All Burma Federation Of Student Unions
1.17K subscribers
7.9K photos
108 videos
642 links
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ၏ တရားဝင် တယ်လီဂရမ်ချန်နယ် ဖြစ်ပါသည်။
Download Telegram
Media is too big
VIEW IN TELEGRAM
ဗကသများအဖွဲ့ချုပ်က ရန်ကုန်မြို့တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

၂၀၂၃ စက်တင်ဘာ ၁၃၊ ဗကသ

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) က ယနေ့ စက်တင်ဘာလ ၁၃ ရက်နေ့၌ ရန်ကုန်မြို့တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး၊ လူထုလှုံ့ဆော်ရေး လှုပ်ရှားမှုတရပ်ကို ပြုလုပ်ခဲ့ပါသည်။

သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#ABFSU #ဗကသ #WhatsHappeningInMyanmar #လှုပ်ရှားမှု
September 13, 2023
Statement Condemning the Mandatory Conscription Law

Read More - http://www.abfsu.org/2024/02/statement-condemning-mandatory.html

Central Executive Committee
All Burma Federation of Student Unions

#ဗကသ #abfsu #WhatsHappeningInMyanmar
February 12, 2024
မြန်မာနိုင်ငံတွင်း အရပ်သားများအပေါ် လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုအား နိုင်ငံတကာလူထုတိုက်ပွဲများအဖွဲ့ချုပ် - အာရှပစိဖိတ် (International League of People Struggle Asia Pacific “ILPS-AP”) မှ ရှုတ်ချခြင်း

Read More - http://www.abfsu.org/2024/02/international-league-of-people-struggle.html

နိုင်ငံတကာလူထုတိုက်ပွဲများအဖွဲ့ချုပ် - အာရှပစိဖိတ်
International League of People Struggle Asia Pacific (ILPS-AP)
#WhatsHappeninginMyanmar #AirStrike #လေကြောင်းတိုက်ခိုက်မှု
February 14, 2024
တနင်္သာရီမြို့နယ်တွင် ဗကသများအဖွဲ့ချုပ်က အိုးဝေစာစောင်များ ဖြန့်ဝေ

၂၀၂၄ ဖေဖော်ဝါရီ ၂၈၊ ဗကသ

တနင်္သာရီမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ယနေ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် တနင်္သာရီဒေသတွင်း ပြည်သူလူထုထံသို့ အိုးဝေစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
___
#Oway #ABFSU #အိုးဝေ #ဗကသ #Whatshappeninginmyanmar
February 28, 2024
မတရားစစ်မှုထမ်းဥပဒေနဲ့ ပတ်သက်ပြီး ပြည်သူလူထုသို့ အရေးပေါ်တိုက်တွန်းနှိုးဆော်ချက်

အပြည့်အစုံဖတ်ရှုရန် နှိပ်ပါ

ကျော်သူရိန်
အတွင်းရေးမှူး (၁)
ဗဟိုစည်းရုံးရေးကော်မတီ
ဗကသများအဖွဲ့ချုပ်

#Oway #ABFSU #ConscriptionLaw #စစ်မှုထမ်း #ဥပဒ#ဆန့်ကျင်ရေး #လူထုတိုက်ပွဲ #စစ်ကောင်စီ #ပြည်သူ့စစ် #Whatshappeninginmyanmar
March 28, 2024
◾️ ဆန်ဖရန်စစ္စကို မြန်မာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ဦးဆောင်ပြီး ဖက်ဆစ်တော်လှန်ရေးနေ့ အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုကို မတ်လ ၂၇ ရက်နေ့ မနေ့က အမေရိကန်ပြည်ထောင်စု၊ ဆန်ဖရန်စစ္စကို ဖက်ဒရယ်အဆောက်အအုံရှေ့မှာ ပြုလုပ်ခဲ့ပါတယ်။

အဲဒီလှုပ်ရှားမှုမှာ အပြည်ပြည်ဆိုင်ရာလူထုလှုပ်ရှားမှုအဖွဲ့ချုပ် ILPS ကလည်း ပူးပေါင်းပါဝင်ခဲ့ပြီး စစ်ကောင်စီကို လေယာဉ်ဆီတင်ပို့မှု ဖြတ်တောက်ရေးနဲ့ စစ်မှုထမ်းဥပဒေဆန့်ကျင်ရေးတို့ကို ဟောပြောခဲ့ကြပါတယ်။

