ကနီမြို့နယ်တွင် ဗကသများအဖွဲ့ချုပ်ဝင် ပြည်သူ့အခြေပြုကျောင်းသားများသမဂ္ဂ တရပ် ဖွဲ့စည်း
မတ်လ ၁၂ရက်၊ ၂၀၂၅
ကနီမြို့နယ်မှာ ဗကသများအဖွဲ့ချုပ်ဝင် ပြည်သူ့အခြေပြုကျောင်းသားများသမဂ္ဂ တရပ်ကို မတ်လ ၁၁ ရက်နေ့က ဖွဲ့စည်းခဲ့သည်။
ဖွဲ့စည်းမှုမတိုင်မီတရက်မှာလည်း ဗကသများအဖွဲ့ချုပ်က ထုတ်ဝေတဲ့ Non - CDM စစ်တမ်းအပေါ် အဖွဲ့ဝင်ကျောင်းသား/သူတွေအပြင် ဆရာ/မတွေနဲ့အတူ အကျေအလည် ဆွေးနွေးခဲ့ကြပြီး သူ့အမြင်ကိုယ့်အမြင်တွေ ဆွေးနွေးဖလှယ်ခဲ့ကြပါတယ်။
မတ်လ ၁၁ ရက်နေ့မှာတော့ ဗကသများအဖွဲ့ချုပ်ဝင် ပြည်သူ့အခြေအပြုကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ကို တရားဝင်ဖွဲ့စည်းနိုင်ခဲ့ပါတယ်။
#ABFSU #KNSU #ကနီ #ကျောင်းသားသမဂ္ဂ #studentsunion

ဘုတလင်မြို့နယ်တွင် ဗကသများအဖွဲ့ချုပ်မှ ရပ်ရွာနေလူထုအား ပါရာမော်တာအန္တရာယ်ကာကွယ်ရေး သတိပေးစာစောင်ဝေ
ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)က ဘုတလင်မြို့နယ်မှာ စက်တပ်လေထီး (Paramotor) အန္တရာယ်ကာကွယ်ရေးသတိပေး လက်ကမ်းစာစောင်တွေကို ထပ်မံဖြန့်ဝေခဲ့ကြပါတယ်။
ဒီလက်ကမ်းစာစောင်မှာ အကြမ်းဖက်စစ်ကောင်စီက လက်ရှိအသုံးပြုနေတဲ့ စက်တပ်လေထီး
(Paramotor) ရဲ့ အချက်အလက်တွေ၊ သရုပ်ပြပုံတွေ အကျဥ်းချုပ်ပါရှိပြီး တိုက်ခိုက်မှုဖြစ်ပေါ်လာချိန်မှာ ကာကွယ်တိမ်းရှောင်နိုင်မယ့် နည်းလမ်းတွေကို ဖော်ပြထားပါတယ်။
အကြမ်းဖက်စစ်တပ်က စက်တပ်လေထီး (Paramotor) တွေနဲ့ ပြည်သူလူထုကို နေ့ရက်မခြား သတ်ဖြတ်နေတဲ့ မတ်လ၁၃ရက်နေ့၊ ကိုဖုန်းမော်ကျဆုံးတဲ့ ၃၇ နှစ်မြောက်နေ့မှာ ပြည်သူအများ လေကြောင်းအန္တရာယ်က ကင်းဝေးစေရန် လေကြောင်းအန္တရာယ်လက်ကမ်းစာစောင်တွေထပ်မံဖြန့်ဝေခဲ့ခြင်းဖြစ်ပါတယ်။
#ABFSU #ဘုတလင် #Paramotor #airstrike

