All Burma Federation Of Student Unions
1.16K subscribers
7.85K photos
108 videos
642 links
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ၏ တရားဝင် တယ်လီဂရမ်ချန်နယ် ဖြစ်ပါသည်။
Download Telegram
◾️ ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ပြည်သူလူထုထံ လေကြောင်းရန် ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ဒီကနေ့ ဧပြီလ ၂ ရက်နေ့က ဘုတလင်မြို့နယ် တနေရာမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

#Oway #ABFSU #ဘုတလင် #လေကြောင်းရန် #ကာကွယ်ရေး
တနင်္သာရီမှာ တော်လှန်ရုပ်ရှင်ပြပွဲနဲ့ ဆွေးနွေးပွဲ ဆက်လက်ပြုလုပ်

ဧပြီ ၃၊ ဗကသ

တနင်္သာရီမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နဲ့ ဗမာ့လူငယ်ကွန်ရက် (ဗလက) တို့ ပူးပေါင်းပြီး "အဆုံးထိတော်လှန်ဒို့ပြည်သူ့အသံ" ခေါင်းစဉ်နဲ့ ဧပြီ ၁ ရက်နေ့က တနင်္သာရီဒေသ တနေရာမှာ တော်လှန်ရုပ်ရှင်များပြသခဲ့တယ်လို့ သိရပါတယ်။

ရုပ်ရှင်ပြပွဲမှာ တနင်္သာရီမြို့နယ်ကျောင်းသားများသမဂ္ဂ အဖွဲ့၀င်တဦးမှ ဗကသသမိုင်း အကျဉ်းနဲ့ တနင်္သာရီမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသ) ဖွဲ့စည်းရခြင်းရဲ့‌အကြောင်းကို တက်ရောက်လာကြတဲ့ ပြည်သူလူထုများကို တင်ပြခဲ့ပါတယ်။

ဆက်လက်ပြီး လေကြောင်းတိုက်ခိုက်မှုဆိုင်ရာဘေးအန္တရာယ်ကာကွယ်ခြင်းနည်းလမ်းများကိုလည်း ဆွေးနွေးတင်ပြခဲ့ပါတယ်။

ဗလက ရဲ့အတွင်းရေးမူး ကိုရဲထွေးကလည်း သပိတ်ပြုလုပ်ရခြင်းရဲ့ အရေးပါပုံတွေ ဘယ်လိုအကျိုးသက်ရောက်ပုံတွေကိုလည်း ရှင်းလင်း ဟောပြောခဲ့ပါတယ်။

ဒါ့အပြင် တော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့တဲ့ သူရဲ‌ကောင်းရဲဘော်များအား ၁ မိနစ် ငြိမ်သက် ဆုတောင်းမေတ္တာပို့ပြီး တော်လှန်ရုပ်ရှင်များဆက်လက်ပြခဲ့တယ်လို့ သိရပါတယ်။

#ABFSU #တော်လှန်ရုပ်ရှင်ပြ #လေကြောင်းတိုက်ခိုက်မှုဆိုင်ရာကာကွယ်ခြင်းနည်းလမ်း #သပိတ်အရေးပါပုံ #ဗကသ #ဗလက
ဗကသများအဖွဲ့ချုပ်၏ တရားဝင် သတင်းပြန်ကြားရေးစာမျက်နှာများ

▪️Facebook - “All Burma Federation of Student Unions”
(https://www.facebook.com/abfsu)

▪️X - “All Burma Federation of Student Unions”
(https://x.com/abfsu_burma)

▪️Instagram - “All Burma Federation of Student Unions”
(https://www.instagram.com/abfsu.cec)

▪️Telegram - “All Burma Federation of Student Unions”
(https://www.t.me/abfsu)

▪️Website - “All Burma Federation of Student Unions”
(https://www.abfsu.org)

▪️Facebook - “Oway - အိုးဝေ”
(https://www.facebook.com/Oway1936)
6
အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ရဲ့ ဒုတိယအကြိမ်ညီလာခံ ဖွင့်ပွဲအခမ်းအနားမှာ တင်ပြခဲ့တဲ့ ဗကသများအဖွဲ့ချုပ်ရဲ့ အမှာစကား

