All Burma Federation Of Student Unions
1.15K subscribers
7.81K photos
108 videos
642 links
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ၏ တရားဝင် တယ်လီဂရမ်ချန်နယ် ဖြစ်ပါသည်။
Download Telegram
ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂမှ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပြိုင်ပွဲများကျင်းပ

၂၀၂၅၊ ဇန်နဝါရီလ ၅ ရက်

ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ဦးဆောင်ပြီး (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပြည်သူ့အခြေပြုပညာရေးကျောင်းတကျောင်းမှာ အားကစားပွဲတွေ ကျင်းပပြီး ''လွတ်လပ်မှုနှင့် တော်လှန်ရေး''ခေါင်းစဉ်ဖြင့်စာစီစာကုံးပြိုင်ပွဲတွေလည်း ကျင်းပခဲ့ကြပါတယ်။

#ABFSU #Budalin #လွတ်လပ်ရေးနေ့ #ဘုတလင်
တနင်္သာရီမြို့နယ်ကျောင်းသားများသမဂ္ဂမှ လွတ်လပ်ရေးနေ့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်လှုပ်ရှားမှုနှင့် တော်လှန်ရုပ်ရှင်များ ပြသခဲ့

၂၀၂၅၊ ဇန်န၀ါရီလ ၅ရက်

တနင်္သာရီမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)က (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် "အမှန်တကယ်လွတ်လပ်ဖို့အာဏာရှင်ကို တိုက်ဖျက်စို့၊ ပြည်သူ့လွတ်လပ်ရေးအတွက် တိုက်ပွဲ၀င်ကြ၊ တရားမ၀င် ရွေးကောက်ပွဲကိုပြင်းပြင်းထန်ထန်ဆန့်ကျင်ကြ" စာသားပါ ဘန်နာများကိုင်စွဲပြီး တရားမ၀င်ရေးကောက်ပွဲကိုပြည်သူလူထုအာလုံး ဆန့်ကျင်တိုက်ဖျက်ကြဖို့၊ စစ်အာဏာရှင်ဆန့်ကျင်ရေးတရာများ ဟောပြောခဲ့ပါတယ်။

ဗကသများအဖွဲ့ချုပ်
သတင်းနှင့်ပြန်ကြားရေးကော်မတီ

#ABFSU #တနင်္သာရီ #ရွေးကောက်ပွဲ