Non CDM စစ်တမ်း - အပိုင်း (၂)
⬛ မြတ်ကို | အိုးဝေစာစောင်
(၃) Non CDM ကျောင်းသားတွေဟာ တော်လှန်ရေးရဲ့ ဦးတည်ရန်သူမဟုတ်ပါဘူး။ တော်လှန်ရေးအတွက် စည်းရုံးရမယ့် ကြားလူတွေဖြစ်ပါတယ်။
တော်လှန်ရေးကာလမှာ ကျနော်တို့ လုပ်သမျှလုပ်ရပ်တိုင်းဟာ ဦးတည်ချက်ရှိရပါမယ်။ ကျနော်တို့ရဲ့ လုပ်ရပ်တိုင်းဟာ တော်လှန်ရေးအတွက် ဘယ်လိုအထောက်အကူပြုမလဲဆိုတဲ့ အခြေခံစဉ်းစားချက်ကနေ လာရပါမယ်။ စိတ်ဆန္ဒရှိတဲ့အတိုင်း ခြေဦးတည့်ရာလျှောက်နေလို့ မဖြစ်ပါဘူး။ ကျနော်တို့ရဲ့ သေနတ်ပြောင်းဝတွေဟာ တော်လှန်ရေးရဲ့ ဘုံရန်သူဆီကိုသာ အမြဲဦးတည်ထားရပါမယ်။ ဦးတည်ရန်သူမဟုတ်သူတွေကို အပြင်းအထန်တိုက်ခိုက်ပြီး ကျည်မဖြုန်းမိဖို့ သတိပြုရပါမယ်။ ရန်သူက အထီးကျန်ဖြစ်ပြီး ကိုယ်က မိတ်ဆွေများအောင် ဆောင်ရွက်ရပါမယ်။ ဆိုလိုတာကတော့ ဦးတည်ရန်သူမဟုတ်သူတွေကို ကိုယ့်ဘက်ရောက်လာအောင် စည်းရုံးရမယ်၊ အနိမ့်ဆုံးအဆင့် ရန်သူဘက်ကို ကွင်းလုံးကျွတ် ပါမသွားအောင် စည်းရုံးရမယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ ဒါက တော်လှန်ရေးရဲ့ ကကြီး၊ ခခွေးပါ။ အဓိကကတော့ ဘယ်သူက ဦးတည်ရန်သူလဲ၊ ဘယ်သူက စည်းရုံးရမယ့်လူလဲဆိုတာကို ပြတ်ပြတ်သားသား သိထားရင် ကိစ္စတဝက်ပြီးတာပါပဲ။
ဒီနံပါတ် ၃ အချက်ကို ရှင်းလင်းရာမှာ ရန်သူ၊ မိတ်ဆွေ ဘယ်လိုခွဲမလဲဆိုတဲ့ ယေဘုယျသဘောကို အရင်ပြောပါမယ်။ ဒီယေဘုယျသဘောဟာ Non CDM ကိစ္စတခုတည်းအတွက်သာ အသုံးဝင်တာမဟုတ်ဘဲ တော်လှန်ရေးရဲ့ တခွင်တပြင်လုံးမှာပါ ကျယ်ကျယ်ပြန့်ပြန့်သုံးနိုင်တဲ့ သဘောတရားလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဒီအပိုင်းကို အရင်ဆွေးနွေးပါမယ်။ နောက်တပိုင်းမှာမှ Non CDM ကျောင်းသားတွေရဲ့ အခြေအနေကို ဒီသဘောတရားနဲ့ ယှဉ်ထိုးပြီး အသေးစိတ် ဆွေးနွေးပါမယ်။
(၃။ က။) ရန်သူ၊ မိတ်ဆွေ ဘယ်လိုခွဲမလဲ။
လက်ရှိတော်လှန်ရေးကာလမှာ ကျနော်တို့ရဲ့ ဘုံရန်သူဟာ စစ်အာဏာရှင်စနစ်ဖြစ်တယ်ဆိုတာ အင်မတန်ရှင်းရှင်းလင်းလင်းရှိပါတယ်။ ထပ်ပြီး အသေးစိတ်ပြောရရင်တော့ ကျနော်တို့ရဲ့ ဘုံရန်သူ (သို့) ဦးတည်ရန်သူဟာ စစ်အစိုးရ၊ စစ်အုပ်စုနဲ့ စစ်ဗျူရိုကရေစီယန္တရားဆိုတဲ့ စစ်သုံးစစ် ဖြစ်ပါတယ်။ လက်ရှိကာလမှာ အဖွဲ့အစည်းတဖွဲ့ (သို့) လူပုဂ္ဂိုလ်တယောက်က ကျနော်တို့ရဲ့ ဦးတည်ရန်သူ ဟုတ်၊မဟုတ် သိချင်ရင် စစ်သုံးစစ်နဲ့ တိုက်စစ်လိုက်ရုံပါပဲ။ အင်မတန် လွယ်ပါတယ်။ စစ်သုံးစစ်နဲ့ တိုက်စစ်တယ်ဆိုတာကတော့ (၁) ဒီအဖွဲ့အစည်း ဒါမှမဟုတ် ဒီလူပုဂ္ဂိုလ်ဟာ စစ်သုံးစစ်တည်ရှိခြင်းကနေ အကျိုးအမြတ်ရနေသလား၊ (၂) သူတို့ဟာ စစ်သုံးစစ်ကို အလုပ်အကျွေးပြုနေသလားဆိုတဲ့ မေးခွန်း ၂ ခုနဲ့ ဆန်းစစ်ဆုံးဖြတ်တာဖြစ်ပါတယ်။ ဒီနှစ်ချက်လုံး (သို့) တချက်ချက်နဲ့ ကိုက်ညီနေရင် အဆိုပါ အဖွဲ့အစည်း (သို့) လူပုဂ္ဂိုလ်ဟာ ကျနော်တို့ရဲ့ ဦးတည်ရန်သူဖြစ်ပြီး တချက်နဲ့မှ မကိုက်ညီရင်တော့ သူတို့ဟာ ကျနော်တို့ စည်းရုံးရမယ့်လူတွေဖြစ်ပါတယ်။ အင်မတန် ရိုးရှင်းပါတယ်။
မေးခွန်း ၂ ခုထဲက စစ်သုံးစစ်တည်ရှိခြင်းကနေ အကျိုးအမြတ်ရနေသလားဆိုတဲ့မေးခွန်းကိုတော့ ပေတံနှစ်ခုနဲ့ တိုင်းတာဖြေရှင်းလို့ ရနိုင်ပါတယ်။ အဲဒီပေတံနှစ်ခုကတော့ နိုင်ငံရေးအာဏာအကျိုးအမြတ်နဲ့ စီးပွားရေးအကျိုးအမြတ်ပါပဲ။ အခြားအစွယ်အပွားအကျိုးအမြတ်တွေလည်း ရှိသေးပေမယ့် ဒီအကျိုးအမြတ်နှစ်ခုကသာ ပင်မဖြစ်ပါတယ်။ ဒါကြောင့် သူတို့ကိုပဲ ပေတံအနေနဲ့ အသုံးပြုရတာပါ။ စစ်သုံးစစ်တည်ရှိခြင်းကနေ နိုင်ငံရေးအာဏာအကျိုးအမြတ်ရနေသူတွေဆိုတာကို ဥပမာပြရရင်တော့ စစ်ဗိုလ်ချုပ်တွေ၊ စစ်ကောင်စီအဖွဲ့ဝင်တွေ၊ စစ်အစိုးရခန့် ဝန်ကြီးတွေ ဖြစ်ပါတယ်။ သူတို့ဟာ စစ်သုံးစစ်တည်ရှိနေလို့သာ အခုလို နိုင်ငံရေးအာဏာတွေ ရနေနိုင်တာပါ။ သူတို့ဟာ ကျနော်တို့ရဲ့ ဦးတည်ရန်သူဖြစ်ပါတယ်။ စစ်သုံးစစ်တည်ရှိခြင်းကနေ စီးပွားရေးအကျိုးအမြတ်ရနေသူတွေဆိုတာကို ဆက်ပြီး ဥပမာပြရရင်တော့ ခရိုနီတွေ၊ စစ်ဗိုလ်ချုပ်တွေ၊ စစ်အစိုးရရဲ့ ပေးစာကမ်းစာနဲ့ ချမ်းသာကြွယ်ဝလာကြသူတွေဖြစ်ပါတယ်။ သူတို့ဟာလည်း ကျနော်တို့ရဲ့ ဦးတည်ရန်သူပါပဲ။ ဒီပေတံနှစ်ချောင်းနဲ့သာ တိုင်းတာကြည့်ရင် စစ်သုံးစစ်တည်ရှိခြင်းကနေ ဘယ်သူတွေ အကျိုးအမြတ်ရနေသလဲဆိုတာကို ရှင်းရှင်းလင်းလင်းမြင်နိုင်မယ်ထင်ပါတယ်။