#abfsu #ဗကသ #march27 #antifascist
#whatshappeninginmyanmar #ilps
#banjetfuelexportstomyanmar #bloodmoneycampaignmm #militaryconscriptionlaw
March 28, 2024
ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးတော်ပုံ — ကျောင်းသားပေါင်းရာနဲ့ချီအသတ်ခံခဲ့ရတဲ့သမိုင်း
____

Read More - http://www.abfsu.org/2024/07/blog-post_7.html

“ဆဲဗင်းဂျူလိုင် တိုက်ပွဲဝင်စိတ်ဓါတ်ကို ဆက်လက်ကိုင်စွဲကြ”
“စစ်သုံးစစ်ကို အမြစ်ပြတ် တိုက်ဖျက်ကြ”

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်)

#ABFSU #GSC #7July #ဆဲဗင်းဂျူလိုင် #ဗကသ #၇၇၆၂မမေ့ကြနဲ့ #Whatshappeninginmyanmar

မူရင်း PDF Files ကို Download ပြီး လွတ်လပ်စွာ ဖြန့်ဝေနိုင်ပါတယ်။
PDF Link - https://www.mediafire.com/file/a8xjzllnewj7x7q/7_july_2024.pdf/file
July 7, 2024
ကိုကိုးကျွန်းတိုက်ပွဲ ၅၃ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ဗကသများအဖွဲ့ချုပ်နဲ့ မဟာမိတ်အင်အားစုတွေက ရန်ကုန်မှာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

၂၀၂၄ ဇူလိုင် ၃၁၊ ဗကသ

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်)၊ လူ့ဘောင်သစ်လူငယ်၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရရတကသ) နဲ့ Yangon Revolution Force တို့ ပူးပေါင်းပြီး ကိုကိုးကျွန်း အစာငတ်ခံတိုက်ပွဲ ၅၃ နှစ်ပြည့်၊ ကိုကိုးကျွန်းသူရဲကောင်းများနေ့ အထိမ်းအမှတ်အဖြစ် ဒီကနေ့ ဇူလိုင်လ ၃၁ ရက်နေ့က ရန်ကုန်မြို့မှာ “ရန်သူတကာကြောက်ဒူးတုန်ပါစေ ပြည်သူအပေါင်းရွှင်လန်းအားတက်ကြပါစေ” စာသားပါဘန်နာကို ချိတ်ဆွဲပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး၊ လူထုလှုံ့ဆော်ရေး လှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ပါတယ်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်
#ABFSU #ဗကသ #ကိုကိုးကျွန်းတိုက်ပွဲ #ကိုကိုးကျွန်းသူရဲကောင်းများနေ့ #WhatsHappeningInMyanmar
July 31, 2024
(၃၆)နှစ်မြောက် ၈ လေးလုံး ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံ အထိမ်းအမှတ်အဖြစ် ရန်ကုန်သပိတ်အင်အားစုများက အထွေထွေအကျပ်အတည်းဖြေရှင်းရေးနဲ့ စစ်အာဏာရှင်စနစ် (စစ်သုံးစစ်) အမြစ်ဖြတ်ရေး လူထုလှုပ်ရှားမှု ပြုလုပ်