အပြည့်အစုံဖတ်ရှုရန် -

ဗကသများအဖွဲ့ချုပ်
#ဗကသ #abfsu #nucc #People'sAssembly #ပြည်သူ့ညီလာခံ
3
Media is too big
VIEW IN TELEGRAM
အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ရဲ့ ဒုတိယအကြိမ်ညီလာခံ ဖွင့်ပွဲအခမ်းအနားမှာ တင်ပြခဲ့တဲ့ ဗကသများအဖွဲ့ချုပ်ရဲ့ အမှာစကား

အပြည့်အစုံဖတ်ရှုရန် - http://www.abfsu.org/2024/04/nucc.html

ဗကသများအဖွဲ့ချုပ်
#ဗကသ #abfsu #nucc #People'sAssembly #ပြည်သူ့ညီလာခံ
3
ဗကသများအဖွဲ့ချုပ် သတင်းနှင့်ပြန်ကြားရေးကော်မတီဝင် အမည်စာရင်းများအား ထုတ်ပြန်ကြေညာခြင်း

ကြေညာချက်အမှတ် - ၁၀/ဗကသ/၂၀၂၄
ရက်စွဲ - ၂၀၂၄ ခုနှစ် ဧပြီလ ‌၄ ရက်

စစ်အာဏာရှင်စနစ် (စစ်သုံးစစ်) အမြစ်ပြတ်တိုက်ဖျက်နိုင်ရေး၊ အဖိနှိပ်ခံလူမျိုးပေါင်းစုံပြည်သူလူထု လွတ်မြောက်ရေး အပါအဝင် ၈ ကြိမ်မြောက် ဗကသများအဖွဲ့ချုပ် ညီလာခံက ချမှတ်ပြဌာန်းခဲ့တဲ့ မူဝါဒ ၆ ရပ်နဲ့ ရည်မှန်းချက်တွေကို အရှိန်အဟုန်တိုးမြှင့်ပြီး တိုးချဲ့ဆောင်ရွက်နိုင်ဖို့အတွက် ဗကသများအဖွဲ့ချုပ် သတင်းနှင့်ပြန်ကြားရေးကော်မတီ ကို အောက်ပါရဲဘော်များနဲ့ ဖွဲ့စည်းလိုက်ပါတယ်။

၁။ ကိုအောင်လင်းသက် (တာဝန်ခံ)
၂။ မခင်နီ
၃။ ကိုအောင်သန်း
၄။ ကိုဖြိုးသက်ပိုင်
၅။ ကိုဘိုဘိုထိုက်
၆။ ကိုအောင်စစ်ပိုင်

“အမျိုးသားခွပ်ဒေါင်းအလံတော်ကို အမြင့်မားဆုံးလွှင့်ထူကြ”
“ဗကသများအဖွဲ့ချုပ် အဓွန့်ရှည်ပါစေ”

ဗဟိုစည်းရုံးရေးကော်မတီ
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်
3
ဗကသများအဖွဲ့ချုပ်သို့ ဆက်သွယ်ရန် လိပ်စာများ

▪️ဗဟိုစည်းရုံးရေးကော်မတီ - abfsu.cec@protonmail.com

▪️နိုင်ငံခြားရေးကော်မတီ - abfsu.fac@protonmail.com

▪️သတင်းနှင့်ပြန်ကြားရေးကော်မတီ - abfsu@protonmail.com
👍2
ရန်ကုန်မှာ ဗကသများအဖွဲ့ချုပ်က မတရားစစ်မှုထမ်းဥပဒေ ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

၂၀၂၄ ဧပြီ ၁၀၊ ဗကသ

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) က ဒီကနေ့ ဧပြီလ ၁၀ ရက်နေ့မှာ “မတရားစစ်မှုထမ်းဥပဒေကို လူထုအားနဲ့တိုက်ဖျက်ကြ” စာသားပါဘန်နာကို အထက(၂)အင်းစိန် ကျောင်းရှေ့မှာ ချိတ်ဆွဲပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး၊ မတရားစစ်မှုထမ်းဥပဒေ ဆန့်ကျင်ရေး လှုံ့ဆော်လှုပ်ရှားမှုတရပ်ကို ပြုလုပ်ခဲ့ပါတယ်။

ဒီကနေ့ဟာ အထက(၂)အင်းစိန် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဖွဲ့စည်းတည်ထောင်ခြင်း (၃) နှစ်ပြည့်တဲ့နေ့လည်း ဖြစ်ပါတယ်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်
#ABFSU #ဗကသ #မတရားစစ်မှုထမ်းဥပဒေ
8