All Burma Federation Of Student Unions
1.17K subscribers
7.85K photos
108 videos
642 links
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ၏ တရားဝင် တယ်လီဂရမ်ချန်နယ် ဖြစ်ပါသည်။
Download Telegram
မြိုင်မြို့နယ်ကျောင်းသားများသမဂ္ဂမှ ဦးဆောင်၍ မီးဘေးသင့်ပြည်သူများအတွက် စားနပ်ရိက္ခာများ ထောက်ပံ့

ဇန်နဝါရီလ ၁၄ရက်၊ ၂၀၂၅

မြိုင်မြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)က ဦးဆောင်ပြီး လူထုရဲ့ စုပေါင်းထည့်ဝင်မှုနြဲအတူ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကို ခံခဲ့ရတဲ့ မြိုင်မြို့နယ်ထဲရှိ ကျေးရွာတရွာက အိမ်ထောင်စုတွေအတွက် ဆန်၊ ဆီ၊ ဆား၊ မြေပဲ၊ ငါးပိ၊ ငါးခြောက် စသဖြင့် လိုအပ်တဲ့ စားနပ်ရိက္ခာတွေကို ဇန်နဝါရီလ ၁၄ရက်နေ့မှာ သွားရောက်လှူဒါန်းခဲ့ပါတယ်။

ဒါ့အပြင် မီးဘေးသင့် ပြည်သူတွေကို အားပေးစကားပြောကြားခဲ့ပြီး လိုအပ်တာတွေ ကူညီလုပ်ဆောင်ပေးခဲ့ပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်က ဇန်နဝါရီလ ၄ရက်နေ့က စတင်ပြီး ပခုက္ကူပနေ မြိုင်အထိ ပြေးဆွဲတဲ့ ရိက္ခာကားတန်း သွားလမ်းတလျှောက် ပခုက္ကူ-မြိုင် ကားလမ်းဘေးမှာရှိတဲ့ ကျေးရွာတွေကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးဝင်ရောက်ကာ ပြည်သူပိုင်နေအိမ်‌တွေကို မီးရှို့ဖျက်ဆီးခြင်း ပြည်သူပိုင် ပစ္စည်းတွေကို ခိုးယူသယ်ဆောင်ခြင်း၊ ပြည်သူတွေကို ဓားစာခံအဖြစ် ဖမ်းဆီးခြင်း စတဲ့ လူမဆန်တဲ့ လုပ်ရပ်‌တွေကို ကျူးလွန်ခဲ့ကြပါတယ်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်

#ABFSU #Myaing #MilitaryAtrocities #မြိုင်
5👍1
ဗကသများအဖွဲ့ချုပ်မှ ရန်ကုန်မြို့တွင် လျှပ်စစ်မီးပြတ်တောက်ခြင်းကို ဆန့်ကျင်သည့် လှုပ်ရှားမှု ပြုလုပ်

ဇန်နဝါရီလ ၁၆ ရက်၊ ၂၀၂၅

ယနေ့ ဇန်နဝါရီလ ၆ရက်နေ့တွင် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ရန်ကုန်မြို့တနေရာတွင် “ဗုံးမကြဲနဲ့ မီးပေး” ဟူသည့် စာတမ်းချိတ်ဆွဲသည့် လှုပ်ရှားမှု တရပ်ပြုလုပ်ခဲ့ပါသည်။ နိုင်ငံတဝှမ်း လျှပ်စစ်မီးပြတ်တောက်မှု ဒဏ်ကို ခံစားနေရသည့် ပြည်သူလူထု၏ ဒုက္ခကို ဖော်ထုတ်ပြီး နိုင်ငံ့ဘဏ္ဍာအား လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရန် အသုံးပြုမည့်အစား ပြည်သူလူထုကို အကြမ်းဖက် ဗုံးကြဲသတ်ဖြတ်ရန် အသုံးပြုနေသည့် စစ်ကောင်စီ၏ လုပ်ရပ်ကို ရှုတ်ချသည့်အနေဖြင့် ယခုလှုပ်ရှားမှုကို လုပ်ဆောင်ရခြင်းဖြစ်ပါသည်။

သတင်းနှင့် ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်
#ABFSU #AirStrikes #PowerCut
6
တနင်္သာရီမြို့နယ်ကျောင်းသားများသမဂ္ဂမှ တနင်္သာရီမြို့နယ်အတွင်း လေကြောင်းရန်ကာကွယ်နည်း ပန်းဖလက်များ ဖြန့်ဝေ

ဇန်နဝါရီလ ၁၈ရက်၊ ၂၀၂၅

တနင်္သာရီမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)မှ လေကြောင်းရန်ကာကွယ်နည်းများ ပန်းဖလက်များကို ဒေသခံပြည်သူလူထုအား ဖြန့်ဝေပေးခဲ့သည်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်

#ABFSU #တနင်္သာရီ #airstrike 
#WhatshappeninginMyanmar
3
တနင်္သာရီကျောင်းသားများသမဂ္ဂမှ တနင်္သာရီမြို့နယ်အတွင်းရှိ ပြည်သူ့အခြေပြုအထက်တန်းကျောင်း၏ ပညာရေးစုံညီ၌ လေကြောင်းရန် ကာကွယ်နည်းများ အသိပညာပေး

ဇန်နဝါရီလ ၂၇ရက်၊ ၂၀၂၅

တနင်္သာရီမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)မှ တနင်္သာရီမြို့နယ်အတွင်းရှိ ပြည်သူ့အခြေပြုမြေပြင်အထက်တန်းကျောင်းတကျောင်း၏ ပညာရေးစုံညီ၌ စစ်ကောင်စီ၏ လေကြောင်းရန်မှ ကာကွယ်ခြင်းနည်းလမ်းများအား သရုပ်ဖော်ပြသခဲ့ကြသည်။ တဆက်တည်းမှာပဲ ၎င်းပညာရေးစုံညီကို တက်ရောက်လာကြသော ပြည်သူလူထုအား လေကြောင်းရန်ကာကွယ်နည်း လက်ကမ်းစာစောင်များကိုလည်း ဝေငှခဲ့ကြပါသည်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်

#Oway #ABFSU #လေကြောင်းရန်ကာကွယ်နည်း #တနင်္သာရီမြို့နယ် #ဖက်ဒရယ်ကျောင်း #airstrike
👍2