All Burma Federation Of Student Unions
1.16K subscribers
7.81K photos
108 videos
642 links
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ၏ တရားဝင် တယ်လီဂရမ်ချန်နယ် ဖြစ်ပါသည်။
Download Telegram
◾️ ဘုတလင်မြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ဦးဆောင်ပြီး ဘုတလင်မြို့နယ်တနေရာမှာ ဒီကနေ့ မတ်လ ၃၁ ရက်နေ့က "စစ်သုံးစစ်ကိုအမြစ်ဖြတ်ဖို့၊ တပ်ပေါင်းစုကိုတည်ဆောက်စို့" ဆိုတဲ့ခေါင်းစဉ်နဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုတခု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

#ABFSU #March27 #Antifascist #စစ်မှုထမ်း #ဥပဒ#ဖက်ဆစ်တော်လှန်ရေး #MilitaryConscriptionLaw #ဗကသ
ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂများ (တကသများ - ရန်ကုန်) ဖွဲ့စည်းခြင်း ၃ နှစ်ပြည့် အထိမ်းအမှတ် ပေးပို့သော ဝမ်းမြောက်ကြောင်း သဝဏ်လွှာ

သဝဏ်လွှာအမှတ် - ၉/ဗကသ/၂၀၂၄
ရက်စွဲ - ၂၀၂၄ ခုနှစ် မတ်လ ၃၁ ရက်

Read More - http://www.abfsu.org/2024/04/blog-post.html

ဗဟိုစည်းရုံးရေးကော်မတီ
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်
ဗကသများအဖွဲ့ချုပ် လူမျိုးစုရေးရာကော်မတီဝင် အမည်စာရင်းများအား ထုတ်ပြန်ကြေညာခြင်း

ကြေညာချက်အမှတ် - ၉/ဗကသ/၂၀၂၄
ရက်စွဲ - ၂၀၂၄ ခုနှစ် ဧပြီလ ‌၁ ရက်

စစ်အာဏာရှင်စနစ် (စစ်သုံးစစ်) အမြစ်ပြတ်တိုက်ဖျက်နိုင်ရေး၊ အဖိနှိပ်ခံလူမျိုးပေါင်းစုံပြည်သူလူထု လွတ်မြောက်ရေး အပါအဝင် ၈ ကြိမ်မြောက် ဗကသများအဖွဲ့ချုပ် ညီလာခံက ချမှတ်ပြဌာန်းခဲ့တဲ့ မူဝါဒ ၆ ရပ်နဲ့ ရည်မှန်းချက်တွေကို အရှိန်အဟုန်တိုးမြှင့်ပြီး တိုးချဲ့ဆောင်ရွက်နိုင်ဖို့အတွက် ဗကသများအဖွဲ့ချုပ် လူမျိုးစုရေးရာကော်မတီ ကို အောက်ပါရဲဘော်များနဲ့ ဖွဲ့စည်းလိုက်ပါတယ်။

၁။ မမာရီယမ် (တာဝန်ခံ)
၂။ မူခရစ္စတင်း
၃။ ဟော်ဝ်ကနေဒီ
၄။ ကိုဘရန်ဂျက်
၅။ မစူးခက်
၆။ မနှင်းဦးခင်
၇။ ကိုတာရာ

“အမျိုးသားခွပ်ဒေါင်းအလံတော်ကို အမြင့်မားဆုံးလွှင့်ထူကြ”
“ဗကသများအဖွဲ့ချုပ် အဓွန့်ရှည်ပါစေ”

ဗဟိုစည်းရုံးရေးကော်မတီ
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်
◾️ အထက မလဲသာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ ဦးဆောင်ပြီး အရာတော်မြို့နယ်မှာ ရုပ်ရှင်ပြပွဲနဲ့ မိုင်းအန္တရယ်ကာကွယ်ရေးနည်းလမ်းများ၊ လေကြောင်းအန္တရယ်ကာကွယ်ရေးနည်းလမ်းများ ဆွေးနွေးတင်ပြခြင်းတို့ကို မတ်လ ၃၀ ရက်နေ့ ညပိုင်းက ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီရုပ်ရှင်ပြပွဲမှာ "ဖက်ဆစ်တပ်ကိုအမြစ်ဖြတ်ကြ၊ မတရားစစ်မှုထမ်းဥပဒေကို ဆန့်ကျင်ကြ" ခေါင်းစဉ်နဲ့ မတရားစစ်မှုထမ်းဥပဒေဆန့်ကျင်ရေးဟောပြောမှုများလည်း ပြုလုပ်ခဲ့ပါတယ်။

#ABFSU #March27 #Antifascist #စစ်မှုထမ်း #ဥပဒ#ဖက်ဆစ်တော်လှန်ရေး #MilitaryConscriptionLaw #ဗကသ
◾️ ဗကသများအဖွဲ့ချုပ်နဲ့ Mini Rats' Force - MRF တို့ ပူးပေါင်းပြီး ပြည်သူများရဲ့ စုပေါင်းအလှူငွေများနဲ့ ယင်းမာပင်မြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်မှ ရက်သတ္တပတ်ကျော်ကြာ စစ်ရှောင်နေရတဲ့ စစ်ဘေးရှောင်ပြည်သူများကို ဧပြီလ ၂ ရက်နေ့က နေ့လယ်စာ ကျွေးမွေးလှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

#ABFSU #ယင်းမာပင် #ဆားလင်းကြီး #စစ်ဘေးရှောင် #နေ့လယ်စာ #ကျွေးမွေး #လှူဒါန်း