အဖွဲ့အစည်းတဖွဲ့ (သို့) လူပုဂ္ဂိုလ်တယောက်ဟာ လက်ရှိတော်လှန်ရေးရဲ့ ဦးတည်ရန်သူ ဟုတ်၊မဟုတ် စိစစ်ရာမှာ လိုအပ်တဲ့ နောက်တချက်ကတော့ သူတို့ဟာ စစ်သုံးစစ်ကို အလုပ်အကျွေးပြုနေသလားဆိုတဲ့ကိစ္စပါပဲ။ ဒီမေးခွန်းကိုတော့ ပေတံသုံးချောင်းနဲ့ ဖြေရှင်းရမယ်လို့ မြင်ပါတယ်။ အဲဒီပေတံသုံးချောင်းကတော့ ကာယအား၊ ဉာဏအားနဲ့ စီးပွားအားပါပဲ။ အခြားပုံစံမျိုးစုံနဲ့ အလုပ်အကျွေးပြုတာ ရှိပေမယ့် ဒီသုံးခုကသာ အဓိကဖြစ်ပါတယ်။ ဒါကြောင့် သူတို့ကိုပဲ ပေတံအနေနဲ့ သတ်မှတ်ရတာပါ။ ဒီပေတံသုံးချောင်းနဲ့ ဘယ်လိုတိုင်းတာမလဲဆိုတာကို ဥပမာပြပါမယ်။
စစ်သားတွေ၊ ရဲတွေနဲ့ ပျူစောထီးတွေဟာ စစ်သုံးစစ်ကို ကာယအားနဲ့ အလုပ်အကျွေးပြုနေကြတာပါ။ ဒါကြောင့် သူတို့ဟာ ကျနော်တို့ရဲ့ ဦးတည်ရန်သူဖြစ်ပါတယ်။ စစ်အစိုးရရဲ့ အကြံပေးတွေဟာ စစ်သုံးစစ်ကို ဉာဏအားနဲ့ အလုပ်အကျွေးပြုနေပါတယ်။ ဒါကြောင့် သူတို့ဟာလည်း ကျနော်တို့ရဲ့ ဦးတည်ရန်သူဖြစ်ပါတယ်။ ခရိုနီတွေဟာ သူတို့ရဲ့ စီးပွားရေးအင်အားနဲ့ စစ်သုံးစစ်ကို အလုပ်အကျွေးပြုနေကြသူတွေပါ။ သူတို့ဟာ စစ်သုံးစစ်နဲ့

ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီပါပဲ။ သူတို့ကိုယ်တိုင်ကိုက စစ်သုံးစစ်ရဲ့ အစိတ်အပိုင်းတခုလည်း ဖြစ်ပါတယ်။ ဒါကြောင့် ခရိုနီတွေဟာလည်း ကျနော်တို့ရဲ့ ဦးတည်ရန်သူတွေဖြစ်ကြပါတယ်။ ဘယ်သူတွေကစစ်သုံးစစ်ကို အလုပ်အကျွေးပြုနေသလဲ ဆိုတာကို ဒီလိုနည်းနဲ့ စိစစ်နိုင်ပါတယ်။
ပြန်ချုပ်ရရင်တော့ တော်လှန်ရေးကာလမှာလုပ်တဲ့ ကျနော်တို့ရဲ့ လုပ်ရပ်တိုင်းဟာ ဦးတည်ရန်သူကို ချေမှုန်းဖို့သာဖြစ်ရပါမယ်။ ဦးတည်ရန်သူမဟုတ်သူတွေကို စည်းရုံးရပါမယ်။ ဦးတည်ရန်သူ ဟုတ်၊မဟုတ်ကို စစ်သုံးစစ်နဲ့ တိုက်စစ်ရပါမယ်။ အချက်နှစ်ချက်ရှိပါတယ်။ (၁) သူတို့ဟာ စစ်သုံးစစ်တည်ရှိခြင်းကနေ အကျိုးအမြတ်ရနေသလား၊ (၂) သူတို့ဟာ စစ်သုံးစစ်ကို အလုပ်အကျွေးပြုနေသလား။ ပထမအချက်ကို စိစစ်ရာမှာတော့ နိုင်ငံရေးအာဏာအကျိုးအမြတ်နဲ့ စီးပွားရေးအကျိုးအမြတ်ဆိုတဲ့ ပေတံနှစ်ချောင်းနဲ့ စိစစ်နိုင်ပါတယ်။ ဒုတိယအချက်ကိုတော့ ကာယအား၊ ဉာဏအားနဲ့ စီးပွားအားဆိုတဲ့ ပေတံသုံးချောင်းနဲ့ တိုင်းတာစိစစ်နိုင်ပါတယ်။ Non CDM ကျောင်းသားတွေဟာ တော်လှန်ရေးရဲ့ ဦးတည်ရန်သူ ဟုတ်၊မဟုတ်ကိုလည်း ဒီအချက်တွေနဲ့ပဲ တိုက်စစ်ရပါလိမ့်မယ်။ ဒါကို နောက်တပိုင်းမှာ အသေးစိတ်ဆွေးနွေးပါမယ်။
⬛ မြတ်ကို
မှတ်တမ်းနှင့်သုတေသနရေးရာကော်မတီ
ဗကသများအဖွဲ့ချုပ်
#Oway #ABFSU #UYSU #CDM #NonCDM #StudentsRights #RevolutionaryTactic

တဦးချင်းခြွင်းချက်တွေအကြောင်းကို အကျယ်မရှင်းတော့ပါဘူး။)
တဖက်မှာလည်း Non CDM ကျောင်းသားတွေဟာ တစုံလုံးအနေနဲ့ တော်လှန်ရေးထဲမှာ ပါဝင်တိုက်ပွဲဝင်နေကြတာ မဟုတ်သေးပါဘူး။ ဒါကြောင့် သူတို့ဟာ ကျနော်တို့ရဲ့ ရဲဘော်ရဲဘက်တွေလည်း မဟုတ်ပါဘူး။ (ဒီကိစ္စကတော့ အကျယ်ရှင်းစရာမလိုဘူးလို့ ယူဆပါတယ်။) ဒါကြောင့် Non CDM ကျောင်းသားထုဟာ ကျနော်တို့ရဲ့ ဦးတည်ရန်သူလည်း မဟုတ်၊ ရဲဘော်ရဲဘက်လည်း မဟုတ်တဲ့အတွက်ကြောင့် သူတို့ဟာ ကျနော်တို့ စည်းရုံးရမယ့် ကြားလူတွေပဲဖြစ်တယ်ဆိုတာ အင်မတန် ရှင်းလင်းနေပါတယ်။
