All Burma Federation Of Student Unions
1.16K subscribers
7.81K photos
108 videos
642 links
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ၏ တရားဝင် တယ်လီဂရမ်ချန်နယ် ဖြစ်ပါသည်။
Download Telegram
ဗကသများအဖွဲ့ချုပ်သို့ ဆက်သွယ်ရန် လိပ်စာများ

▪️ဗဟိုစည်းရုံးရေးကော်မတီ - abfsu.cec@protonmail.com

▪️နိုင်ငံခြားရေးကော်မတီ - abfsu.fac@protonmail.com

▪️သတင်းနှင့်ပြန်ကြားရေးကော်မတီ - abfsu@protonmail.com
ရန်ကုန်မှာ ဗကသများအဖွဲ့ချုပ်က မတရားစစ်မှုထမ်းဥပဒေ ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

၂၀၂၄ ဧပြီ ၁၀၊ ဗကသ

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) က ဒီကနေ့ ဧပြီလ ၁၀ ရက်နေ့မှာ “မတရားစစ်မှုထမ်းဥပဒေကို လူထုအားနဲ့တိုက်ဖျက်ကြ” စာသားပါဘန်နာကို အထက(၂)အင်းစိန် ကျောင်းရှေ့မှာ ချိတ်ဆွဲပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး၊ မတရားစစ်မှုထမ်းဥပဒေ ဆန့်ကျင်ရေး လှုံ့ဆော်လှုပ်ရှားမှုတရပ်ကို ပြုလုပ်ခဲ့ပါတယ်။

ဒီကနေ့ဟာ အထက(၂)အင်းစိန် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဖွဲ့စည်းတည်ထောင်ခြင်း (၃) နှစ်ပြည့်တဲ့နေ့လည်း ဖြစ်ပါတယ်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်
#ABFSU #ဗကသ #မတရားစစ်မှုထမ်းဥပဒေ
This media is not supported in your browser
VIEW IN TELEGRAM

ဗမာပြည်မှာ ဘာတွေဖြစ်နေလဲ
What's Happening In Burma (Myanmar)
Defend Peoples’ Struggles Campaign

Register - https://www.tinyurl.com/WHiM24

ဗကသများအဖွဲ့ချုပ်
#abfsu #ဗကသ #ilps #msu #bmc
ပုလဲမြို့နယ်မှာ ဗကသများအဖွဲ့ချုပ်က လေကြောင်းအန္တရာယ် ကာကွယ်ရေးစာစောင်နဲ့ စတစ်ကာတွေ ဖြန့်ဝေ

၂၀၂၄ ဧပြီ ၁၀၊ ဗကသ

ပုလဲမြို့နယ် ပြည်သူလူထုကို ပုလဲမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က လေကြောင်းအန္တရာယ်ကာကွယ်ရေး သတိပေးစာစောင်တွေနဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုံ့ဆော်စတစ်ကာတွေကို ဒီကနေ့ ဧပြီလ ၁၀ ရက်နေ့မှာ ဖြန့်ဝေခဲ့ပါတယ်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်
#ABFSU #ဗကသ #ပုလဲ #လေကြောင်းရန် #ကာကွယ်ရေး
ကြို့ပင်ကောက်မှာ ဗကသများအဖွဲ့ချုပ်က မတရားစစ်မှုထမ်းဥပဒေ ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

၂၀၂၄ ဧပြီ ၁၀၊ ဗကသ

ကြို့ပင်ကောက်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အထကကြို့ပင်ကောက်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နဲ့ လူ့ဘောင်သစ်လူငယ်အဖွဲ့ တို့က ဒီကနေ့ ဧပြီလ ၁၀ ရက်နေ့မှာ “မတရားစစ်မှုထမ်းဥပဒေကို ဆန့်ကျင်ကြ” စာသားပါစတစ်ကာတွေကို ကြို့ပင်ကောက်မြို့နယ်မှာ ဖြန့်ဝေခဲ့ပါတယ်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်
#ABFSU #ဗကသ #မတရားစစ်မှုထမ်းဥပဒေ