၂၀၂၄ ဩဂုတ် ၆၊ ဗကသ

ရန်ကုန်သပိတ်အင်အားစုများက ဒီကနေ့ ဩဂုတ်လ ၆ ရက်နေ့မှာ ၈ လေးလုံး ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံ ၃၆ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့မှာ “မပြီးဆုံးသေးတဲ့ ၈ လေးလုံး လူထုလွတ်မြောက်ရေး ဒို့အတူရုန်း”၊ “The Future of Our Nation is in Our hand”၊ “ရပ်တန့်၍မရ” စာသားပါ ဘန်နာတွေ ကိုင်စွဲပြီး ပြည်သူလူထုတရပ်လုံး ကြုံတွေ့ခံစားနေရတဲ့ အထွေထွေအကျပ်အတည်းဖြေရှင်းရေးနဲ့ စစ်အာဏာရှင်စနစ် (စစ်သုံးစစ်) အမြစ်ဖြတ်ရေးဆိုင်ရာ လှုံ့ဆော်လှုပ်ရှားမှုတရပ်ကို ရန်သူ့ဖိနှိပ်မှု‌ တင်းကျပ်နေတဲ့ကြားက ဒီကနေ့ ဩဂုတ်လ ၆ ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်
#ABFSU #ဗကသ ##8888
#WhatsHappeningInMyanmar
August 6, 2024
(၃၆)နှစ်မြောက် ၈ လေးလုံး ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံ အထိမ်းအမှတ်အဖြစ် ရန်ကုန်သပိတ်အင်အားစုများက အထွေထွေအကျပ်အတည်းဖြေရှင်းရေးနဲ့ စစ်အာဏာရှင်စနစ် (စစ်သုံးစစ်) အမြစ်ဖြတ်ရေး လူထုလှုပ်ရှားမှု ပြုလုပ်

၂၀၂၄ ဩဂုတ် ၆၊ ဗကသ

ရန်ကုန်သပိတ်အင်အားစုများက ဒီကနေ့ ဩဂုတ်လ ၆ ရက်နေ့မှာ ၈ လေးလုံး ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံ ၃၆ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့မှာ “မပြီးဆုံးသေးတဲ့ ၈ လေးလုံး လူထုလွတ်မြောက်ရေး ဒို့အတူရုန်း”၊ “The Future of Our Nation is in Our hand”၊ “ရပ်တန့်၍မရ” စာသားပါ ဘန်နာတွေ ကိုင်စွဲပြီး ပြည်သူလူထုတရပ်လုံး ကြုံတွေ့ခံစားနေရတဲ့ အထွေထွေအကျပ်အတည်းဖြေရှင်းရေးနဲ့ စစ်အာဏာရှင်စနစ် (စစ်သုံးစစ်) အမြစ်ဖြတ်ရေးဆိုင်ရာ လှုံ့ဆော်လှုပ်ရှားမှုတရပ်ကို ရန်သူ့ဖိနှိပ်မှု‌ တင်းကျပ်နေတဲ့ကြားက ဒီကနေ့ ဩဂုတ်လ ၆ ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်
#ABFSU #ဗကသ ##8888
#WhatsHappeningInMyanmar
Media is too big
VIEW IN TELEGRAM
August 6, 2024
တနင်္သာရီမြို့နယ်မှာ ဗကသများအဖွဲ့ချုပ်က ၈လေးလုံး ပြည်သူ့ဒီမိုကရေစီ အရေးတော်ပုံ ၃၆ နှစ်ပြည့်အထိမ်းအမှတ် အခမ်းအနားပြုလုပ်

၂၀၂၄ ဩဂုတ် ၈၊ ဗကသ

တနင်္သာရီမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က တနင်္သာရီမြို့နယ်အတွင်းမှာ ၈လေးလုံး ပြည်သူ့ဒီမိုကရေစီ အရေးတော်ပုံ ၃၆ နှစ်ပြည့်အထိမ်းအမှတ် အခမ်းအနား ပြုလုပ်ခဲ့ပါတယ်။ အဆိုပါအခမ်းအနားမှာ ခေတ်အဆက်ဆက်က ဒီမိုကရေစီတိုက်ပွဲတွေအတွင်း ကျဆုံးခဲ့တဲ့ ကျောင်းသားထုနဲ့ ပြည်သူလူထုကို အလေးပြုခြင်း၊ ၈၈၈၈ သမိုင်းကို ဆွေးနွေးတင်ပြခြင်းနဲ့ လက်ရှိနိုင်ငံ‌ရေးအခြေအနေတွေကို ဆွေးနွေးတင်ပြခြင်းများ ပြုလုပ်ခဲ့ပါတယ်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်
#ABFSU #ဗကသ ##8888 #တနင်္သာရီ
#WhatsHappeningInMyanmar
August 8, 2024
ရန်ကုန်တက္ကသိုလ်‌ကျောင်းသားများသမဂ္ဂ - ဗကသများအဖွဲ့ချုပ်မှ ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်းသူများအား ကျေးဇူးတင်လွှာ

ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်းငွေ စုစုပေါင်း ၄,၃၈၈,၆၁၀ ကျပ် ရရှိခဲ့ပြီး၊ သမဂ္ဂမတည်ငွေ ၃၀၀,၀၀၀ ကျပ်ဖြင့် စုစုပေါင်း ၄,၆၈၈,၆၁၀ ကျပ် ကို ကရင်နီဒေသရှိ ရေဘေးသင့်ပြည်သူများအား ပံ့ပိုးကူညီခဲ့ပါသည်။

ယခုအခါတွင် အလှူငွေကောက်ခံသည့် အစီအစဥ်ကို ရပ်တန့်လိုက်ပြီဖြစ်ပြီး လှူဒါန်းခဲ့ကြသူ တဦးတယောက်ချင်းစီတိုင်းအား ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ အထူးပင်ကျေးဇူးတင်ရှိပါသည်။

#Oway #UYSU #ABFSU #SwoB #FloodReliefForMyanmar #Whatshappeninginmyanmar
October 8, 2024
Statement on the recent fascist Myanmar Military’s murder spree against civilians in Budalin, Sagaing.

-

The fascist Myanmar Military have slaughtered children as young as 7 years old, martyred innocent civilians, burned 300 houses, taken people for labor and human shields, raped and killed young women, and increased the toll of millions of internally displaced populations during their violent rampage.

We pledge to continue the revolution of the oppressed people in memory and honor of the Martyrs. It is through our steeled resolve and ironclad unity victory will be won.
We call upon the international community and all progressive forces to stand with the people of Burma in isolating the military dictatorship.

-

1. Ban jet fuel and parts exports to the Myanmar Military junta!

2. ASEAN stop colluding with brutal Military Dictatorships!

3. End Military Conscription!

4. No wars but people’s war [no proxy wars/foreign interference]!

5. Defend Peoples’ Struggles!

#whatshappeninginmyanmar #abfsu #budalin
October 26, 2024
ဗကသများအဖွဲ့ချုပ်က၂၀၂၄ အောက်တိုဘာလအတွင်း ကရင်နီဒေသမှ ရေဘေးသင့်ပြည်သူများကို ငွေကြေးအရ ကူညီပံ့ပိုးမှု ပြုလုပ်ခဲ့ပါတယ်။
ရေဘေးသင့်ပြည်သူများအတွက် ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ - ဗကသများအဖွဲ့ချုပ် က ၄၆ သိန်းကျော်၊ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ၈၈ သိန်းကျော်ဖြင့် စုစုပေါင်း ကျပ် ၁၃,၅၃၈,၄၈၁ တိတိ ကူညီပံ့ပိုးနိုင်ခဲ့ပါတယ်။
ယခုလှူဒါန်းမှုဖြစ်မြောက်နိုင်ရေးအတွက် အဘက်ဘက်မှ ကူညီပံ့ပိုးခဲ့သော ပြည်သူလူထုအသီးသီးကို ဗကသများအဖွဲ့ချုပ်က ကျေးဇူးအထူးတင်ရှိကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါတယ်။

#ABFSU #UYSU #FloodReliefForMyanmar #Whatshappeninginmyanmar
December 5, 2024
ဗကသများအဖွဲ့ချုပ်က ထွက်ရှိထားတဲ့ Non-CDM စစ်တမ်း အစအဆုံးကို ဒီ link မှာ downloadဆွဲ ရယူနိုင်ပါပြီ။

https://tinyurl.com/Owayabfsu

စာတမ်းကို လွတ်လပ်စွာ ပြန်လည်ကူးယူ ဖြန့်ဝေနိုင်ပါတယ်။


#Oway #ABFSU #CDM #NonCDM
#RevolutionaryTactics
#WhatshappeninginMyanmar
December 8, 2024
တနင်္သာရီမြို့နယ်ကျောင်းသားများသမဂ္ဂမှ တနင်္သာရီမြို့နယ်အတွင်း လေကြောင်းရန်ကာကွယ်နည်း ပန်းဖလက်များ ဖြန့်ဝေ

ဇန်နဝါရီလ ၁၈ရက်၊ ၂၀၂၅

တနင်္သာရီမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)မှ လေကြောင်းရန်ကာကွယ်နည်းများ ပန်းဖလက်များကို ဒေသခံပြည်သူလူထုအား ဖြန့်ဝေပေးခဲ့သည်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်

