မလဲသာကျောင်းသားများသမဂ္ဂမှ ကျောင်းတွင်းဟောပြောပွဲနှင့် အမှုဆောင်ပြန်လည်ရွေးကောက်ခြင်းအခမ်းအနားအား ကျင်းပ
နိုဝင်ဘာ ၁၅၊ အိုးဝေ
အထက မလဲသာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ကျောင်းဝန်းအတွင်း ဟောပြောပွဲတရပ်ကို ကျင်းပခဲ့ပြီး တဆက်တည်းမှာပဲ အမှုဆောင်ပြန်လည်ရွေးကောက်ခြင်း အခမ်းအနားကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။
#ABFSU #studentsmovement #studentsunion

"သပိတ်မှောက်ကျောင်းသားများရဲ့ လုပ်ရပ်ဟာ တိုင်းပြည်တည်ငြိမ်မှုကို ခြိမ်းခြောက်နေတယ်" -
ကာလုံအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးကိုကို၏ သပိတ်မှောက်ကျောင်းသားများအပေါ် သဘောထား (၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ရက်)
____
လွန်ခဲ့တဲ့ ၁၀ နှစ်၊ မတ်လ ၁၀ ရက်နေ့မှာ အကြမ်းဖက်စစ်အုပ်စုရဲ့ ရဲတပ်ဖွဲ့ဝင်တွေက လက်ပံတန်းမှာ ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ကျောင်းသားတွေ၊ ဝန်းရံပြည်သူတွေကို အကြမ်းဖက်ရိုက်နှက်ဖမ်းဆီးပြီး ဒီမိုကရေစီပညာရေးသပိတ်စစ်ကြောင်းကို ရက်ရက်စက်စက် ဖြိုခွဲခဲ့ပါတယ်။
ဒီသပိတ်စစ်ကြောင်းမှာတော့ ကျောင်းသားတွေက အမျိုးသားပညာရေးဥပဒေကို ပြန်လည်ပြင်ဆင်ပြီး ဒီမိုကရေစီပညာရေးရရှိဖို့အတွက် အဓိကထားတောင်းဆိုခဲ့ကြပါတယ်။ ကျောင်းသားတွေက "အဖမ်းခံမယ်၊ အကြမ်းမဖက်ဘူး"လို့ ညှိနှိုင်းခဲ့သည့်တိုင် သိန်းစိန်ခေါင်းဆောင်တဲ့ စစ်အုပ်စုရဲ့ ရဲတပ်ဖွဲ့ဝင်တွေက ကျောင်းသားတွေကို လက်သီးနဲ့ကပ်ထိုးတာ၊ စစ်ဖိနပ်နဲ့ ခြေထောက်ကို နင်းတာ၊ ဆေးလိပ်မီးနဲ့ ထိုးတာ၊ လက်ကိုင်တုတ်နဲ့ရိုက်တာ စသဖြင့် အကြမ်းဖက်ရိုက်နှက်ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
ကျောင်းသားတွေက စုံစမ်းရေးကော်မရှင်ဖွဲ့ပြီး ဒီဖြစ်စဉ်ကို စုံစမ်းစစ်ဆေးဖို့ တောင်းဆိုတဲ့အခါမှာလည်း မြန်မာအမျိုးသားလူ့အခွင့်အရေးကော်မရှင်က "ရေသန့်ဗူးတလုံးကျလို့ အကြမ်းဖက်မှုဖြစ်ပွားရတယ်"လို့ လီဆယ်ပြီး "မတရားအကြမ်းဖက်"၊ "ငြိမ်းချမ်းစွာဆန္ဒပြ"ဆိုတဲ့ စကားလုံးတွေကို ရှောင်ပြီး စစ်အုပ်စုရဲ့ လုပ်ရပ်တွေကို ဖာထေးပေးတဲ့ သဘောထားတရပ် ထုတ်ပြန်ခဲ့ပါတယ်။
_
ကျောင်းသားတွေရဲ့ ဒီမိုကရေစီပညာရေးသပိတ်မှောက်လှုပ်ရှားမှု ဆယ်နှစ်ကြာခဲ့သည့်တိုင် သပိတ်ရဲ့ တောင်းဆိုချက်ဖြစ်တဲ့ ဒီမိုကရေစီပညာရေးကို မရရှိသေးတဲ့အပြင် စစ်အုပ်စုရဲ့ ရက်ရက်စက်စက်ဖိနှပ်မှုတွေကို ကျောင်းသားတွေက ခါးစည်းခံနေကြရဆဲ ဖြစ်ပါတယ်။
#Oway #ABFSU #UYSU #၂၀၁၅ပညာရေးသပိတ် #ဒီမိုကရေစီပညာရေးသပိတ်စစ်ကြောင်း #အမျိုးသားပညာရေးဥပဒေပြန်လည်ပြင်ဆင်ရေး #studentsunion #studentsmovement

ကနီမြို့နယ်တွင် ဗကသများအဖွဲ့ချုပ်ဝင် ပြည်သူ့အခြေပြုကျောင်းသားများသမဂ္ဂ တရပ် ဖွဲ့စည်း
မတ်လ ၁၂ရက်၊ ၂၀၂၅
ကနီမြို့နယ်မှာ ဗကသများအဖွဲ့ချုပ်ဝင် ပြည်သူ့အခြေပြုကျောင်းသားများသမဂ္ဂ တရပ်ကို မတ်လ ၁၁ ရက်နေ့က ဖွဲ့စည်းခဲ့သည်။
ဖွဲ့စည်းမှုမတိုင်မီတရက်မှာလည်း ဗကသများအဖွဲ့ချုပ်က ထုတ်ဝေတဲ့ Non - CDM စစ်တမ်းအပေါ် အဖွဲ့ဝင်ကျောင်းသား/သူတွေအပြင် ဆရာ/မတွေနဲ့အတူ အကျေအလည် ဆွေးနွေးခဲ့ကြပြီး သူ့အမြင်ကိုယ့်အမြင်တွေ ဆွေးနွေးဖလှယ်ခဲ့ကြပါတယ်။
မတ်လ ၁၁ ရက်နေ့မှာတော့ ဗကသများအဖွဲ့ချုပ်ဝင် ပြည်သူ့အခြေအပြုကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ကို တရားဝင်ဖွဲ့စည်းနိုင်ခဲ့ပါတယ်။
#ABFSU #KNSU #ကနီ #ကျောင်းသားသမဂ္ဂ #studentsunion

တနင်္သာရီမြို့နယ်ကျောင်းသားများသမဂ္ဂမှ ကျောင်းသားထုဆွေးနွေးပွဲတရပ် ပြုလုပ်
ဧပြီလ ၂၆ရက်၊ ၂၀၂၅ ခုနှစ်
တနင်္သာရီမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)က ဦးဆောင်ပြီး တနင်္သာရီမြို့နယ်အတွင်း Spring Edu Garden ပြည်သူ့အခြေပြုအထက်တန်းကျောင်းက ကျောင်းသား၊ ကျောင်းသူတွေနဲ့အတူ တွေ့ဆုံဆွေးနွေးပွဲတရပ် ပြုလုပ်ခဲ့ပါတယ်။
သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်
#ABFSU #Studentsunion #တနင်္သာရီ