ်ကြောင်း (SC Strike) တို့ ပူးပေါင်းပြီး ရန်ကုန်နဲ့ မ‌န္တလေးမြို့တွေမှာ ဖက်ဆစ်တပ်ရဲ့ မတရားစစ်မှုထမ်းဥပဒေကို ပြည်သူလူထုအနေနဲ့ ပူးပေါင်းဆန့်ကျင်ကြဖို့ အသိပညာပေး လှုံ့ဆော်ဝါဒဖြန့် ပိုစတာတွေကို ဒီကနေ့ မေလ ၁၉ ရက်နေ့မှာ ဖြန့်ဝေခဲ့ကြပါတယ်။

မတရားစစ်မှုထမ်းဆင့်ခေါ်ခံရပါက ပြည်သူ့ရင်ခွင် - People's Embrace သို့ ဆက်သွယ်ရန်
Facebook📱https://www.facebook.com/PeoplesEmbrace
Telegram📱 @MyanmarPeople

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်