All Burma Federation Of Student Unions
1.15K subscribers
7.76K photos
108 videos
642 links
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ၏ တရားဝင် တယ်လီဂရမ်ချန်နယ် ဖြစ်ပါသည်။
Download Telegram
ကနီမြို့နယ်တွင် ဗကသများအဖွဲ့ချုပ်က လူထုတွေ့ဆုံ
ဆွေးနွေးပွဲတရပ် ပြုလုပ်

ဖေဖော်ဝါရီလ ၂၅ ရက်၊ ၂၀၂၅

ကနီမြို့နယ် ပြည်သူ့အခြေပြုကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ဦးဆောင်ပြီး ကနီမြို့နယ် တနေရာမှာ ပြည်သူလူထုနဲ့အတူ တွေ့ဆုံဆွးနွေးပွဲတရပ် ကျင်းပပြုလုပ်ခဲ့ပါတယ်။

ပြည်သူ့အခြေပြုကျောင်းသားသမဂ္ဂရဲဘော်တွေ ဦးဆောင်ပြီး ပြည်သူလူထုနဲ့အတူ လက်ရှိတော်လှန်
ရေးအခြေအနေတွေအကြောင်း၊ ဗကသများအဖွဲ့ချုပ်ရဲ့ တော်လှန်ရေးရပ်တည်ချက်အမြင်နဲ့ လုပ်ငန်းစဉ်တွေအကြောင်း စတာတွေကို ချပြဆွေးနွေးခဲ့ပြီး တော်လှန်ရေးအနိုင်အရှုံးကို ပြည်သူလူထုတရပ်လုံးကသာ အဆုံးအဖြတ်ပေးနိုင်မယ်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြပါတယ်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်

#ABFSU #လူထုတွေ့ဆုံဆွေးနွေးပွဲ #ကန#ဗကသ #နွေဦးတော်လှန်ရေး
ပုလဲမြိို့နယ်တနေရာတွင် ဗကသများအဖွဲ့ချုပ်မှ စက်တပ်လေထီး (Paramotor) အန္တရာယ်ကာကွယ်ရေး သတိပေးလက်ကမ်းစာစောင်များ ဝေငှခြင်းပြုလုပ်

ဖေဖော်ဝါရီလ ၂၈ရက်၊ ၂၀၂၅

ပုလဲမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ပုလဲမြို့နယ်အတွင်းမှာရှိတဲ့ ပြည်သူ့အခြေပြုကျောင်းတွေနဲ့ ရပ်ရွာနေလူထုထံ
စက်တပ်လေထီး (Paramotor) အန္တရာယ်ကာကွယ်ရေးသတိပေးလက်ကမ်းစာစောင်တွေကို ဒီကနေ့ မနက်ပိုင်းက ဖြန့်ဝေခဲ့ကြပါတယ်။

ဒီလက်ကမ်းစာစောင်တွေမှာ အကြမ်းဖက်စစ်ကောင်စီက လက်ရှိအသုံးပြုနေတဲ့ စက်တပ်လေထီး (Paramotor) အကြောင်း အချက်အလက်တွေ၊ သရုပ်ပြပုံတွေအ အကျဥ်းချုပ်ပါရှိပြီး စက်တပ်လေထီးတိုက်ခိုက်လာချိန်မှာ ဘယ်လိုကာကွယ်တိမ်းရှောင်ရမလဲဆိုတဲ့ အချက်အလက်တွေကိုလည်း ဖော်ပြထားပါသည်။

#ABFSU #ပုလဲ #လေကြောင်းအန္တရာယ် #စက်တပ်လေထီး #paramotor