All Burma Federation Of Student Unions
1.14K subscribers
7.81K photos
108 videos
642 links
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ၏ တရားဝင် တယ်လီဂရမ်ချန်နယ် ဖြစ်ပါသည်။
Download Telegram
ပုလဲမြို့နယ်တွင် ဗကသများအဖွဲ့ချုပ်မှ လေကြောင်း အန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင် ဝေငှခြင်းများပြုလုပ်

၂၀၂၄၊ ဒီဇင်ဘာ ၃၀

ပုလဲမြို့နယ်ကျောင်းသားသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ပုလဲမြို့နယ်ရှိ ပြည်သူ့အခြေပြုကျောင်းတကျောင်းမှာ ဆရာ/ဆရာမ‌တွေနဲ့ ကျောင်းသားကျောင်းသူတွေကို လေကြောင်းအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲတရပ်ကို ဒီကနေ့ မနက်ပိုင်းမှာ ပြုလုပ်ခဲ့ကြပါတယ်။

လေကြောင်းအန္တရာယ်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်တွေကိုလည်း ဝေငှခဲ့ကြပြီး ဒေသခံကာကွယ်ရေးအဖွဲ့က တတ်ကျွမ်းနားလည်တဲ့ ရဲဘော်နဲ့ ပူးပေါင်းကာ လေကြောင်းတိုက်ခိုက်မှုဖြစ်လာရင် ပြုလုပ်ရမယ့် ဆောင်ရန်၊ ရှောင်ရန် အချက်များကို ပိုမိုသိရှိနားလည်စေဖို့ လက်တွေ့သရုပ်ပြခြင်းတွေ ပြုလုပ်ခဲ့ကြပါတယ် ။

#ABFSU #ပုလဲ #လေကြောင်းအန္တရာယ်
ပုလဲမြို့နယ်ကျောင်းသားများသမဂ္ဂမှ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်

၂၀၂၄၊ ဇန်နဝါရီလ ၄ ရက်

ပုလဲမြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)က ဦးဆောင်ပြီး (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် "တရားမဝင်ရွေးကောက်ပွဲကို တိုက်ဖျက်ကြ၊ ပြည်သူ့လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ကြ" စာသားပါ ဘန်နာကို ကိုင်စွဲကာ ပုလဲမြို့နယ်ရှိ ကျေးရွာတရွာမှာ ဒီကနေ့ မနက်ပိုင်းက လှည့်လည်ချီတက် သပိတ်မှောက်ခဲ့ကြပါတယ်။

ဒေသတွင်းက ကျောင်းသားတွေနဲ့ ဒေသခံပြည်သူတွေ လည်း ပူပေါင်းပါဝင်ခဲ့ကြပြီး "ပြည်သူ့လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ကြ" ဆိုတဲ့ ခေါင်းစဉ်နဲ့လည်း သပိတ်တရား ဟောကြားခဲ့ကြပါတယ်။

#ABFSU #ပုလဲ #ဗကသ #ကျောင်းသားလှုပ်ရှားမှု
ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂမှ လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲပြုလုပ်

၂၀၂၅၊ ဇန်နဝါရီလ ၄ရက်

ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)က (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းမှတ်အဖြစ် ''တရားမဝင်ရွေးကောက်ပွဲကို တိုက်ဖျက်ကြ၊ ပြည်သူ့လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ကြ'' စာသားပါဘန်နာကို ကိုင်စွဲပြီး ကျောင်းသားထုကို ဒီမိုကရေစီပညာရေးဆိုင်ရာ အကြောင်းအရာတွေ ရှင်းလင်းတင်ပြခြင်းနဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးအကြောင်းတရားတွေ ဟောပြောခဲ့ကြပါတယ်။

#ABFSU #ဘုတလင် #လွတ်လပ်ရေးနေ့ #ရွေးကောက်ပွဲ