All Burma Federation Of Student Unions
1.17K subscribers
7.9K photos
108 videos
642 links
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ၏ တရားဝင် တယ်လီဂရမ်ချန်နယ် ဖြစ်ပါသည်။
Download Telegram
နွေဦးတော်လှန်ရေးသုံးနှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဗကသ၊ GSC နှင့် မဟာမိတ်များက နီတဲ့သွေးရက်သတ္တပတ် လှုပ်ရှားမှုကို ရန်ကုန်တွင် စတင်ဖော်ဆောင်

၂၀၂၄ ဖေဖော်ဝါရီ ၁၊ ဗကသ

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်)၊ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ (GSC)၊ စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု (AJAY) နှင့် Burma Youth Revolutionary Force (BYRF) တို့က ယနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့၌ ရန်ကုန်မြို့တွင် “နီတဲ့သွေး ရက်သတ္တပတ်” လှုပ်ရှားမှုအဖြစ် “စစ်သုံးစစ်ကိုအမြစ်ဖြတ်ကြ၊ တပ်ပေါင်းစုကိုတည်ဆောက်ကြ”၊ “၁/၂/၂၁ မမေ့ကြနဲ့” အစရှိသည့် စာသားများအပါအဝင် သွေးစွန်းနေသော လမ်းမများအဖြစ် သရုပ်ဖော်သည့် ဆေးနီများပက်ဖြန်းပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုများကို စတင်ဖော်ဆောင်ခဲ့ပါသည်။

သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#ABFSU #ဗကသ #GSC #AJAY #BYRF #နီတဲ့သွေးရက်သတ္တပတ် #လှုပ်ရှားမှု #နွေဦးတော်လှန်ရေး #သုံးနှစ်ပြည့် #whathappeninginmyanmar
6
ဗကသများအဖွဲ့ချုပ်နှင့် မဟာမိတ်များက ရန်ကုန်မြို့အနှံ့အပြားတွင် နွေဦးတော်လှန်ရေးသုံးနှစ်ပြည့် အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုများ ပြုလုပ်

၂၀၂၄ ဖေဖော်ဝါရီ ၁၊ ဗကသ

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) နှင့် North Dagon Oppressed People's Strike Colition - (NDOPSC) တို့က နွေဦးတော်လှန်ရေးသုံးနှစ်ပြည့် အထိမ်းအမှတ်အဖြစ် ယနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့၌ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုံ့ဆော်စာသားများ ပါဝင်သည့် စတစ်ကာများကို ရန်ကုန်မြို့နေရာအနှံ့အပြား၌ ဖြန့်ဝေကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုများ ဖော်ဆောင်ခဲ့ပါသည်။

သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#ABFSU #ဗကသ #GSC #နီတဲ့သွေးရက်သတ္တပတ် #လှုပ်ရှားမှု #နွေဦးတော်လှန်ရေး #သုံးနှစ်ပြည့် #whathappeninginmyanmar
5
နွေဦးတော်လှန်ရေးသုံးနှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဗကသများအဖွဲ့ချုပ်နှင့် ကျေးလက်သူပုန် သပိတ်စစ်ကြောင်းတို့က ဘုတလင်မြို့နယ်တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

၂၀၂၄ ဖေဖော်ဝါရီ ၁၊ ဗကသ

ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် ကျေးလက်သူပုန်သပိတ်စစ်ကြောင်း တို့က ယနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့၌ ဘုတလင်မြို့နယ်တွင် “နီတဲ့သွေး ရက်သတ္တပတ်” လှုပ်ရှားမှုအဖြစ် “စစ်သုံးစစ်ကိုအမြစ်ဖြတ်ဖို့၊ တပ်ပေါင်းစုကိုတည်ဆောက်စို့” စာသားပါဘန်နာအား ကိုင်စွဲကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုများ စတင်ဖော်ဆောင်ခဲ့ပါသည်။

သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#ABFSU #ဗကသ #GSC #ကျေးလက်သူပုန် #နီတဲ့သွေးရက်သတ္တပတ် #လှုပ်ရှားမှု #နွေဦးတော်လှန်ရေး #သုံးနှစ်ပြည့် #whathappeninginmyanmar
3