All Burma Federation Of Student Unions
1.17K subscribers
7.9K photos
108 videos
642 links
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ၏ တရားဝင် တယ်လီဂရမ်ချန်နယ် ဖြစ်ပါသည်။
Download Telegram
ဗကသများအဖွဲ့ချုပ်နှင့် အရာတော်မြို့နယ်လူထုသပိတ်ဦးဆောင်ကော်မတီက နွေဦးတော်လှန်ရေးသုံးနှစ်ပြည့် အထိမ်းအမှတ်အဖြစ် အရာတော်မြို့နယ်တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

၂၀၂၄ ဖေဖော်ဝါရီ ၁၊ ဗကသ

အရာတော်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) အထက မလဲသာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အထက ကဲဘာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် အရာတော်မြို့နယ်လူထုသပိတ်ဦးဆောင်ကော်မတီ တို့က နွေဦးတော်လှန်ရေးသုံးနှစ်ပြည့်သည့် ယနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့၌ အရာတော်မြို့နယ်တွင် “နီတဲ့သွေး ရက်သတ္တပတ်” လှုပ်ရှားမှုအဖြစ် “စစ်သုံးစစ်ကိုအမြစ်ဖြတ်ဖို့၊ တပ်ပေါင်းစုကိုတည်ဆောက်စို့” စာသားပါဘန်နာဖြင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုများ ဖော်ဆောင်ခဲ့ပါသည်။

အဆိုပါလှုပ်ရှားမှုကို ပြည်သူလူထုမှ တခဲနက်ကြိုဆိုခဲ့ပူးပေါင်းခဲ့ကြပြီး သပိတ်ကော်မတီဝင်များနှင့် ကျောင်းသားခေါင်းဆောင်များမှ လက်ရှိနိုင်ငံရေးအခြေအနေများ၊ တော်လှန်ရေးအ‌‌ခြေအနေများကို ပြည်သူလူထုအား ရှုင်းလင်းတင်ပြခြင်း၊ “နွေဦးမောင်မယ်များ” အဖွဲ့မှ ရဲဘော်များက တော်လှန်တေးသီချင်းများဖြင့် ကပြဖျော်ဖြေတင်ဆက်ခြင်းများ ပြုလုပ်ခဲ့ကြသည်။

ဗကသများအဖွဲ့ချုပ်
#ABFSU
7
ကနီမြို့နယ်တွင် ဗကသများအဖွဲ့ချုပ်နှင့် မဟာမိတ်များပူးပေါင်း၍ နွေဦးတော်လှန်ရေးသုံးနှစ်ပြည့် အထိမ်းအမှတ် လူထုဟောပြောပွဲ ပြုလုပ်

၂၀၂၄ ဖေဖော်ဝါရီ ၂၊ ဗကသ

Read More - http://www.abfsu.org/2024/02/blog-post_2.html

သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#ABFSU #ဗကသ #GSC #နီတဲ့သွေးရက်သတ္တပတ် #လှုပ်ရှားမှု #နွေဦးတော်လှန်ရေး #သုံးနှစ်ပြည့် #whathappeninginmyanmar
3