ကနီမြို့နယ်တွင် ဗကသများအဖွဲ့ချုပ်က လူထုတွေ့ဆုံ
ဆွေးနွေးပွဲနှင့် လေကြောင်းအန္တရာယ်ကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲများ ပြုလုပ်
မတ်လ ၄ ရက်၊ ၂၀၂၅
ကနီမြို့နယ် ပြည်သူ့အခြေပြုကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ဦးဆောင်ပြီး ကနီမြို့နယ် တနေရာမှာ လူထုနဲ့အတူ တွေ့ဆုံဆွေးနွေးပွဲတရပ် ကျင်းပပြုလုပ်ခဲ့ပါတယ်။
သမဂ္ဂရဲဘော်တွေ ဦးဆောင်ပြီး လူထုနဲ့အတူ လက်ရှိတော်လှန်ရေးအခြေအနေတွေနဲ့ ဗကသများအဖွဲ့ချုပ်ပေါ်ပေါက်လာပုံသမိုင်း အကျဉ်းချုပ်ကို ချပြဆွေးနွေးခဲ့ပြီး လက်နက်ကိုင်တိုက်ပွဲသဏ္ဌာန်ကို အခြားတိုက်ပွဲသဏ္ဌာန်တွေနဲ့ ပေါင်းစပ်ဖို့ လိုအပ်ကြောင်း ဆွေးနွေးခဲ့ကြပါတယ်။
တဆက်တည်းမှာပဲ သမဂ္ဂရဲဘော်တွေက ဦးဆောင်ပြီး လေကြောင်းအန္တရာယ်ကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲတရပ်ကိုလည်း ပြည်သူလူထုနဲ့အတူ ဆွေးနွေးပြောဆိုခဲ့ကြပါတယ်။
သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်
#ABFSU #လူထုတွေ့ဆုံဆွေးနွေးပွဲ #ကနီ #ဗကသ #လေကြောင်းအန္တရာယ်ကာကွယ်ရေး

ကနီမြို့နယ်တွင် ဗကသများအဖွဲ့ချုပ်မှ လေကြောင်းအန္တရာယ်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ပြုလုပ်
မတ်လ ၆ ရက်၊ ၂၀၂၅
ကနီမြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ဦးဆောင်ပြီး ကနီမြို့နယ်တနေရာမှာ လေးကြောင်းအန္တရာယ်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲတရပ်ကို ဒီနေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။
ဒီဟောပြောပွဲမှာတော့ ယခုလက်ရှိ စစ်ကောင်စီက အသုံးပြုတိုက်ခိုက်နေတဲ့ Paramotor၊ လေကြောင်းအန္တရာယ်နဲ့ ပတ်သက်တဲ့ အသိပေးစရာတွေအပြင် ပြည်သူလူထုအနေနဲ့ မိမိကိုယ်ကို ကာကွယ်နိုင်တဲ့ နည်းလမ်းတွေကို အသိပေးနှိုးဆော်ခဲ့ပြီး တော်လှန်ရေးရှည်ကြာလာတာနဲ့အမျှ ညည်းငွေ့အားလျော့မသွားဘဲ တော်လှန်ရေးအပေါ် ဆက်လက်ယုံကြည်ပြီး လမ်းကြောင်းမသွေဖီသွားဖို့နဲ့ နိုင်ရာနည်းလမ်းတွေနဲ့ ဆက်လက်တော်လှန်ကြဖို့ရာ ဆွေးနွေးဟောပြောခဲ့ကြပါတယ်။
#ABFSU #KNSU #ကနီ #လေကြောင်းအန္တရာယ် #airstrike #paramotor