All Burma Federation Of Student Unions
1.15K subscribers
7.81K photos
108 videos
642 links
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ၏ တရားဝင် တယ်လီဂရမ်ချန်နယ် ဖြစ်ပါသည်။
Download Telegram
မြိုင်မြို့နယ်ကျောင်းသားများသမဂ္ဂမှ ဦးဆောင်၍ မီးဘေးသင့်ပြည်သူများအတွက် စားနပ်ရိက္ခာများ ထောက်ပံ့

ဇန်နဝါရီလ ၁၄ရက်၊ ၂၀၂၅

မြိုင်မြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)က ဦးဆောင်ပြီး လူထုရဲ့ စုပေါင်းထည့်ဝင်မှုနြဲအတူ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကို ခံခဲ့ရတဲ့ မြိုင်မြို့နယ်ထဲရှိ ကျေးရွာတရွာက အိမ်ထောင်စုတွေအတွက် ဆန်၊ ဆီ၊ ဆား၊ မြေပဲ၊ ငါးပိ၊ ငါးခြောက် စသဖြင့် လိုအပ်တဲ့ စားနပ်ရိက္ခာတွေကို ဇန်နဝါရီလ ၁၄ရက်နေ့မှာ သွားရောက်လှူဒါန်းခဲ့ပါတယ်။

ဒါ့အပြင် မီးဘေးသင့် ပြည်သူတွေကို အားပေးစကားပြောကြားခဲ့ပြီး လိုအပ်တာတွေ ကူညီလုပ်ဆောင်ပေးခဲ့ပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်က ဇန်နဝါရီလ ၄ရက်နေ့က စတင်ပြီး ပခုက္ကူပနေ မြိုင်အထိ ပြေးဆွဲတဲ့ ရိက္ခာကားတန်း သွားလမ်းတလျှောက် ပခုက္ကူ-မြိုင် ကားလမ်းဘေးမှာရှိတဲ့ ကျေးရွာတွေကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးဝင်ရောက်ကာ ပြည်သူပိုင်နေအိမ်‌တွေကို မီးရှို့ဖျက်ဆီးခြင်း ပြည်သူပိုင် ပစ္စည်းတွေကို ခိုးယူသယ်ဆောင်ခြင်း၊ ပြည်သူတွေကို ဓားစာခံအဖြစ် ဖမ်းဆီးခြင်း စတဲ့ လူမဆန်တဲ့ လုပ်ရပ်‌တွေကို ကျူးလွန်ခဲ့ကြပါတယ်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်

#ABFSU #Myaing #MilitaryAtrocities #မြိုင်