All Burma Federation Of Student Unions
1.15K subscribers
7.76K photos
108 videos
642 links
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ၏ တရားဝင် တယ်လီဂရမ်ချန်နယ် ဖြစ်ပါသည်။
Download Telegram
အိုးဝေစာစောင်ထွက်ပြီ

_____

အိုးဝေစာစောင် အတွဲ ၄၊ အမှတ် ၁ ထွက်ရှိလာပါပြီ။ ဒီတပတ် စာစောင်မှာတော့

ကဗျာ
◼️ကောင်းကင်ပေါ်က အတောက်ပဆုံးကြယ်
◼️ပိတ်ကားထက်က နီစွေးသော သွေးများ

သရော်စာ
◼️မီးပျက်တာစေတနာပါ

သတင်းဆောင်းပါး
◼️လျှပ်စစ်မီးအခက်အခဲနဲ့ လူထုအကျပ်အတည်း

ဆောင်းပါး
◼️စစ်သုံးစစ် ဗမာ့နိုင်ငံရေးနှင့် လက်တွေ့သဘောတရား
◼️တော်လှန်ရေဆန်
◼️လမင်းကို သံတိုင်ကြားမှ ငေးကြည့်ခြင်း
◼️ဘာတွေဖြစ်နေကြသလဲ၊ ဘာကြောင့်လဲ၊ ဘာလုပ်ကြမလဲ
◼️မှန်းဆမရတဲ့ ရာသီဥတုပြောင်းလဲမှုကြားက ၂၉ ကြိမ်မြောက် ရာသီဥတုပြောင်းလဲမှုညီလာခံ
◼️နိုင်ငံရေးနည်း ဖြေရှင်းခြင်းနဲ့ နိုင်ငံရေးဘောင်
◼️စစ်ဘုရင်ဝါဒကိုင်စွဲကြသူများ (သို့မဟုတ်) ညဉ့်ဦးယံအချိန်ကလူရိုက်ပွဲ

စတာတွေအပြင် ထုတ်ပြန်ချက်တွေနဲ့ ‌အစီရင်ခံစာ‌တွေကိုလည်း ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။

____
အိုးဝေစာစောင်ကို အောက်ပါ လင့်မှ ဒေါင်းလုတ်ရယူနိုင်ပါတယ်။
https://tinyurl.com/z4puf68w

အိုးဝေစာစောင်ကို လွတ်လပ်စွာပြန်လည်ကူးယူ ဖြန့်ဝေနိုင်ပါတယ်။

#Oway0401 #ABFSU #UYSU #Oway
စစ်တပ်၏တကျော့ပြန်အာဏာသိမ်းမှု ၄ နှစ်ပြည့်၌ ကနီမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)မှ ကနီမြို့နယ်တွင် ကျောင်းသားပြည်သူလူထုပူးပေါင်းကာ ခရီးရှည်ချီတက်သပိတ်မှောက်ဆန္ဒပြ

၂၀၂၅၊ ဖေဖော်ဝါရီလ ၁ ရက်

ကနီမြို့နယ်တွင် စစ်တပ်၏တစ်ကျော့ပြန်အာဏာသိမ်းမှု့လေးနှစ်ပြည့်အနေဖြင့် ကနီမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)မှ ကျောင်းသားပြည်သူလူထုပူးပေါင်း၍ ခရီးရှည်ချီတက်ကာ "အထွေထွေဖိနှိပ်မှုကိုအန်တုကြ၊ ဘုံရန်သူကိုထွက်ပေါက်မပေးနဲ့"စာသားပါဘန်နာဖြင့် ကြွေးကြော်သံများဟစ်ကြွေးခြင်း၊ ကဗျာရွတ်ဆိုခြင်းများဖြင့် သပိတ်မှောက်ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။

#ABFSU
#သပိတ်မှောက် #ကနီမြို့နယ် #အာဏာသိမ်းလေးနှစ်ပြည့်
အရာတော်နှင့် အခြေခံပညာကျောင်းသားများသမဂ္ဂမှ ပူးပေါင်းပြီး ကျောင်းသားပြည်သူ သပိတ်စစ်ကြောင်းချီတက်

၂၀၂၅၊ ဖေဖော်ဝါရီလ ၁ရက်

အရာတော်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နဲ့ အခြေခံပညာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)တို့ ပူးပေါင်းပြီး “အထွေထွေဖိနှိပ်မှုကို အန်တုကြ၊ ဘုံရန်သူကိုထွက်ပေါက်မပေးနဲ့" စာသားပါ ဘန်နာကို ကိုင်စွဲပြီး အရာတော်မြို့နယ်မှာ ကျောင်းသားပြည်သူလူထု ပူးပေါင်းသပိတ်စစ်ကြောင်း ချီတက်ခဲ့ပါတယ်။

အကြမ်းဖက် ဖက်ဆစ်စစ်တပ်က ပြည်သူလူထုအပေါ် ဖိနှိပ်‌နေမှုများကို ရဲရဲဝံ့ဝံ့အန်တုကြဖို့၊ နိုင်ငံရေး၊ စစ်ရေး အဘက်ဘက်က ကျရှုံးနေတဲ့ ဘုံရန်သူစစ်တပ်ရဲ့ ထွက်ပေါက်ဖြစ်တဲ့ အယောင်ပြ သွေးစွန်းရွေးကောက်ပွဲကို လူထုအားနဲ့ တခဲနက်ဆန့်ကျင်ကြဖို့ အစရှိတဲ့ လူထုသပိတ်တရားတွေ ဟောပြောခဲ့ပါတယ်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်

#ABFSU #ဗကသ #အရာတော် #အာဏာသိမ်း၄နှစ် #အထွေထွေဖိနှိပ်မှုကိုအန်တုကြ #ဘုံရန်သူကိုထွက်ပေါက်မပေးနဲ့