All Burma Federation Of Student Unions
1.15K subscribers
7.81K photos
108 videos
642 links
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ၏ တရားဝင် တယ်လီဂရမ်ချန်နယ် ဖြစ်ပါသည်။
Download Telegram
မြိုင်မြို့နယ်သမဂ္ဂမှ ဗိုလ်အောင်ကျော် ကျဆုံးခြင်း ၈၆ နှစ်ပြည့် အခမ်းအနားပြုလုပ်

၂၀၂၄၊ ဒီဇင်ဘာ ၂၀

မြိုင်မြို့နယ်ကျောင်းသားများသမဂ္ဂမှ ဦးဆောင်ပြီး ဒီဇင်ဘာလ ၂၀ရက်နေ့တွင် ကျရောက်သည့် '' ဗိုလ်အောင်ကျော်ကျဆုံးခြင်း ၈၆ နှစ်ပြည့် နှစ်ပတ်လည်နေ့ (ဝါ) ကျောင်းသားနေ့ အခမ်းအနားကို မြိုင်မြို့နယ်မှာ ပြုလုပ်ကျင်းပခဲ့ပါတယ် ။

အခမ်းအနားတွင် သမဂ္ဂအလံတော်အား အလေးပြုခြင်း၊ ''ကျောင်းသားနေ့'' ဆိုင်ရာ အကြောင်းအရာများ ဆွေးနွေးခြင်း၊ ကဗျာရွတ်ခြင်း၊ ဒီမိုကရေစီပညာရေးစနစ်အ‌ကြောင်း ဆွေးနွေးပြောကြားခြင်း၊ သပိတ်တရားဟောကြားခြင်းနှင့် 'ဘုံရန်သူကိုထွက်ပေါက်မပေးနဲ့' ခေါင်းစဉ်ဖြင့် လက်ရှိတော်လှန်ရေးအခြေအနေများကို ဆွေးနွေးခဲ့ကြပါတယ်။

ဗကသများအဖွဲ့ချုပ်မှ ဦးစီးပြီး ဗိုလ်အောင်ကျော် ကျဆုံးခြင်း (၈၆)နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ဘုတလင်မြို့နယ်၊ ပုလဲမြို့နယ်၊မြိုင်မြို့နယ် စသည့် နေရာအသီးသီးတွင်လည်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုများကို တပြိုင်တည်း ကျင်းပခဲ့ကြပါတယ် ။

#ABFSU #ဗိုလ်အောင်ကျော် #ကျောင်းသားနေ့ #မြိုင် #ဘုတလင် #ပုလဲ
ဘုတလင်မြို့နယ်သမဂ္ဂမှ ဗိုလ်အောင်ကျော် ကျဆုံးခြင်း ၈၆ နှစ်ပြည့် အခမ်းအနားပြုလုပ်

၂၀၂၄၊ ဒီဇင်ဘာ ၂၀

ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂမှ ဦးဆောင်ပြီး ဒီဇင်ဘာလ ၂၀ရက်နေ့တွင် ကျရောက်သည့် '' ဗိုလ်အောင်ကျော်ကျဆုံးခြင်း ၈၆ နှစ်ပြည့် နှစ်ပတ်လည်နေ့ (ဝါ) ကျောင်းသားနေ့ အခမ်းအနားကို ဘုတလင်မြို့နယ်မှာ ပြုလုပ်ကျင်းပခဲ့ပါတယ် ။

အခမ်းအနားတွင် ကျောင်းသားထုနှင့် ကျောင်းသားနေ့အကြောင်း ဆွေးနွေးခြင်း၊ သပိတ်မှောက်ခြင်း၊ သပိတ်တရားဟောကြားခြင်းများ ပြုလုပ်ခဲ့ကြပါတယ်။

ဗကသများအဖွဲ့ချုပ်မှ ဦးစီးပြီး ဗိုလ်အောင်ကျော် ကျဆုံးခြင်း (၈၆)နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ဘုတလင်မြို့နယ်၊ ပုလဲမြို့နယ်၊ မြိုင်မြို့နယ် စသည့် နေရာအသီးသီးတွင်လည်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုများကို တပြိုင်တည်း ကျင်းပခဲ့ကြပါတယ် ။

#ABFSU #ဗိုလ်အောင်ကျော် #ကျောင်းသားနေ့ #မြိုင် #ဘုတလင် #ပုလဲ
တနင်္သာရီမြို့နယ်သမဂ္ဂမှ တနင်္သာရီမြို့နယ်အတွင်း ၈၆နှစ်မြောက် ဗိုလ်အောင်ကျော်နေ့ အောက်မေ့ဖွယ် အခမ်းအနားနှင့် သပိတ်လှုပ်ရှားမှု ပြုလုပ်

၂၀၂၄၊ ဒီဇင်ဘာ ၂၁

တနင်္သာရီမြို့နယ်‌ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)က ဒီဇင်ဘာ ၂၀ ရက်နေ့မှာ တနင်္သာရီမြို့နယ်အတွင်း ၈၆နှစ်မြောက် ဗိုလ်အောင်ကျော်နေ့ အောက်မေ့ဖွယ် အခမ်းအနားနဲ့ သပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ကြပါတယ်။

အဆိုပါအခမ်းအနားမှာ ကျောင်းသားခေါင်းဆောင် ကိုအောင်ကျော်ရဲ့ သမိုင်းကို ဆွေနွေးတင်ပြခြင်း၊ ကျောင်းသား‌တွေကို နိုင်ငံရေးအသိနှိုးကြားလာစေရန် ဆွေးနွေး‌‌ပြောဆိုခြင်း၊ စစ်အုပ်စုရဲ့ တရားမ၀င်ရွေးကောက်ပွဲကို တော်လှန်ရေးအသိ၊ တော်လှန်ရေးသတိနဲ့ ဆန့်ကျင်တော်လှန်ကြဖို့ နှိုးဆော်ခြင်းနဲ့ "တရားမ၀င် ရွေးကောက်ပွဲကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကြ"၊ "ဘုံရန်သူကို ထွက်ပေါက်မပေးနဲ့" စာသားပါ ဘန်နာတွေနဲ့ ချီတက်ဆန္ဒပြခဲ့ပါတယ်။

ဗကသများအဖွဲ့ချုပ်
သတင်းနှင့်ပြန်ကြားရေးကော်မတီ

#ABFSU #ဗိုလ်အောင်ကျော်နေ့ #ကျောင်းသားနေ့ #သပိတ်လှုပ်ရှားမှု #တနင်္သာရီ