Non-CDM ကျောင်းသားထုဟာ တော်လှန်ရေးရဲ့ ဦးတည်ရန်သူမဟုတ်ဘူး၊ စည်းရုံးရမယ့် ကြားလူတွေဖြစ်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်းရှိပြီဆိုရင် Non CDM ကျောင်းသားတွေကို အပြစ်ပေးအရေးယူရမယ်ဆိုတဲ့ကိစ္စဟာ မသင့်တော်တဲ့ကိစ္စမှန်း တပါတည်း ရှင်းလင်းသွားမယ်ထင်ပါတယ်။ ကိုယ်က မိတ်ဆွေများပြီး ရန်သူကို အထီးကျန်အောင် လုပ်ရမယ်ဆိုတာဟာ အခြေခံအချက်ပါပဲ။ ကျနော်တို့ဟာ ဒီကြားလူတွေကို စည်းရုံးရမယ့်အစား အပြစ်ပေးအရေးယူမယ် တကဲကဲနဲ့ ရန်သူ့ဘက်ကို ရောက်သထက်ရောက်အောင် တွန်းပို့နေသလိုဖြစ်ပါလိမ့်မယ်။ ဒီလိုသာလုပ်မိရင် လုပ်မိသူတွေဟာ တော်လှန်ရေးသင်ပုန်းကြီး မကျေရာ ရောက်ပါလိမ့်မယ်။ တော်လှန်ရေးအတွက် အကျိုးမရှိတဲ့အပြင် အကျိုးပါယုတ်စေနိုင်ပါတယ်။ တော်လှန်ရေးကာလမှာ ကျနော်တို့ဟာ ကျနော်တို့ရဲ့ စိတ်ခံစားချက်ထက် တော်လှန်ရေးအကျိုးစီးပွားကိုပဲ ရှေးရှုရပါလိမ့်မယ်။ ကျနော်တို့ရဲ့ လုပ်ဆောင်ချက်တိုင်းဟာ တော်လှန်ရေးကို အကျိုးပြုနေဖို့ လိုပါတယ်။ ဒါကြောင့် Non CDM ကျောင်းသားတွေအကြောင်း စဉ်းစားရာမှာ သူတို့ကို ဘယ်လိုအပြစ်ပေးအရေးယူနိုင်မလဲဆိုတာထက် သူတို့ကို ဘယ်လိုစည်းရုံးဆွဲခေါ်နိုင်မလဲဆိုတာကို ပိုအလေးထားစဉ်းစားကြဖို့ လိုအပ်နေပါတယ်ခင်ဗျာ။
မြတ်ကို
မှတ်တမ်းနှင့်သုတေသနရေးရာကော်မတီ
ဗကသများအဖွဲ့ချုပ်
#Oway #ABFSU #UYSU #CDM #NonCDM #StudentsRights #RevolutionaryTatics

ဗကသများအဖွဲ့ချုပ်က၂၀၂၄ အောက်တိုဘာလအတွင်း ကရင်နီဒေသမှ ရေဘေးသင့်ပြည်သူများကို ငွေကြေးအရ ကူညီပံ့ပိုးမှု ပြုလုပ်ခဲ့ပါတယ်။
ရေဘေးသင့်ပြည်သူများအတွက် ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ - ဗကသများအဖွဲ့ချုပ် က ၄၆ သိန်းကျော်၊ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ၈၈ သိန်းကျော်ဖြင့် စုစုပေါင်း ကျပ် ၁၃,၅၃၈,၄၈၁ တိတိ ကူညီပံ့ပိုးနိုင်ခဲ့ပါတယ်။
ယခုလှူဒါန်းမှုဖြစ်မြောက်နိုင်ရေးအတွက် အဘက်ဘက်မှ ကူညီပံ့ပိုးခဲ့သော ပြည်သူလူထုအသီးသီးကို ဗကသများအဖွဲ့ချုပ်က ကျေးဇူးအထူးတင်ရှိကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါတယ်။
#ABFSU #UYSU #FloodReliefForMyanmar #Whatshappeninginmyanmar

Non CDM စစ်တမ်း (၄)
⬛မြတ်ကို
(၄) ကျောင်းသားတွေ စုစည်းတည်ရှိနေတဲ့ကျောင်းဟာ ရန်သူစစ်အုပ်စုအကြောက်ဆုံးအရာတွေထဲက တခုဖြစ်ပါတယ်။ ဒါကို ဗျူဟာကျကျ ချဉ်းကပ်ရပါမယ်။
နံပါတ် ၄ အချက်ကို တိုက်ရိုက်မဆွေးနွေးခင် အခြေခံမူဆိုင်ရာပြဿနာနဲ့ တိုက်ပွဲနည်းနာဆိုင်ရာ ပြဿနာတို့ကြားက ကွာခြားချက်ကို အရင်ဆွေးနွေးဖို့ လိုမယ်ထင်ပါတယ်။ ဒီကွာခြားချက်ဟာ ယေဘုယျသဘောလည်း ဆောင်ပါတယ်။ အဲဒါကို အခြေခံပြီး Non CDM ကျောင်းသားကိစ္စကို ဆက်လက်ဆွေးနွေးသွားပါမယ်။
(၄။ က။) အခြေခံမူလား၊ တိုက်ပွဲနည်းနာလား
ပြဿနာတရပ်ဟာ အခြေခံမူဆိုင်ရာ ပြဿနာလား၊ တိုက်ပွဲနည်းနည်းနာဆိုင်ရာပြဿနာလား ဆိုတာအပေါ်မူတည်ပြီး အဲဒီပြဿနာကို ရှုမြင်ပုံ၊ ကိုင်တွယ်ဖြေရှင်းပုံတွေ ကွာခြားပါတယ်။ ဒီကွာခြားချက်က ကြီးမားပါတယ်။ အခြေခံမူဝါဒဆိုင်ရာ ပြဿနာဖြစ်တယ်ဆိုရင် ကျနော်တို့ဟာ ဆံချည်တမျှင်တောင် နောက်ဆုတ်လို့ မရပါဘူး။ ဘယ်လိုနည်းနဲ့မှ အလျှော့အတင်းလုပ်လို့မရပါဘူး။ ကိုယ့်အခြေခံမူအပေါ်မှာပဲ အသေခံရပ်တည်ကြရပါလိမ့်မယ်။ ဒီလိုမဟုတ်ဘဲ တိုက်ပွဲနည်းနာဆိုင်ရာ ပြဿနာဖြစ်တယ်ဆိုရင်တော့ ကျနော်တို့ဟာ ပျော့ပျော့ပြောင်းပြောင်း ကိုင်တွယ်ဖြေရှင်းရပါမယ်။ တိုက်ပွဲနည်းနာကို တရားသေဆုပ်ကိုင်ထားလို့ မရပါဘူး။ ရန်သူ့အခြေအနေကို မှန်မှန်ကန်ကန်သုံးသပ်ပြီး သင့်လျော်တဲ့ တိုက်ပွဲနည်းနာတွေကို သူ့အချိန်အခါအလိုက် သုံးစွဲရပါလိမ့်မယ်။ အခြေအနေတခုမှာ တိုက်ပွဲနည်းနာတခုကို သုံးပေမယ့် နောက်အခြေအနေတခုမှာ အခြားတိုက်ပွဲနည်းနာတခုကို သုံးရတာမျိုးလည်း ရှိပါတယ်။ တိုက်ပွဲနည်းနာ နှစ်ခု၊ သုံးခုကို တပြိုင်နက်ပေါင်းစပ်အသုံးပြုရတာတွေလည်း ရှိပါတယ်။ အဓိကအချက်ကတော့ မူဝါဒဆိုင်ရာ ပြဿနာကို ဖြေရှင်းရာမှာ သံမဏိလို မာကျောဖို့လိုပြီး နည်းနာဆိုင်ရာပြဿနာကို ဖြေရှင်းရာမှာတော့ ဖယောင်းသားလို့ ပျော့ပြောင်းဖို့လိုတယ် ဆိုတာပါပဲ။
