All Burma Federation Of Student Unions
1.15K subscribers
7.81K photos
108 videos
642 links
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ၏ တရားဝင် တယ်လီဂရမ်ချန်နယ် ဖြစ်ပါသည်။
Download Telegram
ရေစကြိုမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဖွဲ့စည်း

မေလ ၁၂ ရက်၊ ၂၀၂၅ ခုနှစ်

ရေစကြိုမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) အား ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ၏ (၈) ကြိမ်မြောက်ညီလာခံက ချမှတ်ပြဌာန်းခဲ့သည့် မူဝါဒ (၆) ချက်၊ ဖွဲ့စည်းအုပ်ချုပ်ပုံစည်းမျဉ်းဥပဒေနှင့် ဒီမိုကရေစီဗဟိုဦးစီးစနစ် အစရှိသည့် လက်ခံချက် (၃) ရပ်အား လက်ခံလိုက်နာ၍ ၂၀၂၅ ခုနှစ်၊ မေလ ၁၀ ရက်နေ့တွင် ဖွဲ့စည်းလိုက်သည်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်

#ABFSU #ရေစကြို #studentsunion #studentsmovement
မြိုင်မြို့နယ်တွင် ဗကသများအဖွဲ့ချုပ်မှ လေကြောင်းအန္တရာယ်ကာကွယ်ရေး သရုပ်ပြခြင်း၊ စာစောင်ဝေခြင်းများ ပြုလုပ်

မေလ ၁၂ရက်၊ ၂၀၂၅

မြိုင်မြို့နယ်ကျောင်းသားများသမဂ္ဂက မြိုင်မြို့နယ်အတွင်း လေကြောင်းအန္တရာယ်ကာကွယ်ရေး လက်ကမ်းစာစောင်တွေ ဖြန့်ဝေပြီး ပြည့်သူအခြေပြုကျောင်း ခုနစ်ကျောင်းက ကျောင်းသား‌ကျောင်းသူတွေကို လေကြောင်းအန္တရာယ် ကြုံတွေ့လာစဉ် ‌‌‌ဘေးအန္တရာယ် ကင်းစွာနေထိုင်နိုင်ရန်နဲ့ နည်းစနစ်ကျစွာနေထိုင်နည်း‌တွေကို‌လည်း သရုပ်ပြပေးပြီး လေ့ကျင့်ပေးခဲ့ကြပါတယ်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်

#ABFSU #Airstrike #studentsunion #militaryatrocities #resistance
ဒီပဲယင်းမြို့နယ်၊ အိုးထိန်းတွင်းကျေးရွာရှိ ပြည်သူ့အခြေပြုပညာရေးဖော်ဆောင်နေသော စာသင်ကျောင်း ဗုံးကြဲတိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ ပူးတွဲသဘောထားထုတ်ပြန်ချက်

- ကျောင်းသားသမဂ္ဂကိုယ်စားလှယ်များကော်မတီ
- ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်
- အခြေခံပညာကျောင်းသားသမဂ္ဂကွန်ရက်
- ကြားကာလ အခြေခံပညာကျောင်းသားသမဂ္ဂများ ကိုယ်စားပြုကော်မတီ
- အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး
- လွတ်လပ်သောလူငယ်များအစည်းအရုံး
- CDM ပညာရေးဝန်ထမ်းများသမဂ္ဂ
- မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ
- နည်းပညာတက္ကသိုလ်ကျောက်ဆည်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)