ပုလဲမြို့နယ် ကျောင်းသားများသမဂ္ဂမှ မတ်လ ၁၃ ရက်နေ့ ဖုန်းမော်နေ့ အထိမ်းအမှတ်အဖြစ် ဆောင်းပါးဖြန့်ဝေ
မတ်လ ၁၃ ရက်၊ ၂၀၂၅
ပုလဲမြို့နယ်တွင်းက ပြည်သူ့အခြေပြုကျောင်းတွေနဲ့ ရပ်ရွာနေလူထုကို ဒီနေ့ မတ်လ ၁၃ရက်နေ့မှာ ကျရောက်တဲ့ ဖုန်းမော်နေ့ အထိမ်းအမှတ်အဖြစ် ဆောင်းပါးတွေ ဖြန့်ဝေခဲ့ကြပါတယ်။
ဖုန်းမော်နေ့မှာ အကြမ်းဖက်စစ်အုပ်စုက ကျောင်းသားပြည်သူတွေကို ရက်ရက်စက်စက် နှိမ်နှင်းဖြိုခွဲခဲ့ပြီး ကိုဖုန်းမော်ကျဆုံးသွားခြင်းကို အမြဲအမှတ်ရနေစေရန် ဖြန့်ဝေခဲ့ကြတာ ဖြစ်ပါတယ်။
ဖုန်းမော်နေ့ဟာ လူထုနဲ့ ကျောင်းသားထုကို နေဝင်းအစိုးရရဲ့ ရက်စက်ယုတ်မာမှုတွေ၊ ဖိနှိပ်မှုတွေကို ပိုမိုသိမြင်စေခဲ့ပြီး ကျောင်းသားထုတိုက်ပွဲနဲ့ အနာဂတ် လူထုတိုက်ပွဲတွေ ပေါ်ပေါက်လာစေခဲ့တဲ့၊ အရေးတော်ပုံ တရပ်ကိုမွေးဖွားပေးခဲ့တဲ့ နေ့တနေ့ဖြစ်ပါတယ်။
#ABFSU #ပုလဲမြို့နယ်ကျောင်းသားများသမဂ္ဂ #ဖုန်းမော်နေ့

ကနီမြို့နယ်တွင် ဗကသများအဖွဲ့ချုပ်က ကိုဖုန်းမော်ကျဆုံးခြင်း (၃၇) နှစ်ပြည့်နေ့အဖြစ် လက်ကမ်းစာစောင်များ ဝေငှ
မတ်လ ၁၃ ရက်၊ ၂၀၂၅
ကနီမြို့နယ်ရှိ ပြည်သူ့အခြေပြုကျောင်းသားသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ကိုဖုန်းမော်ကျဆုံးခြင်း (၃၇)နှစ်ပြည့်နေ့မှာ ကနီမြို့နယ်ရှိ ကျေးရွာနှစ်ရွာမှာလက်ကမ်းစာစောင်တွေ လိုက်လံဖြန့်ဝေခဲ့ကြပါတယ်။
သမဂ္ဂရဲဘော်တွေက"ဖုန်းမော်နေ့" ဆောင်းပါးကို ကျေးရွာနေပြည်သူလူထုအပါအဝင် ဒေသခံကာကွယ်ရေးအဖွဲ့တွေ၊ကျောင်းသားတွေနဲ့ ဆရာ၊ဆရာမတွေကိုလည်း ဖြန့်ဝေခဲ့ကြပါတယ် ။
ဖုန်းမော်နေ့ဟာ လူထုနဲ့ ကျောင်းသားထုကို နေဝင်းအစိုးရရဲ့ ရက်စက်ယုတ်မာမှုတွေ၊ ဖိနှိပ်မှုတွေကို ပိုမိုသိမြင်နိုးကြားလာစေခဲ့ပြီး ကျောင်းသားထုတိုက်ပွဲနဲ့ အနာဂတ်လူထုတိုက်ပွဲတွေကို ပေါ်ပေါက်လာစေခဲ့တဲ့ အရေးတော်ပုံတရပ်ကို မွေးဖွားပေးခဲ့ပါတယ်။
၁၉၈၉ ခုနှစ်၊ မတ်လ ၁၃ ရက် နှစ်ပတ်လည်နေ့မှာတော့ အဲဒီနေ့ကို "မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့" အဖြစ် တော်လှန်ရေးသမားတွေက သတ်မှတ်လိုက်ကြပါတယ်။ ဖုန်းမော်နေ့ဟာ ဒီကနေ့ ၂၀၂၅ခုနှစ်၊ မတ်လ ၁၃ ရက်နေ့မှာ (၃၇) နှစ်တိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဗကသများအဖွဲ့ချုပ်မှ ရန်ကုန်မြို့တနေရာတွင် တံတားနီနေ့အထိမ်းအမှတ် လှုပ်ရှားမှုပြုလုပ်
မတ်လ ၁၆ ရက်၊ ၂၀၂၅
ဗကသများအဖွဲ့ချုပ်က ရန်ကုန်မြိုတနေရာမှာ တံတားနီနေ့ အထိမ်းအမှတ်အဖြစ် "တံတားနီနေ့ မမေ့ကြနဲ့" ဆိုတဲ့ စာသားရေးသားပြီး လှုပ်ရှားမှုပြုလုပ်ခဲ့ကြပါတယ်။
သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်
#ABFSU #တံတားနီနေ့ #studentsmovement