နွေဦးတော်လှန်ရေးရဲ့ အခြေခံမူတွေဟာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေး၊ ၂၀၀၈ အခြေခံဥပဒေ ဖျက်သိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ရေးတို့ ဖြစ်ပါတယ်။ လက်နက်ကိုင်တော်လှန်ရေး၊ လူထုလှုပ်ရှားမှု၊ မြေအောက်စည်းရုံးရေး စတာတွေကတော့ တိုက်ပွဲနည်းနာဖြစ်ပါတယ်။ ၂၀၀၈ ခြေဥကို လက်ခံမယ်ဆိုပြီး စစ်အစိုးရနဲ့ စေ့စပ်ဆွေးနွေး လက်နက်ချတာဟာ အခြေခံမူဝါဒဆိုင်ရာ ပြဿနာဖြစ်ပါတယ်။ ဒါမျိုးကို ကျနော်တို့ ဘယ်လိုနည်းနဲ့မှ လုပ်လို့မရပါဘူး။ ဒီလိုလုပ်ရပ်ကို လုပ်ရင်လည်း လုပ်သူဟာ သစ္စာဖောက်ပဲ ဖြစ်ပါတယ်။ ဒါဟာ မူဆိုင်ရာ ပြဿနာဖြစ်လို့ တင်းတင်းကြပ်ကြပ်ကိုင်တွယ်ရပါတယ်။ နည်းနာပိုင်းကတော့ ဒီလိုမဟုတ်ပါဘူး။ ၂၀၂၁ တော်လှန်ရေးအစပိုင်းမှာ လူထုလှုပ်ရှားမှုကို အဓိက တိုက်ပွဲနည်းနာအနေနဲ့ ကျနော်တို့ အသုံးပြုခဲ့ကြပါတယ်။ နည်းနည်းကြာလာတော့ လက်နက်ကိုင်တော်လှန်ရေးကို အဓိကတိုက်ပွဲနည်းနာအနေနဲ့ ကျနော်တို့ ပြောင်းသုံးကြရပါတယ်။ ဒီအချိန်မှာလည်း လူထုလှုပ်ရှားမှုနဲ့ မြေအောက်စည်းရုံးရေးကို လုံးဝပစ်ပယ်လိုက်တာ မဟုတ်ပါဘူး။ သူတို့ကိုလည်း နည်းနာတရပ်အနေနဲ့ ဆက်လက်သုံးစွဲနေရပါသေးတယ်။ တိုက်ပွဲနည်းနာဆိုတာဟာ ရန်သူ စစ်အုပ်စုရဲ့ အခြေအနေ၊ တော်လှန်ရေးရဲ့ အရှိန်အဟုန် စတာတွေကို တွက်ချက်ပြီး ရွေးကြရတာဖြစ်ပါတယ်။ ဒါကြောင့် အခြေအနေနဲ့ အချိန်အခါအလိုက် ပျော့ပြောင်းစွာ ကိုင်တွယ်ရပါတယ်။
ကျောင်းသား၊ ကျောင်းသူတွေ CDM လုပ်ခြင်း၊ မလုပ်ခြင်းဟာ အခြေခံမူဝါဒဆိုင်ရာ ပြဿနာလား၊ တိုက်ပွဲနည်းနာဆိုင်ရာ ပြဿနာလားဆိုတာကို ဖြေရှင်းဖို့လိုလာပါတယ်။ ပထမဆုံးပြောရမှာကတော့ လက်ရှိတော်လှန်ရေးဟာ ပညာရေးတောင်းဆိုချက်သီးသန့်ကို တောင်းဆိုတိုက်ပွဲဝင်နေတဲ့ ပညာရေးသီးသန့်သပိတ်မဟုတ်ပါဘူး။ စစ်အာဏာရှင်စနစ် တစုံလုံးကို အမြစ်ကဖြိုချဖို့ တိုက်ပွဲဝင်နေတဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးတိုက်ပွဲဖြစ်ပါတယ်။ ပညာရေးသပိတ်ဟာ ဒီတိုက်ပွဲတွေထဲက အစိတ်အပိုင်းတခုဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး တိုက်ပွဲကြီးထဲက အထောက်အကူပြု တိုက်ပွဲတပွဲဖြစ်ပါတယ်။ ဒီအချက်က အရေးကြီးပါတယ်။ နွေဦးတော်လှန်ရေးရဲ့ အခြေခံမူ ၃ ချက်ကိုလည်း အထက်မှာ ဖော်ပြခဲ့ပြီးပါပြီ။ ဒါတွေနဲ့ ပြန်စစ်ကြည့်လိုက်ရင် အဖြေက ရှင်းပါတယ်။ CDM ပညာရေးသပိတ်ဟာ လူထုလှုပ်ရှားမှု၊ မြေအောက်လှုပ်ရှားမှုတို့လိုပဲ တိုက်ပွဲနည်းနာတရပ်ဖြစ်ပါတယ်။ တိုက်ပွဲနည်းနာဆိုင်ရာပြဿနာဆိုရင် ပျော့ပြောင်းစွာ ကိုင်တွယ်ရပါတယ်။
နောက်ထပ်အရေးကြီးတဲ့အချက်ကတော့ တိုက်ပွဲနည်းနာအပေါ် မူတည်ပြီး အဖြူ၊ အမည်း ခွဲလိုက်လို့ မဖြစ်ပါဘူး။ ဥပမာတခု ပြပါရစေ။ အခုအချိန်မှာ လက်နက်ကိုင်တော်လှန်ရေးဟာ အဓိက တိုက်ပွဲနည်းနာဖြစ်လို့ လူထုလှုပ်ရှားမှုဖော်ဆောင်နေသူတွေ၊ မြေအောက်လှုပ်ရှားမှု လုပ်ဆောင်နေသူတွေဟာ မှားတယ်၊ သူတို့ကို ရှုတ်ချရမယ်လို့ ပြောမဖြစ်ပါဘူး။ ဒီတိုက်ပွဲနည်းနာ သုံးခုလုံးဟာ တော်လှန်ရေးအတွက် မရှိမဖြစ် အရေးပါပါတယ်။ CDM ကျောင်းသားတွေကိစ္စမှာလည်း ဒီလိုပါပဲ။ အခြေခံမူဆိုင်ရာ ပြဿနာမှာ အဖြူ၊ အမည်းခွဲလို့ရပေမယ့် နည်းနာဆိုင်ရာပြဿနာမှာတော့ အဖြူမဟုတ်ရင် အမည်းပဲ သွားလုပ်လို့ မရပါဘူး။ တိုက်ပွဲနည်းနာဆိုတာ အရောင်စုံနိုင်လေ ကောင်းလေပါ။ ဦးတည်ရန်သူကို ထိခိုက်စေတဲ့ နည်းနာမှန်သမျှကို ကြိုဆိုသုံးစွဲရမှာပါ။ အခြေခံမူကို

မထိခိုက်ဖို့သာ သတိပြုရပါမယ်။
(၄။ ခ။) CDM နဲ့ Non CDM
