All Burma Federation Of Student Unions
1.16K subscribers
7.85K photos
108 videos
642 links
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ၏ တရားဝင် တယ်လီဂရမ်ချန်နယ် ဖြစ်ပါသည်။
Download Telegram
◾️ ဖက်ဆစ်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နဲ့ ပုလဲမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့က ဦးဆောင်ပြီး “ဖက်ဆစ်တပ်ကို အမြစ်ဖြတ်ကြ၊ မတရားစစ်မှုထမ်းဥပဒေကို ဆန့်ကျင်ကြ” ကြွေးကြော်သံနဲ့ ပုလဲမြို့နယ်မှာ ဒီကနေ့ နံနက်ပိုင်းက စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ကြပါတယ်။

#ABFSU #March27 #Antifascist #စစ်မှုထမ်း #ဥပဒ#ဖက်ဆစ်တော်လှန်ရေး #MilitaryConscriptionLaw #ဗကသ
2
အရာတော်မြို့နယ်က ဖက်ဆစ်ဆန့်ကျင်ရေး လှုပ်ရှားမှု

မတ် ၂၇၊ ဗကသ

အရာတော်မြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများ အဖွဲ့ချုပ်) နဲ့ အရာတော်မြို့နယ် လူထုသပိတ်ဦးဆောင်ကော်မတီတို့ ဦး‌ဆောင်ပြီး အရာတော်မြို့နယ် ကျေးရွာတရွာမှာ ဖက်ဆစ်တော်လှန်ရေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတခုကို ဒီကနေ့ နေ့လယ်ပိုင်းက ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီလှုပ်ရှားမှုမှာ ကျောင်းသားများနဲ့ ပြည်သူများ ပူးပေါင်းပါဝင်ခဲ့ကြပြီး "ဖက်ဆစ်တပ်ကို အမြစ်ဖြတ်ကြ စစ်မှုထမ်းဥပဒေကိုဆန့်ကျင်ကြ" ဆိုတဲ့ ကြွေးကြော်သံကို ကိုင်စွဲကာ ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ဆန္ဒထုတ်ဖော်ပွဲမှာ အရာတော်သပိတ်တက်ကြွလှုပ်ရှားသူ ကိုသက်နောင်က လူထုအား သပိတ်တရား မကြောက်တရားများ ဟောပြောခဲ့တယ်လို့ သိရပါတယ်။

#ABFSU #March27 #Antifascist #စစ်မှုထမ်း #ဥပဒ#ဖက်ဆစ်တော်လှန်ရေး #MilitaryConscriptionLaw #ဗကသ
1
Media is too big
VIEW IN TELEGRAM
◾️ အသံဖိုင် — ဖက်ဆစ်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် ရွှေပြည်သာ သပိတ်ကော်မတီ၊ လူ့ဘောင်သစ် လူငယ်၊ ဗကသများအဖွဲ့ချုပ် တို့ပူးပေါင်းပြီး ရန်ကုန်မြို့ ပန်းခြံတခုမှာ မတ်လ ၂၆ ရက်နေ့ မနေ့က ဖက်ဆစ်ဆန့်ကျင်ရေး အသံဖိုင်ဖွင့်ကာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

#ABFSU #March27 #Antifascist #စစ်မှုထမ်း #ဥပဒ#ဖက်ဆစ်တော်လှန်ရေး #MilitaryConscriptionLaw #ဗကသ
2