All Burma Federation Of Student Unions
1.15K subscribers
7.81K photos
108 videos
642 links
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ၏ တရားဝင် တယ်လီဂရမ်ချန်နယ် ဖြစ်ပါသည်။
Download Telegram
ရန်ကုန်တွင် ဗကသများအဖွဲ့ချုပ်က FoodPanda Rider များ၏ သပိတ်ကို ပြည်သူများအနေဖြင့် ဝန်းရံကြရန် လက်ကမ်းစာစောင်များ ဖြန့်ဝေလှုံ့ဆော်

၂၀၂၂ ဇွန် ၂၉၊ ဗကသ

FoodPanda rider များ၏ သပိတ်မှောက်မှုကို ပြည်သူများက ဝန်းရံပေးကြရန် လက်ကမ်းစာစောင်များ ဖြန့်‌ဝေလှုံ့ဆော်သည့်လှုပ်ရှားမှုကို ရန်ကုန်၊ လှည်းတန်းတွင် ဇွန်လ ၂၉ ရက်နေ့၌ ဗကသများအဖွဲ့ချုပ်ဝင် ကျောင်းသားသမဂ္ဂများက ပြုလုပ်ခဲ့ပါသည်။

အဆိုပါလှုပ်ရှားမှုတွင် မင်္ဂလာဒုံမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ မရမ်းကုန်းမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ လှိုင်သာယာမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့က ပြုလုပ်ခြင်းဖြစ်ပြီး လက်ကမ်းစာစောင်တွင် FoodPanda Rider များ သပိတ်မှောက်ရသည့် အကြောင်းအရင်း၊ Rider များ၏ တောင်းဆိုချက်များရရှိရန် စားသုံးသူများက ဝန်းရံပြီး Foodpanda Application ကို မသုံးစွဲရန် နှိုးဆော်ချက်များ ပါရှိသည်။

လက်ကမ်းစာစောင်ကို ဒေါင်းလုတ်ရယူရန် - https://drive.google.com/file/d/1Y1IC54YvqFiYk-0AGHKc7OrdMN_hcfP7/view?usp=drivesdk

သတင်းနှင့်ပြန်ကြားရေးဗျူရို
ဗကသများအဖွဲ့ချုပ်
#abfsu #foodpanda #WhatHappeningInMyanmarNow