ကျောင်းသားတွေ CDM လုပ်ပြီး ကျောင်းမတက်ခြင်းဟာ တော်လှန်ရေးကို အထောက်အကူပြုပါတယ်။ စစ်အစိုးရရဲ့ ပညာရေးယန္တရားကို အနှောက်အယှက်ဖြစ်စေပါတယ်။ ဒါကြောင့် CDM ပညာရေးသပိတ်ကို လက်ရှိအချိန်မှာလည်း ဆက်လက်လုပ်ဆောင်ကြတာ ကောင်းပါတယ်။ CDM ကျောင်းသား၊ ကျောင်းသူတွေကိုလည်း ထိုက်တန်တဲ့ ဂုဏ်ပြုချီးမြှင့်မှုတွေ လုပ်ပေးကြရပါမယ်။ ဒါက တပိုင်းဖြစ်ပါတယ်။
နောက်တပိုင်းကတော့ CDM မလုပ်ဘဲ ကျောင်းတက်နေကြတဲ့ ကျောင်းသားတွေ ကိစ္စဖြစ်ပါတယ်။ သူတို့ကိုလည်း အဖြူမဟုတ်ရင် အမည်းပဲလို့တော့ သတ်မှတ်လို့မဖြစ်ပါဘူး။ ရှေ့အပိုင်းမှာ ဆိုခဲ့သလိုပါပဲ။ Non CDM ကျောင်းသားတွေဟာ ကျနော်တို့ စည်းရုံးရမယ့် ကြားလူတွေ ဖြစ်ပါတယ်။ အလေးအနက် ထပ်ပြောရရင်တော့ တိုက်ပွဲနည်းနာဟာ အရောင်စုံလေ ကောင်းလေပါပဲ။ ဒါကြောင့် Non CDM ကျောင်းသားတွေနဲ့ ပတ်သတ်လာရင် စည်းရုံးရေးအခြေခံကနေ ဗျူဟာကျကျ ချဉ်းကပ်ဖို့လိုအပ်ပါတယ်။
ကျောင်သားတွေ စုစည်းတည်ရှိနေတဲ့ ကျောင်းဟာ ရန်သူစစ်အုပ်စု အကြောက်ဆုံးအရာတွေထဲက တခုဖြစ်ပါတယ်။ ဒါဟာ အင်မတန်ထင်ရှားပါတယ်။ ကျောင်းတွေကို မြို့ပြင်ထုတ်ပစ်တာ၊ အရေးတော်ပုံတခုခုဖြစ်တိုင်း၊ လူထုလှုပ်ရှားမှု တခုခုဖြစ်တိုင်း ကျောင်းတွေကို ပိတ်ပစ်တာကို ကြည့်ရင်သိနိုင်ပါတယ်။ စစ်အုပ်စု ကြောက်မယ်ဆိုရင်လည်း ကြောက်စရာပါ။ စစ်အုပ်စုရဲ့ မျက်နှာဖုံးကို ပထမဆုံး ခွာဆုတ်ပစ်တာ ကျောင်းသားတွေပါ။ အဲဒီနောက်မှာလည်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေဟာ တက္ကသိုလ်တွေ ကျောင်းတွေထဲမှာ အစဉ်အဆက် အလျှိုအလျှို ပေါ်ထွက်ခဲ့ကြတာပါပဲ။ ဒါကြောင့် စစ်အုပ်စုဟာ ကျောင်းသားတွေကို တစုတစုတည်း ရှိမနေနိုင်အောင် အမြဲကြိုးစားပါတယ်။ အင်မတန်ဖိနှိပ်တဲ့ ကျောင်းစည်းကမ်းတွေ၊ အဆောင်စည်းကမ်းတွေ ထုတ်ထားပါတယ်။
ဒီရက်ထဲမှာပဲ ရွှေပြည်သာမြို့နယ်က အခြေခံပညာကျောင်းသားတယောက်ဟာ မင်းအောင်လှိုင်ကို စော်ကားတဲ့ တစ်တော့ဗီဒီယိုတင်လို့ဆိုပြီး အဲဒီကျောင်းသားနဲ့ အခြားကျောင်းသား သုံးယောက်လောက်ကို ကျောင်းခန်းထဲအထိ ဝင်ဖမ်းပါတယ်။ ၂၀၂၄ နှစ်စပိုင်းလောက်မှာလည်း အသံတိတ်သပိတ်လုပ်လို့ဆိုပြီး အင်းစိန် GTI က ကျောင်းသားအချို့ကို ကျောင်းရှေ့မှာပဲ ရိုက်နှက်ဖမ်းဆီးသွားပါတယ်။ Non CDM ကျောင်းသားတွေထဲမှာလည်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ရပ်တည်ချက်ရှိသူတွေ ရှိနေတယ်ဆိုတာကို ဒီဖြစ်ရပ်တွေကနေ ကျနော်တို့ မြင်တွေ့နိုင်ပါတယ်။ တပြိုင်တည်းမှာပဲ ဒါဟာ တစုံလုံးဆိုင်ရာ အခြေအနေမဟုတ်ဘူးဆိုတာကိုလည်း ကျနော်တို့ သတိပြုရပါမယ်။ Non CDM ကျောင်းသားအများစုဟာ စစ်အစိုးရရဲ့ ဖိနှိပ်မှုတွေကို တော်လှန်ဖို့ ကြောက်ရွံ့နေကြတယ်ဆိုတာဟာ လက်ရှိပကတိအခြေအနေဖြစ်ပါတယ်။ လက်ရှိမှာ ဒီလိုအခြေအနေဖြစ်ပေမယ့် Non CDM ကျောင်းသားတွေကြားမှာ အနာဂတ်ဖြစ်တန်ချေတွေ ကိန်းအောင်းနေတယ်ဆိုတာကိုလည်း ကျနော်တို့ မြင်အောင်ကြည့်ရပါလိမ့်မယ်။ ဒါကို စစ်အုပ်စုက အင်မတန်ကြောက်ပါတယ်။ ဒါကြောင့်ပဲ ဘာမဟုတ်တဲ့ ကိစ္စလေးတွေကိုတောင် ဆတ်ဆတ်ထိမခံဘဲ ဖမ်းဆီးပြနေတာပါ။ ဒါကို ကျနော်တို့က ဗျူဟာကျကျ ချဉ်းကပ်ဆောင်ရွက်ရပါမယ်။ အရေအတွက်ကနေ အရည်အချင်းကို ရောက်အောင် တဖြည်းဖြည်းလုပ်ယူကြရပါလိမ့်မယ်။ ဘယ်လိုလုပ်ဆောင်သင့်တယ်ဆိုတဲ့ နည်းနာအသေးစိတ်ကိုတော့ ဒီနေရာမှာ ဆွေးနွေးဖို့ မရည်ရွယ်ပါဘူး။ ခွင့်လွှတ်ကြစေလိုပါတယ်။
အဓိကကတော့ တိုက်ပွဲနည်းနာကို အဖြူမဟုတ်ရင် အမည်းပဲလို့ သတ်မှတ်မရဘူးဆိုတာရယ်၊ ရန်သူ့အခြေအနေနဲ့ မိမိအခြေအနေကို မှန်မှန်ကန်ကန် သုံးသပ်ပြီး တိုက်ပွဲပုံစံမျိုးစုံကို သင့်တော်သလို ကျင့်သုံးရမယ်ဆိုတာရယ်ပါပဲ။ Non CDM ပြဿနာကို ကိုင်တွယ်ဖြေရှင်းရာမှာ ကျနော်တို့ဟာ ဗျူဟာကျကျ ချဉ်းကပ်ဖို့လိုအပ်နေပါတယ်ခင်ဗျာ။
မြတ်ကို
မှတ်တမ်းနှင့်သုတေသနရေးရာကော်မတီ
ဗကသများအဖွဲ့ချုပ်
#Oway #ABFSU #UYSU #CDM #NonCDM #RevolutionaryTatics

