All Burma Federation Of Student Unions
1.15K subscribers
7.73K photos
108 videos
642 links
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ၏ တရားဝင် တယ်လီဂရမ်ချန်နယ် ဖြစ်ပါသည်။
Download Telegram
Media is too big
VIEW IN TELEGRAM
Appealing message to the people from All Burma Federation of Student Unions (ABFSU) and University of Yangon Students' Union (UYSU)

Myat Noe
All Burma Federation of Student Unions

#ABFSU #UYSU #SwB #Fundraising #Earthquakestrikes #Myanmar #WhatshappeningnowinMyanmar
သတင်းထုတ်ပြန်ခြင်း
ဧပြီ ၁၁၊ ၂၀၂၅

ဗကသများအဖွဲ့ချုပ် ဗဟိုအမှုဆောင်အဖွဲ့ ဒုတိယဥက္ကဌဖြစ်သူ ကိုဝေယံဖြိုးမိုးသည် အင်းစိန်အကျဉ်းထောင်နှင့် သာယာဝတီအကျဉ်းထောင်တို့တွင် ၄ နှစ်ကျော်ကြာ မတရားဖမ်းဆီးခံခဲ့ရပြီး ဧပြီလ ၂ ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာပြီဖြစ်သည်။

Photo By MPA

ဗကသများအဖွဲ့ချုပ်
#ABFSU #ဗကသ #ကိုဝေယံဖြိုးမိုး
ငလျင်​ဘေးကူညီ​ထောက်ပံ့​ရေးလုပ်ငန်းစဥ်များအားရှင်းလင်းတင်ပြခြင်း

ဗမာနိုင်ငံလုံးဆိုင်​ရာ​ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ရန်ကုန်တက္ကသိုလ်​ကျောင်းသားများသမဂ္ဂနှင့် Students Without Borders Campaign၊ ဗမာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးများသမဂ္ဂ (ABWU)၊ ဗမာနိုင်ငံလုံးဆိုင်ရာလူငယ်ကဗျာဆရာများသမဂ္ဂ (ဗလကသ)၊Sisters 2 Sisters၊ အရေးပေါ် တုံ့ပြန် ညှိနှိုင်းဆောင်ရွက်ရေးယူနစ် - Myanmar Emergency Response Coordination Unit (MERCU) တို့နှင့်ပြည်တွင်းအ​ခြေစိုက်အရပ်ဖက်အဖွဲ့အစည်းများပူး​ပေါင်း၍ စစ်ကိုင်း၊ မန္တ​လေး၊ တံတားဦး၊​တောင်ငူ၊​နေပြည်​တော်၊ ပျဥ်းမနား၊ ရမည်းသင်း၊ ​ပျော်ဘွယ်​ဒေသများရှိ ငလျင်​ဘေးဒဏ်သင့် အိမ်​ထောင်စု ၁၀၀၀ ခန့် (လူဦး​ရေ ၄၀၀၀နှင့် ၅၀၀၀ ကြား) အတွက် လိုအပ်​သော ကူညီ​ထောက်ပံ့​ရေးပစ္စည်းများ စုစု​ပေါင်း တန်ဖိုး​ငွေ သိန်း ၁၂၀၀ ကျပ်ခန့်ကို သွား​ရောက်​ပေးအပ်ကူညီခဲ့ပါသည်။

ထိုသို့​ပေးအပ်ကူညီနိုင်ရန်အတွက် အဖက်ဖက်မှကူညီ​ဆောင်ရွက်​ပေး​သော လူပုဂ္ဂိုလ်များ အဖွဲ့အစည်းများ နှင့် အလှူ​ငွေ ​ကောက်ခံ​ပေးကြသူများ ထည့်ဝင်လှူဒါန်း​ပေးကြသူများကို ငလျင်ဒဏ်သင့် မိဘပြည်သူများကိုယ်စား ဗကသများအဖွဲ့ချုပ်မှ အထူးပင်​ကျေးဇူးတင်ရှိပါသည်။

ဗကသများအဖွဲ့ချုပ်

#ABFSU #earthquakerelief
ငလျင်အပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲအဖြေလွှာ လေးသိန်းခန့် မီးလောင်မှုကြောင့် စာမေးပွဲပြန်ဖြေခိုင်းမည့် စစ်ကောင်စီ၏ ထုတ်ပြန်ချက်အပေါ် ဗကသ၏ သဘောထားထုတ်ပြန်ချက်

ဧပြီလ ၁၄ ရက်၊ ၂၀၂၅ ခုနှစ်

ဗဟိုစည်းရုံးရေးကော်မတီ
ဗကသများအဖွဲ့ချုပ်

#ABFSU #Metricexam #earthquakemyanmar #Earthquake2025 #SAC
Report Back on Earthquake Relief and Support Efforts

In a powerful act of unity, the All Burma Federation of Student Unions (ABFSU), Yangon University Students' Union, Students Without Borders Campaign, All Burma Women’s Union (ABWU), All Burma Young Poets’ Union (ABYPU), Sisters 2 Sisters, and the Myanmar Emergency Response Coordination Unit (MERCU), together with local civil society organizations on the ground, joined forces to deliver life-saving support to our people.

Across the earthquake affected regions of Sagaing, Mandalay, Tada-U, Taungoo, Naypyidaw, Pyinmana, Yamethin, and Pyawbwe, we reached around 1,000 households or about 4,000 to 5,000 people, with urgently needed relief supplies, valued at approximately 120 million kyats.

This mission of care and resistance would not have been possible without the unwavering support of the people. Those who organized, mobilized, donated, and stood with us. On behalf of the affected families, the ABFSU expresses deep revolutionary gratitude to all who answered this call. In times of crisis, the people's unity is our greatest strength.

#ABFSU #MyanmarEarthquake #earthquakestrikes #earthquakereleif #whatshappeningnowinmyanmar
အရာတော်မြို့နယ် ကျောင်းသားများသမဂ္ဂမှ မင်းကွန်းဒေသရှိ ငလျင်ဘေးသင့်စစ်ရှောင်ပြည်သူများအား တနပ်စာထမင်းအာဟာရအလှူ ပြုလုပ်

ဧပြီ ၁၈ ရက်၊ ၂၀၂၅ ခုနှစ်

အရာတော်မြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)က ဦးဆောင်းပြီး ယမန်နေ့ နှစ်ဆန်းတရက်နေ့က မင်းကွန်းဒေသရှိ ငလျင်ဘေးသင့်စစ်ရှောင်ပြည်သူတွေအတွက် တနပ်စာထမင်းအာဟာရအလှူ စီစဉ်ပြုလုပ်ခဲ့ကြပါတယ်။
_

အစီအစဥ်အထမြောက်ဖို့ရာ အဖက်ဖက်က ပါဝင်ဆောင်ရွက်​ပပေးကြတဲ့ လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေနဲ့ အလှူ​ငွေ ကောက်ခံ​ပေးကြသူတွေ၊ ထည့်ဝင်လှူဒါန်း​ပေးကြသူတွေ အားလုံးကို ငလျင်ဒဏ်သင့် မိဘပြည်သူတွေကိုယ်စား အရာတော်မြို့နယ် ကျောင်းသားများသမဂ္ဂနဲ့
ဗကသများအဖွဲ့ချုပ်တစုံလုံးက အထူးကျေးဇူးတင်ရှိပါတယ်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်

#အရာတော်မြို့နယ်ကျောင်းသားများသမဂ္ဂ
#ဗကသများအဖွဲ့ချုပ်
#ABFSU #earthquakerelief