All Burma Federation Of Student Unions
1.16K subscribers
7.85K photos
108 videos
642 links
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ၏ တရားဝင် တယ်လီဂရမ်ချန်နယ် ဖြစ်ပါသည်။
Download Telegram
◾️ ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂက ဦးဆောင်ပြီး ဖက်ဆစ်တော်လှန်ရေးနေ့အထိမ်းအမှတ်အဖြစ် "ဖက်ဆစ်တပ်ကိုအမြစ်ဖြတ်ကြ၊ မတရားစစ်မှုထမ်းဉပဒေကိုဆန့်ကျင်ကြ" ကြွေးကြော်သံနဲ့ ဘုတလင်မြို့နယ် တနေရာမှာ မတ်လ ၂၇ ရက်နေ့ မနေ့က စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

#ABFSU #March27 #Antifascist #စစ်မှုထမ်း #ဥပဒ#ဖက်ဆစ်တော်လှန်ရေး #MilitaryConscriptionLaw #ဗကသ
တနင်္သာရီမြို့နယ်မှာ ဗကသနဲ့ ဗလကတို့က ဖက်ဆစ်တော်လှန်ရေးနေ့ လှုပ်ရှားမှု ပြုလုပ်

မတ် ၂၈၊ ဗကသ

တနင်္သာရီမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နဲ့ ဗမာ့လူငယ်ကွန်ရက် (ဗလက) တို့ပူးပေါင်းပြီး "ဖက်ဆစ်တော်လှန်ရေးနေ့" အထိမ်းအမှတ်အဖြစ် တနင်္သာရီဒေသ တနေရာမှာ မတ်လ ၂၇ ရက်နေ့ မနေ့က စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီလှုပ်ရှားမှုမှာ "တော်လှန်ရေးနေ့အရင်းတည် ဖက်ဆစ်စစ်တပ် တိုက်ဖျက်မည်" ခေါင်းစဉ်နဲ့ အထိုင်သပိတ်ပြုလုပ်ပြီး လူထုအား အောင်ပွဲအဆက်ဆက်ခံမည်သီချင်းနှင့် တော်လှန်ရေးသီးချင်းများ သီဆိုတက်ကြွစေပြီး တော်လှန်ရုပ်ရှင်များ ပြသခဲ့ပါတယ်။

ဒါ့အပြင် တော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့တဲ့ သူရဲ‌ကောင်းရဲဘော်များအား (၁) မိနစ်ငြိမ်သက် ဆုတောင်းမေတ္တာပို့ခြင်းတို့ ပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။

#ABFSU #March27 #Antifascist #စစ်မှုထမ်း #ဥပဒ#ဖက်ဆစ်တော်လှန်ရေး #MilitaryConscriptionLaw #ဗကသ
မတရားစစ်မှုထမ်းဥပဒေနဲ့ ပတ်သက်ပြီး ပြည်သူလူထုသို့ အရေးပေါ်တိုက်တွန်းနှိုးဆော်ချက်

အပြည့်အစုံဖတ်ရှုရန် နှိပ်ပါ

ကျော်သူရိန်
အတွင်းရေးမှူး (၁)
ဗဟိုစည်းရုံးရေးကော်မတီ
ဗကသများအဖွဲ့ချုပ်

#Oway #ABFSU #ConscriptionLaw #စစ်မှုထမ်း #ဥပဒ#ဆန့်ကျင်ရေး #လူထုတိုက်ပွဲ #စစ်ကောင်စီ #ပြည်သူ့စစ် #Whatshappeninginmyanmar
9👍2
◾️ ဆန်ဖရန်စစ္စကို မြန်မာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ဦးဆောင်ပြီး ဖက်ဆစ်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုကို မတ်လ ၂၇ ရက်နေ့ မနေ့က အမေရိကန်ပြည်ထောင်စု၊ ဆန်ဖရန်စစ္စကို ဖက်ဒရယ်အဆောက်အအုံရှေ့မှာ ပြုလုပ်ခဲ့ပါတယ်။

အဲဒီလှုပ်ရှားမှုမှာ အပြည်ပြည်ဆိုင်ရာလူထုလှုပ်ရှားမှုအဖွဲ့ချုပ် ILPS ကလည်း ပူးပေါင်းပါဝင်ခဲ့ပြီး စစ်ကောင်စီကို လေယာဉ်ဆီတင်ပို့မှု ဖြတ်တောက်ရေးနဲ့ စစ်မှုထမ်းဥပဒေဆန့်ကျင်ရေးတို့ကို ဟောပြောခဲ့ကြပါတယ်။

#abfsu #ဗကသ #march27 #antifascist
#whatshappeninginmyanmar #ilps
#banjetfuelexportstomyanmar #bloodmoneycampaignmm #militaryconscriptionlaw
3