Non CDM စစ်တမ်း (၅)
◼️မြတ်ကို
(၅) Non CDM ကျောင်းသားတွေကို အပြစ်ပေးအရေးယူတာ၊ တဆင့်နှိမ့်ဆက်ဆံတာတွေဟာ အနာဂတ်ပဋိပက္ခကို သန္ဓေတည်ပေးရာရောက်နိုင်ပါတယ်။
ပထမကမ္ဘာစစ်မှာ ဂျာမနီက စစ်ရှုံးပါတယ်။ ဒါကြောင့် စစ်နိုင်သူတွေ အလိုကျ ချုပ်ဆိုတဲ့ ဗာဆိုင်းစာချုပ်မှာ ဂျာမနီကို ပြင်းပြင်းထန်ထန် ဒဏ်ခတ်အရေးယူခဲ့ပါတယ်။ ဂျာမနီရဲ့ စီးပွားရေးရော၊ စစ်ရေးရောကို ပြန်နလန်မထူနိုင်လောက်တဲ့အထိ ဒဏ်ခတ်ခဲ့ပါတယ်။ ရှင်းရှင်းပြောရရင် ချောင်ပိတ်ရိုက်တာပါပဲ။ အကျိုးဆက်အနေနဲ့ကတော့ ဂျာမန်ပြည်သူတွေရဲ့ ထွက်ပေါက်ဟာ လူမျိုးရေးအစွန်းရောက်မှု ဖြစ်လာပါတယ်။ ဒီလိုအခြေအနေကနေ ဟစ်တလာ အာဏာရလာပြီး ဒုတိယကမ္ဘာစစ်ကို စတိုက်တော့တာပါပဲ။ ဂျူးတွေကို အစုလိုက်အပြုံလိုက် သတ်တော့တာပါပဲ။ ဒီနေရာမှာ ကျနော့်ဆိုလိုရင်းက နာဇီဂျာမနီတို့ရဲ့ လုပ်ရပ်ဟာ တရားတယ်၊ မှန်ကန်တယ်လို့ အဓိပ္ပာယ်မထွက်ပါဘူး။ နာဇီတွေ ခေါင်းထောင်လာနိုင်အောင် အားပေးအားမြှောက်ပြုခဲ့တဲ့ ရေခံမြေခံတွေ ရှိနေတယ်ဆိုတာကိုပဲ ပြချင်တာပါ။
အမေရိကန်မှာလည်း လူမည်းတွေကို လူဖြူတွေထက် တဆင့်နှိမ့်ဆက်ဆံခဲ့ပါတယ်။ လူမည်းတွေဟာ သူတို့ရဲ့ အခြေခံလူ့အခွင့်အရေးတွေကို ကန့်သတ်ခံရပါတယ်။ စီးပွားရေးအခွင့်အလမ်းတွေလည်း အနည်းငယ်သာ ရပါတယ်။ လူဖြူတွေရဲ့ အနိုင်ကျင့်အကြမ်းဖက်မှုတွေကိုလည်း ခံခဲ့ကြရပါတယ်။ ဒါကြောင့် လူမည်းအခွင့်အရေးကို တောင်းဆိုတိုက်ပွဲဝင်တဲ့ လူ့အခွင့်အရေးလှုပ်ရှားမှုတွေ ပေါ်ပေါက်လာပါတယ်။ နောက်ဆုံးမှာ လူမည်းတွေကို တန်းတူအခွင့်အရေးပေးခဲ့ရပါတယ်။ အခုအချိန်မှာတော့ လူမည်းတွေကို တဆင့်နှိမ့်ဆက်ဆံဖို့ ကြိုးစားသူတွေဟာ အမေရိကန်လူထုရဲ့ တံထွေးခွက်ထဲမှာ ပက်လက်မျောတော့တာပါပဲ။ ဒါဟာ လမ်းကြောင်းအမှားကနေ လမ်းကြောင်းအမှန်ကို ပြောင်းရွှေ့လာတာဖြစ်ပါတယ်။ ဒီလိုဖြစ်လာအောင် တိုက်ပွဲတွေ ဆင်နွှဲခဲ့ရတာပါ။ အမေရိကန်လူထုကြားမှာ အက်ကွဲကြောင်းဟာ အင်မတန်ကြီးခဲ့ပါတယ်။ ဒီဒဏ်ကို အမေရိန်ကန်လူထုတရပ်လုံး ခံခဲ့ကြရတာပါပဲ။
ကျနော်တို့ဟာ ပဋိပက္ခတခုကို ဖြေရှင်းရင်း နောက်ပဋိပက္ခတခုကို အစပျိုးမပေးမိဖို့ အင်မတန် သတိထားရပါလိမ့်မယ်။ အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုဟာ လိုအပ်ပါတယ်။ အပြစ်ကျူးလွန်သူတွေကို သူတို့နဲ့ ထိုက်တန်တဲ့ပြစ်ဒဏ်ပေးတာဟာ မလုပ်မဖြစ်လုပ်ရမယ့်ကိစ္စပါ။ ဒါပေမယ့် အလွန်အကျွံမဖြစ်ဖို့တော့ သတိထားရပါမယ်။ ဆိုလိုတာက သေဒဏ်ပေးတာဟာ ထိုက်သင့်တဲ့ပြစ်ဒဏ်ဖြစ်တယ်ဆိုရင် သေဒဏ်ပေးပြီးလို့ သေသွားသူရဲ့အလောင်းကို ခေါင်းတွေ၊ လက်တွေ၊ ခြေထောက်တွေ အပိုင်းပိုင်းဖြစ်အောင် ဆက်လုပ်တာဟာ အလွန်အကျွံလုပ်ရပ်ဖြစ်ပါတယ်။ ဒါမျိုးဟာ အနာဂတ်ပဋိပက္ခအတွက် လောင်စာပါပဲ။
နောက်တချက်ကတော့ ပိုအရေးကြီးပါတယ်။ အဲတာကတော့ အပြစ်မကျူးလွန်သူတွေကို မှားယွင်းပြီး ရက်စက်စွာ အပြစ်မပေးမိဖို့ပါပဲ။ ဒီနေရာမှာ CDM ကိစ္စကို ပြန်ကောက်ချင်ပါတယ်။ CDM တွေဟာ (အထူးသဖြင့် CDM ဝန်ထမ်းတွေဟာ) အင်မတန် အနစ်နာခံခဲ့ရပါတယ်။ ဘဝပျက်လောက်တဲ့အထိ အခက်အခဲကြုံရသူတွေ ရှိပါတယ်။ တချိန်မှာ သူတို့အတွက် တရားမျှတမှု ရှာရပါမယ်။ ဒါပေမယ့် ကျူးလွန်သူကိုတော့ ရှင်းရှင်းလင်းလင်းရှိဖို့ အရေးကြီးပါတယ်။ CDM တွေကို ဘဝပျက်အောင်လုပ်သူဟာ စစ်အစိုးရဖြစ်ပါတယ်။ CDM တွေကို ဖမ်းဆီးနှိပ်စက်တာဟာ စစ်အစိုးရဖြစ်ပါတယ်။ CDM များရဲ့ နေအိမ်တွေကို ချိတ်ပိတ်တာဟာ စစ်အစိုးရဖြစ်ပါတယ်။ CDM တွေကို မြို့ပေါ်မှာ ပေါ်ပေါ်ထင်ထင်နေမရအောင် မောင်းထုတ်တာဟာ စစ်အစိုးရဖြစ်ပါတယ်။ CDM များရဲ့ စီးပွားရေးတွေကို အလွတ်မပေးစတမ်း လိုက်လံပိတ်ဆို့နေတာဟာ စစ်အစိုးရဖြစ်ပါတယ်။ CDM ကျောင်းသားတွေရဲ့ ပညာရေးအခွင့်အလမ်းတွေကို ပိတ်ဆို့တာဟာ စစ်အစိုးရဖြစ်ပါတယ်။ အလေးအနက် ထပ်ပြောရရင်တော့ CDM တွေကို ဘဝပျက်အောင်လုပ်သူဟာ စစ်အစိုးရပါပဲ။ Non CDM တွေ မဟုတ်ပါဘူး။ (Non CDM တွေထဲမှာ ရန်သူ့သတင်းပေးလုပ်သူတွေ၊ သူလျှိုဒလန်တွေ ပါနေနိုင်ပါတယ်။ သူတို့ကိုကတော့ တဦးချင်းပြစ်မှုအလိုက် သီးခြားအရေးယူရမှာဖြစ်ပါတယ်။ ဒါက တဦးချင်းကိစ္စပါ။) ပြန်ချုပ်ရရင်တော့ CDM တွေအတွက် တရားမျှတမှုကို တချိန်မှာ မရရအောင် ရှာရပါမယ်။ ကျူးလွန်သူ စစ်အစိုးရကို၊ ကျူးလွန်သူ စစ်အုပ်စုဝင်တွေကို ထိုက်တန်တဲ့ပြစ်ဒဏ် ပေးကိုပေးရပါလိမ့်မယ်။ ပစ်ကွင်းမလွဲဖို့သာ သတိထားရမှာပါ။
