All Burma Federation Of Student Unions
1.15K subscribers
7.76K photos
108 videos
642 links
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ၏ တရားဝင် တယ်လီဂရမ်ချန်နယ် ဖြစ်ပါသည်။
Download Telegram
ဖက်ဆစ်အုပ်စုရဲ့ တကြော့ပြန် စစ်အာဏာသိမ်းမှု ၄ နှစ်ပြည့်နေ့၌ မြိုင်မြို့နယ်ကျောင်းသားများသမဂ္ဂမှ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်

၂၀၂၅၊ ဖေဖော်ဝါရီလ ၁ ရက်

ဖက်ဆစ်အုပ်စုရဲ့ တကြော့ပြန် စစ်အာဏာသိမ်းမှု ၄ နှစ်ပြည့်နေ့မှာ မြိုင်မြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)က ဦးဆောင်ပြီး "အထွေထွေဖိနှိပ်မှုကို အန်တုကြ၊ ဘုံရန်သူကို ထွက်ပေါက်မပေးနဲ့" စာသားပါ ဘန်နာကိုကိုင်စွဲပြီး မြိုင်မြို့နယ် တနေရာမှာ ချီတက်သပိတ်ဆင်နွှဲခဲ့ကြပါတယ်။

တချိန်တည်းမှာပဲ သပိတ်တရားဟောကြားခြင်း၊ ကဗျာရွတ်ခြင်း၊ ကြွေးကြော်သံတိုင်ခြင်းတို့ကိုလည်း ပြုလုပ်ခဲ့ပြီး ပြည်သူ့အခြပြုကျောင်းသား‌ကျောင်းသူတွေ၊ သမဂ္ဂအဖွဲ့ဝင်တွေ၊ ရပ်မိရပ်ဖတွေ၊ ဆရာဆရာမတွေနဲ့ ဒေသခံ ပြည်သူတွေလည်း ပါဝင်ပူးပါင်းခဲ့ကြပါတယ်။ သပိတ်စစ်ကြောင်းကိုတော့ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့က လုံခြုံရေးယူပေးခဲ့ကြပါတယ်။

#ABFSU #မြိုင်မြို့နယ်ကျောင်းသားများသမဂ္ဂ #အာဏာသိမ်း၄နှစ် #အထွေထွေဖိနှိပ်မှုကိုအန်တုကြ #ဘုံရန်သူကိုထွက်ပေါက်မပေးနဲ့
အိုးဝေစာစောင်ထွက်ပြီ

_____

အိုးဝေစာစောင် အတွဲ ၄၊ အမှတ် ၁ ထွက်ရှိလာပါပြီ။ ဒီတပတ် စာစောင်မှာတော့

ကဗျာ
◼️ကောင်းကင်ပေါ်က အတောက်ပဆုံးကြယ်
◼️ပိတ်ကားထက်က နီစွေးသော သွေးများ

သရော်စာ
◼️မီးပျက်တာစေတနာပါ

သတင်းဆောင်းပါး
◼️လျှပ်စစ်မီးအခက်အခဲနဲ့ လူထုအကျပ်အတည်း

ဆောင်းပါး
◼️စစ်သုံးစစ် ဗမာ့နိုင်ငံရေးနှင့် လက်တွေ့သဘောတရား
◼️တော်လှန်ရေဆန်
◼️လမင်းကို သံတိုင်ကြားမှ ငေးကြည့်ခြင်း
◼️ဘာတွေဖြစ်နေကြသလဲ၊ ဘာကြောင့်လဲ၊ ဘာလုပ်ကြမလဲ
◼️မှန်းဆမရတဲ့ ရာသီဥတုပြောင်းလဲမှုကြားက ၂၉ ကြိမ်မြောက် ရာသီဥတုပြောင်းလဲမှုညီလာခံ
◼️နိုင်ငံရေးနည်း ဖြေရှင်းခြင်းနဲ့ နိုင်ငံရေးဘောင်
◼️စစ်ဘုရင်ဝါဒကိုင်စွဲကြသူများ (သို့မဟုတ်) ညဉ့်ဦးယံအချိန်ကလူရိုက်ပွဲ

စတာတွေအပြင် ထုတ်ပြန်ချက်တွေနဲ့ ‌အစီရင်ခံစာ‌တွေကိုလည်း ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။

____
အိုးဝေစာစောင်ကို အောက်ပါ လင့်မှ ဒေါင်းလုတ်ရယူနိုင်ပါတယ်။
https://tinyurl.com/z4puf68w

အိုးဝေစာစောင်ကို လွတ်လပ်စွာပြန်လည်ကူးယူ ဖြန့်ဝေနိုင်ပါတယ်။

#Oway0401 #ABFSU #UYSU #Oway
စစ်တပ်၏တကျော့ပြန်အာဏာသိမ်းမှု ၄ နှစ်ပြည့်၌ ကနီမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)မှ ကနီမြို့နယ်တွင် ကျောင်းသားပြည်သူလူထုပူးပေါင်းကာ ခရီးရှည်ချီတက်သပိတ်မှောက်ဆန္ဒပြ

၂၀၂၅၊ ဖေဖော်ဝါရီလ ၁ ရက်

ကနီမြို့နယ်တွင် စစ်တပ်၏တစ်ကျော့ပြန်အာဏာသိမ်းမှု့လေးနှစ်ပြည့်အနေဖြင့် ကနီမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)မှ ကျောင်းသားပြည်သူလူထုပူးပေါင်း၍ ခရီးရှည်ချီတက်ကာ "အထွေထွေဖိနှိပ်မှုကိုအန်တုကြ၊ ဘုံရန်သူကိုထွက်ပေါက်မပေးနဲ့"စာသားပါဘန်နာဖြင့် ကြွေးကြော်သံများဟစ်ကြွေးခြင်း၊ ကဗျာရွတ်ဆိုခြင်းများဖြင့် သပိတ်မှောက်ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။

#ABFSU
#သပိတ်မှောက် #ကနီမြို့နယ် #အာဏာသိမ်းလေးနှစ်ပြည့်