All Burma Federation Of Student Unions
1.15K subscribers
7.81K photos
108 videos
642 links
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ၏ တရားဝင် တယ်လီဂရမ်ချန်နယ် ဖြစ်ပါသည်။
Download Telegram
ကနီမှာ ဗကသများအဖွဲ့ချုပ်က စာကြည့်တိုက်ဖွင့်လှစ်

၂၀၂၄ မေ ၁၉၊ ဗကသ

The Way Music Film Family အကူအညီနဲ့ ကနီမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ကနီမြို့နယ်မှာ လေပြေနီသမဂ္ဂစာကြည့်တိုက်ကို ဒီကနေ့ မေလ ၁၉ ရက်နေ့က ဦးဆောင်ဖွင့်လှစ်ခဲ့ပါတယ်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်
ထိုင်းနိုင်ငံ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ နက်တီပွန် ဆာနက်ဆာခွန်း ကျဆုံးမှုနှင့်ပတ်သတ်၍ ထုတ်ပြန်ကြေညာချက်

#abfsu #ဗကသ
ရန်ကုန်မှာ ဗကသများအဖွဲ့ချုပ်က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုံဆော်လှုပ်ရှားမှု ပြုလုပ်

၂၀၂၄ မေ ၂၄၊ ဗကသ

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) က ရန်ကုန်မြို့တနေရာမှာ ဗကသရဲဘော်များက ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အဖြစ် ပြည်သူလူထုအား ပန်းနှင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လက်ကမ်းစာစောင်တွေကို မေလ ၂၂ ရက်နေ့မှာ ဖြန့်ဝေခဲ့ပါတယ်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်
#abfsu #ဗကသ
ဖက်ဆစ်စစ်တပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် သေဆုံးခဲ့ရတဲ့ ပြည်သူတွေအတွက် ဗကသနဲ့ မဟာမိတ်တွေက ရန်ကုန်မှာ လှုပ်ရှားမှုပြုလုပ်

၂၀၂၄ မေ ၂၅၊ ဗကသ

ရွှေပြည်သာမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ရွှေပြည်သာမြို့နယ်သပိတ်ကော်မတီနဲ့ မျိုးဆက်သစ်လူငယ်များသပိတ်ကော်မတီ (NGYSC) တို့ ပူးပေါင်းပြီး ရန်ကုန်မှာ “သွေးကြွေးလည်းတောင်း၊ စစ်ခွေးလည်းမောင်း” စာသားပါ ဘန်နာကိုချိတ်ပြီး၊ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုံ့ဆော်စတေကာတွေ ကပ်တာ၊ စာရွက်ကြဲတာ စတဲ့ လှုပ်ရှားမှုတွေကို ဒီကနေ့ မေလ ၂၅ ရက်နေ့က ရန်ကုန်မြို့အနှံ့အပြားမှာ ပြုလုပ်ခဲ့ပါတယ်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်
#abfsu #ဗကသ