တဖက်မှာတော့ ကျနော်တို့ မျှော်ရည်တဲ့ အနာဂတ်ရှိပါတယ်။ ကျနော်တို့လိုချင်တဲ့ လူ့အဖွဲ့အစည်းအသစ်ဟာ ဘယ်လိုပုံစံရှိပါသလဲ။ တဦးနဲ့တဦး ရန်စောင်နေကြတဲ့ လူ့အဖွဲ့အစည်း၊ တဘက်နဲ့တဘက် မုန်းတီးတိုက်ခိုက်နေကြတဲ့ လူ့အဖွဲ့အစည်းမျိုးကိုတော့ ဘယ်သူမှ အလိုရှိကြမယ်မထင်ပါဘူး။ အသက် ၁၀ နှစ် အရွယ် Non CDM ကျောင်းသားတယောက်ကို သူငယ်တန်းမှာ ဝက်ခြံနဲ့ထားမယ်ဆိုရင် ကျနော်တို့ ကြည့်ရက်ကြပါ့မလား။ သူ့ကို နေ့တဓူဝ စာသင်ကြားပေးရမယ့် ဆရာ၊ ဆရာမတွေကရော စိတ်ကောင်းနိုင်ကြပါ့မလား။ အဲဒီကျောင်းသားရဲ့ စိတ်အခြေအနေဟာရော အကောင်းအတိုင်း ရှိနိုင်ပါဦးမလား။ ဒီထက်ပိုစဉ်းစားရမှာကတော့ သူနဲ့အတန်းတူဖြစ်မယ့် သူငယ်တန်းကျောင်းသားလေးတွေရဲ့ စိတ်ထဲမှာ ခွဲခြားဆက်ဆံမှုဆိုတာကို ထမင်းစားရေသောက်ကိစ္စလိုများ အထင်ရောက်သွားလေမလား။ ဒီလိုသာဆိုရင် ကျနော်တို့ရဲ့ အနာဂတ်ဟာ ဘယ်လိုများ ကောင်းနိုင်စရာရှိပါဦးမလဲ။

Non CDM ကျောင်းသားတွေကို အပြစ်ပေးအရေးယူဖို့ စဉ်းစားရင် ဒီအချက်တွေကို မဖြစ်မနေ ထည့်သွင်းစဉ်းစားရပါလိမ့်မယ်။ မူဝါဒဆိုင်ရာကိစ္စတွေကို စဉ်းစားရာမှာ အမျှော်အမြင်ရှိဖို့ အင်မတန်အရေးကြီးပါတယ်။ တချက်မှားတာနဲ့ တနိုင်ငံလုံး ဒုက္ခရောက်မယ့်ကိစ္စပါ။ ကိုယ်တင်မက ကိုယ့်မျိုးဆက်တွေအထိပါ ဒုက္ခရောက်မှာပါ။ အဲတာကြောင့် ပစ်ကွင်းမလွဲဖို့ လိုပါတယ်။ CDM တွေကို ဘဝပျက်အောင်လုပ်တာဟာ Non CDM တွေ မဟုတ်ပါဘူး။ တရားခံဟာ စစ်အုပ်စုပါပဲ။
နိဂုံး
ဒီဆောင်းပါးတလျှောက်လုံးမှာ ကျနော်တင်ပြခဲ့တဲ့ အချက် ၅ ချက် ရှိပါတယ်။ ဒီ ၅ ချက်ကို ဒီနေရာမှာ ပြန်လည်ဖော်ပြခွင့်ပြုပါ။
(၁) လွတ်လပ်စွာ ပညာသင်ကြားခွင့်ရှိရေးဟာ အခြေခံလူ့အခွင့်အရေးဖြစ်ပါတယ်။
(၂) ကိုယ်နဲ့ အမြင်မတူတဲ့အတွက် အမြင်မတူသူရဲ့ ပညာရေးခရီးလမ်းကို ပိတ်ဆို့တားမြစ် အရေးယူတာဟာ ဗမာပြည်က စစ်အစိုးရတွေ အစဉ်တစိုက်လုပ်ခဲ့တဲ့ အာဏာရှင်လုပ်ဟန်ဖြစ်ပါတယ်။
(၃) Non CDM ကျောင်းသားတွေဟာ တော်လှန်ရေးရဲ့ ဦးတည်ရန်သူမဟုတ်ပါဘူး။ တော်လှန်ရေးအတွက် စည်းရုံးရမယ့် ကြားလူတွေဖြစ်ပါတယ်။
(၄) ကျောင်းသားတွေ စုစည်းတည်ရှိနေတဲ့ကျောင်းဟာ ရန်သူစစ်အုပ်စုအကြောက်ဆုံးအရာတွေထဲက တခုဖြစ်ပါတယ်။ ဒါကို ဗျူဟာကျကျ ချဉ်းကပ်ရပါမယ်။
(၅) Non CDM ကျောင်းသားတွေကို အပြစ်ပေးအရေးယူတာ၊ တဆင့်နှိမ့်ဆက်ဆံတာတွေဟာ အနာဂတ်ပဋိပက္ခကို သန္ဓေတည်ပေးရာရောက်နိုင်ပါတယ်။
ဒီ ၅ ချက်လုံးရဲ့ နောက်ခံစဉ်းစားချက်တွေကိုလည်း အကျယ်တင်ပြခဲ့ပြီးပါပြီ။ အချုပ်ဆိုရရင်တော့ Non CDM ကျောင်းသားတွေကို အပြစ်ပေးအရေးယူရမယ်ဆိုတဲ့ကိစ္စဟာ အင်မတန် မှားယွင်းတဲ့အတွေးအခေါ်ဖြစ်ပါတယ်။ ဒီအတွေးအခေါ်ဟာ အခြေခံလူ့အခွင့်အရေးကို သားရေကြိုးလုပ်ပစ်ချင်တဲ့ အတွေးအခေါ်ပါ။ တော်လှန်ရေးသင်ပုန်းကြီးမကျေတဲ့ မီးကျိုးမောင်းပျက် အတွေးအခေါ်ပါ။ အမျှော်အမြင် နည်းပါးလွန်းတဲ့ အတွေးအခေါ်လည်း ဖြစ်ပါတယ်။