#ABFSU #တနင်္သာရီ #airstrike 
#WhatshappeninginMyanmar
January 18
🚨 ဗကသများအဖွဲ့ချုပ် နိုင်ငံခြားရေးရာကော်မတီက ထုတ်ဝေတဲ့ စာစဉ် 🚨

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် နိုင်ငံခြားရေးရာကော်မတီ (ABFSU - Foreign Affairs Committee) က ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ မှာ "Burma Update" စာစဉ်ကို ထုတ်ဝေလိုက်ပါတယ်။ ဒီစာစဉ်မှာ စစ်ကောင်စီရဲ့ ဖိနှိပ်မှုတွေအကြား ဗမာပြည်သူလူထုတရပ်လုံး ဒီမိုကရေစီရေးနဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးအတွက် ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်နေတဲ့အကြောင်းတွေကို ရေးသားဖော်ပြထားတဲ့အပြင် နိုင်ငံတကာပြည်သူလူထုအနေနဲ့လည်း ဝန်းရံပေးကြဖို့ တိုက်တွန်းထားပါတယ်။

📖 စာစဉ်ထဲမှာဘာတွေပါလဲ

★ မတရားစစ်မှုထမ်း ဥပဒေအပါအဝင် ပြည်သူလူထု ကြုံတွေ့နေရတဲ့ အခက်အခဲတွေ

★ ဗမာပြည်သူလူထုရဲ့ ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံ

★ USAID နဲ့ စစ်ရှောင်စခန်းက ပြည်သူများ

★ မတရားစစ်မှုထမ်းဆင့်ခေါ်ခံရလို့ တိမ်းရှောင်လာတဲ့ တော်လှန်ရေးထဲက ရဲဘော်တဦးရဲ့ ကိုယ်တွေ့အတွေ့အကြုံ

★ အကြမ်းဖက်အာဏာသိမ်း စစ်အုပ်စု ကျူးလွန်ခဲ့တဲ့ မတရားဖမ်းဆီးမှု၊ သတ်ဖြတ်မှုနဲ့ လေကြောင်းတိုက်ခိုက်မှုစာရင်း

🌏 ဒီစာစဉ်ဟာ လက်ရှိ ဗမာပြည်မှာ ဘာဖြစ်နေလဲဆိုတာ ဖော်ပြထားတဲ့အပြင် နိုင်ငံတကာ့ပြည်သူလူထုတရပ်လုံးကို ကျနော်တို့နဲ့ အတူတကွရပ်တည်ပြီး ဖက်ဆစ်ဝါဒ၊ စစ်ဝါဒနဲ့ နယ်ချဲ့စနစ်ကို ဆန့်ကျင်တိုက်ပွဲဝင်ဖို့ စည်းရုံးနှိုးဆော်တဲ့ ဗကသရဲ့အသံလည်း ဖြစ်ပါတယ်။

📢 ကျနော်တို့ရဲ့ကြွေးကြော်သံကဘာတွေလဲ

★ စစ်သုံးစစ်ကိုအမြစ်ဖြတ်ကြ

★ မတရားစစ်မှု့ထမ်းဥပဒေကိုဆန့်ကျင်ကြ

★ အတုအယောင်ရွေးကောက်ပွဲအလိုမရှိ

★ အတုအယောင်ငြိမ်းချမ်းရေးအလိုမရှိ

👉 ဖတ်ပါ၊ ဝေမျှပါ၊ ပါဝင်လှုပ်ရှားပါ။

📕ပုံနှိပ်ထားသောစာအုပ်ကို ဝယ်ယူအားပေးလိုပါက (U.S. only)

www.facebook.com/myanmarstudentunion

https://tinyurl.com/ABFSU25us

🔗 ဒေါင်းလုတ်ရယူရန်
https://archive.org/details/burma-update-feb-25/Burma%20Update%20Feb%2025%20%281%29.pdf

📝 ဗကသများအဖွဲ့ချုပ် နိုင်ငံခြားရေးရာကော်မတီ မှ ထုတ်ဝေသည်။

(English Version) :

🚨 NEW PUBLICATION ALERT! 🚨

All Burma Federation of Student Unions (ABFSU) proudly presents Burma Update: February 25, 2025 - a powerful, urgent call to action. This issue sheds light on the junta’s atrocities, amplifies the struggles of the people of Burma, and calls for International solidarity.

