All Burma Federation Of Student Unions
1.15K subscribers
7.73K photos
108 videos
642 links
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ၏ တရားဝင် တယ်လီဂရမ်ချန်နယ် ဖြစ်ပါသည်။
Download Telegram
ကနီမြို့နယ်တွင် ဗကသများအဖွဲ့ချုပ်မှ လေကြောင်းအန္တရာယ်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ပြုလုပ်

မတ်လ ၆ ရက်၊ ၂၀၂၅

ကနီမြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ဦးဆောင်ပြီး ကနီမြို့နယ်တနေရာမှာ လေးကြောင်းအန္တရာယ်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲတရပ်ကို ဒီနေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။

ဒီဟောပြောပွဲမှာတော့ ယခုလက်ရှိ စစ်ကောင်စီက အသုံးပြုတိုက်ခိုက်နေတဲ့ Paramotor၊ လေကြောင်းအန္တရာယ်နဲ့ ပတ်သက်တဲ့ အသိပေး‌စရာတွေအပြင် ပြည်သူလူထုအနေနဲ့ မိမိကိုယ်ကို ကာကွယ်နိုင်တဲ့ နည်းလမ်းတွေကို အသိပေးနှိုးဆော်ခဲ့ပြီး တော်လှန်ရေးရှည်ကြာလာတာနဲ့အမျှ ညည်းငွေ့အားလျော့မသွားဘဲ တော်လှန်ရေးအပေါ် ဆက်လက်ယုံကြည်ပြီး လမ်းကြောင်းမသွေဖီသွားဖို့နဲ့ နိုင်ရာနည်းလမ်းတွေနဲ့ ဆက်လက်တော်လှန်ကြဖို့ရာ ဆွေးနွေးဟောပြောခဲ့ကြပါတယ်။

#ABFSU #KNSU #ကန#လေကြောင်းအန္တရာယ် #airstrike #paramotor
ကနီမြို့နယ်တွင် ဗကသများအဖွဲ့ချုပ်ဝင် ပြည်သူ့အခြေပြုကျောင်းသားများသမဂ္ဂ တရပ် ဖွဲ့စည်း

မတ်လ ၁၂ရက်၊ ၂၀၂၅

ကနီမြို့နယ်မှာ ဗကသများအဖွဲ့ချုပ်ဝင် ပြည်သူ့အခြေပြုကျောင်းသားများသမဂ္ဂ တရပ်ကို မတ်လ ၁၁ ရက်နေ့က ဖွဲ့စည်းခဲ့သည်။

ဖွဲ့စည်းမှုမတိုင်မီတရက်မှာလည်း ဗကသများအဖွဲ့ချုပ်က ထုတ်ဝေတဲ့ Non - CDM စစ်တမ်းအပေါ် အဖွဲ့ဝင်ကျောင်းသား/သူတွေအပြင် ဆရာ/မတွေနဲ့အတူ အ‌ကျေအလည် ဆွေးနွေးခဲ့ကြပြီး သူ့အမြင်ကိုယ့်အမြင်တွေ ဆွေးနွေးဖလှယ်ခဲ့ကြပါတယ်။

မတ်လ ၁၁ ရက်နေ့မှာတော့ ဗကသများအဖွဲ့ချုပ်ဝင် ပြည်သူ့အခြေအပြုကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ကို တရားဝင်ဖွဲ့စည်းနိုင်ခဲ့ပါတယ်။

#ABFSU #KNSU #ကန#ကျောင်းသားသမဂ္ဂ #studentsunion
မသဥ္ဇာဟိန်း ကျဆုံးခြင်း လေးနှစ်ပြည့် အခမ်းအနားကို ကနီမြို့နယ်ကျောင်းသားများသမဂ္ဂက ပြုလုပ်

မတ်လ ၂၉၊ ၂၀၂၅

ကနီမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ဦးဆောင်ပြီး မသဥ္ဇာဟိန်း ကျဆုံးခြင်း လေးနှစ်ပြည့်အခမ်းအနားတရပ်ကို မတ်လ ၂၈ ရက်နေ့က ကနီမြို့နယ်မှာ ပြုလုပ်ခဲ့ပါတယ်။

အဆိုပါ အခမ်းအနားမှာ လွမ်းသူ့ပန်းခွေများချခြင်း၊ ဒေသခံကာကွယ်ရေးတပ်က သေနတ်ပစ်ဖောက် အလေးနီပြုခြင်း၊ လူထုသပိတ်တရား ဟောပြောခြင်း၊ ကဗျာများရွတ်ဖတ်ခြင်းတို့ ပြုလုပ်ခဲ့ကြပါတယ်။

အခမ်းအနားကို ကနီမြို့နယ်အတွင်းက ပြည်သူ့အခြေပြုကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ရဲဘော်များ၊ ဆရာဆရာမများ၊ ပြည်သူလူထု၊ ကျေးရွာ ပကဖ/ပအဖ ရဲဘော်များနဲ့ မြို့နယ်ပကဖ တာဝန်ခံများ တက်ရောက်ခဲ့ကြပါတယ်။

#ABFSU #KNSU #မသဉ္ဇာဟိန်း