Non CDM ကျောင်းသားတွေကို အပြစ်ပေးအရေးယူမယ့်အစား ကျနော်တို့ လုပ်သင့်တဲ့အလုပ်တွေ အများအပြား ရှိပါတယ်။ CDM ကျောင်းသားတွေကို ဘယ်လိုနည်းနဲ့ ပညာရေးအာမခံချက် ပေးနိုင်မလဲ။ CDM ကျောင်းသားတွေ စဉ်ဆက်မပြတ် ပညာသင်ကြားနိုင်အောင် ဘာတွေလုပ်ပေးလို့ရမလဲ။ CDM ကျောင်းသားတွေရဲ့ ပညာရေးအဆင့်အတန်းကို နိုင်ငံတကာက အသိအမှတ်ပြုအောင် ဘယ်လိုကြိုးစားနိုင်မလဲ။ အင်တာနက်မရတဲ့ဒေသက CDM ကျောင်းသားတွေအတွက် မြေပြင်ပညာရေးကို ဘယ်လိုအားကောင်းအောင် လုပ်နိုင်မလဲ။ CDM ကျောင်းသားတွေ တော်လှန်ရေးလုပ်ရင်း ရရှိလာတဲ့ သူတို့ရဲ့ ဖြတ်သန်းမှုအတွေ့အကြုံတွေကို ပညာအရည်အချင်းတခုအနေနဲ့ ဖြစ်အောင် ဘယ်လိုစိစစ်အသိအမှတ်ပြုနိုင်မလဲ။ စသဖြင့် CDM ကျောင်းသားတွေအတွက် လက်ရှိကာလမှာတင် အကျိုးဖြစ်စေမယ့် အလုပ်တွေ အများအပြားရှိပါတယ်။ ဒါတွေကို အားကြိုးမာန်တက်လုပ်ကြရမှာပါ။ ဒါဟာ CDM ကျောင်းသားတွေကို ဂုဏ်ပြုချီးမြှင့်ရာလည်း ရောက်ပါတယ်။ Non CDM ကျောင်းသားတွေကို ဘယ်လိုအပြစ်ပေးယူမလဲဆိုတာထက် CDM ကျောင်းသားတွေကို လက်တွေ့အားဖြင့် ဘယ်လိုချီးမြှင့်ဂုဏ်ပြုနိုင်မလဲဆိုတာကို ဝိုင်းဝန်းအဖြေရှာကြဖို့ လိုအပ်နေပါတယ်ခင်ဗျာ။

ဗကသများအဖွဲ့ချုပ်က ထွက်ရှိထားတဲ့ Non-CDM စစ်တမ်း အစအဆုံးကို ဒီ link မှာ downloadဆွဲ ရယူနိုင်ပါပြီ။
➥ https://tinyurl.com/Owayabfsu
စာတမ်းကို လွတ်လပ်စွာ ပြန်လည်ကူးယူ ဖြန့်ဝေနိုင်ပါတယ်။
━
#Oway #ABFSU #CDM #NonCDM
#RevolutionaryTactics
#WhatshappeninginMyanmar

mega.nz
314 KB file on MEGA
၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တဲ့ ကရင်နီပြည်လုံးဆိုင်ရာကျောင်းသားများသမဂ္ဂဟာ ဒီကနေ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၁ရက်နဲ့ ၁၂ ရက်မှာ ကရင်နီပြည်လုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂရဲ့ညီလာခံကို ကျင်းပနေပါတယ်။ ဗကသများအဖွဲ့ချုပ်အနေနဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးကို မျှော်ရည်ပြီး ကရင်နီပြည် အဖိနှိပ်ခံပြည်သူများရဲ့ အကျိုးစီးပွားကို ဦးထိပ်ထားကာ ကရင်နီပြည်လုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂကို ဤသဝဏ်လွှာကို ပေးပို့လိုက်ပါတယ်။
"ကရင်နီပြည်လုံးဆိုင်ရာကျောင်းသားများသမဂ္ဂ အဓွန့်ရှည်ပါစေ"
#ABFSU #KSSU #Karenni

ဗကသများအဖွဲ့ချုပ်နှင့် မဟာမိတ်များမှ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်။
ဒီဇင်ဘာ ၁၇ ၊ ၂၀၂၄
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်နဲ့ မဟာမိတ်အဖွဲ့တွေ ပူးပေါင်းပြီး ယမန်နေ့ ဒီဇင်ဘာလ ၁၆ရက်နေ့က "တော်လှန်ရေးသမားကို ေ-သေ မိန့်ချရုံနဲ့ တော်လှန်ရေးကို သ-တ်လို့မရဘူး" စာသားပါ ဘန်နာကို ရန်ကုန်မြို့တနေရာမှာ ချိတ်ဆွဲကာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။
#Oway #ABFSU #massmovement #studentmovement

မြိုင်မြို့နယ်သမဂ္ဂမှ ဗိုလ်အောင်ကျော် ကျဆုံးခြင်း ၈၆ နှစ်ပြည့် အခမ်းအနားပြုလုပ်
၂၀၂၄၊ ဒီဇင်ဘာ ၂၀
မြိုင်မြို့နယ်ကျောင်းသားများသမဂ္ဂမှ ဦးဆောင်ပြီး ဒီဇင်ဘာလ ၂၀ရက်နေ့တွင် ကျရောက်သည့် '' ဗိုလ်အောင်ကျော်ကျဆုံးခြင်း ၈၆ နှစ်ပြည့် နှစ်ပတ်လည်နေ့ (ဝါ) ကျောင်းသားနေ့ အခမ်းအနားကို မြိုင်မြို့နယ်မှာ ပြုလုပ်ကျင်းပခဲ့ပါတယ် ။
အခမ်းအနားတွင် သမဂ္ဂအလံတော်အား အလေးပြုခြင်း၊ ''ကျောင်းသားနေ့'' ဆိုင်ရာ အကြောင်းအရာများ ဆွေးနွေးခြင်း၊ ကဗျာရွတ်ခြင်း၊ ဒီမိုကရေစီပညာရေးစနစ်အကြောင်း ဆွေးနွေးပြောကြားခြင်း၊ သပိတ်တရားဟောကြားခြင်းနှင့် 'ဘုံရန်သူကိုထွက်ပေါက်မပေးနဲ့' ခေါင်းစဉ်ဖြင့် လက်ရှိတော်လှန်ရေးအခြေအနေများကို ဆွေးနွေးခဲ့ကြပါတယ်။
ဗကသများအဖွဲ့ချုပ်မှ ဦးစီးပြီး ဗိုလ်အောင်ကျော် ကျဆုံးခြင်း (၈၆)နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ဘုတလင်မြို့နယ်၊ ပုလဲမြို့နယ်၊မြိုင်မြို့နယ် စသည့် နေရာအသီးသီးတွင်လည်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုများကို တပြိုင်တည်း ကျင်းပခဲ့ကြပါတယ် ။
#ABFSU #ဗိုလ်အောင်ကျော် #ကျောင်းသားနေ့ #မြိုင် #ဘုတလင် #ပုလဲ