📖 Inside this issue:

★ The brutal impact of forced military conscription

★ The ongoing struggle for democracy and justice

★ USAID & Burmese Refugees

★ The voices of revolutionaries fighting for a liberated Burma

★ Updates on arrests, killings, and airstrikes

🌏This publication is more than just an update - it’s a CALL TO ACTION. Stand with the people of Burma as we fight against fascism, militarism, and imperialism.

📢 Our demands:

★ Overthrow the military dictatorship
★ End forced conscription and state violence
★ No Justice, No Peace

👉 Read, share, and take action. The people of Burma need YOU.

📕Support us and get a copy [U.S. only] $15/ per copy [shipping not included]

Instagram @abfsu.msu

www.facebook.com/myanmarstudentunion

https://tinyurl.com/ABFSU25us

🔗 Digital Copy: https://archive.org/details/burma-update-feb-25/Burma%20Update%20Feb%2025%20%281%29.pdf

📝 Published by ABFSU Foreign Affairs Committee
#WhatsHappeningInMyanmar #ABFSU #FAC #Solidarity #Internationalism #BurmaUpdates
February 21
March 29
March 31
"လည်ပင်းနဲ့ဓား အတူယှဉ်တွဲနေထိုင်လို့မရ" စာသားပါ ဘန်နာချိတ်ဆွဲ၍ ကျောင်းသားထုလှုပ်ရှားမှုတရပ် ပြုလုပ်

ဇွန်လ ၈ရက်၊ ၂၀၂၅

ယင်းမာပင်မြို့နယ်ထဲက အများပြည်သူသွားလာနေတဲ့ လမ်းပိုင်းတနေရာမှာ "လည်ပင်းနဲ့ဓား အတူယှဉ်တွဲနေထိုင်လို့မရ" စာသားပါဘန်နာကို ချိတ်ဆွဲပြီး ယင်းမာပင်မြို့နယ်ကျောင်းသားများသမဂ္ဂနဲ့ ပုလဲမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပူးပေါင်းပြုလုပ်ခဲ့ကြပါတယ်။

၂၀၂၅၊ မေလအတွင်းမှာ စစ်တပ်အထိုင်ချရာနေရာ၊ စစ်ကောင်စီစိုးမိုးဒေသတွေနဲ့ နီးစပ်ဒေသအချို့မှာ စစ်ကောင်စီက စာသင်ကျောင်း၊ ဘကကျောင်းတွေ ပြန်လည်ဖွင့်လှစ်ရေး ဗန်းပြပြီး ဒေသခံကျောင်းသားကျောင်းသူတွေနဲ့ သူတို့ရဲ့မိဘတွေရဲ့ အိမ်ထောင်စုစာရင်းနဲ့ အခြားအချက်အလက်တွေကို အတင်းအဓမ္မကောက်ခံနေပါတယ်။

တဆက်တည်းမှာပဲ ကျောင်းတွေမှာ အတန်းကျော်တက်နိုင်ရေးအတွက် ပိုက်ဆံကောက်ခံတာ၊ စစ်ကောင်စီနဲ့နီးစပ်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေက သူတို့လုပ်ငန်းလည်ပတ်‌ရေးအတွက် ဒေသခံတွေကို ငွေကြေးပေးပြီး မသမာတဲ့ နည်းလမ်းနဲ့ လက်ဝါးကြီးအုပ်တာတွေ ပြုလုပ်နေကြပါတယ်။

‌ဒီအ‌ခြေအနေတွေကြောင့် ဒေသခံပြည်သူလူထုလည်း စိုးရိမ်နေရပြီး ဗကသများအဖွဲ့ချုပ်အနေနဲ့ စစ်ဗျူရိုကရေစီယန္တရားရဲ့ ဖိနှိပ်မှုတွေကို ဆန့်ကျင်ဖို့ ဒီဘန်နာကို ချိတ်ဆွဲ၊ ဆန္ဒပြလှုပ်ရှားခဲ့ကြပါတယ်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်

#ABFSU #ယင်းမာပင် #ပုလဲ #studentsunion #studentsmovement #WhatshappeninginMyanmar
June 8