All Burma Federation Of Student Unions
1.15K subscribers
7.73K photos
108 videos
642 links
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ၏ တရားဝင် တယ်လီဂရမ်ချန်နယ် ဖြစ်ပါသည်။
Download Telegram
ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီပါပဲ။ သူတို့ကိုယ်တိုင်ကိုက စစ်သုံးစစ်ရဲ့ အစိတ်အပိုင်းတခုလည်း ဖြစ်ပါတယ်။ ဒါကြောင့် ခရိုနီတွေဟာလည်း ကျနော်တို့ရဲ့ ဦးတည်ရန်သူတွေဖြစ်ကြပါတယ်။ ဘယ်သူတွေကစစ်သုံးစစ်ကို အလုပ်အကျွေးပြုနေသလဲ ဆိုတာကို ဒီလိုနည်းနဲ့ စိစစ်နိုင်ပါတယ်။

ပြန်ချုပ်ရရင်တော့ တော်လှန်ရေးကာလမှာလုပ်တဲ့ ကျနော်တို့ရဲ့ လုပ်ရပ်တိုင်းဟာ ဦးတည်ရန်သူကို ချေမှုန်းဖို့သာဖြစ်ရပါမယ်။ ဦးတည်ရန်သူမဟုတ်သူတွေကို စည်းရုံးရပါမယ်။ ဦးတည်ရန်သူ ဟုတ်၊မဟုတ်ကို စစ်သုံးစစ်နဲ့ တိုက်စစ်ရပါမယ်။ အချက်နှစ်ချက်ရှိပါတယ်။ (၁) သူတို့ဟာ စစ်သုံးစစ်တည်ရှိခြင်းကနေ အကျိုးအမြတ်ရနေသလား၊ (၂) သူတို့ဟာ စစ်သုံးစစ်ကို အလုပ်အကျွေးပြုနေသလား။ ပထမအချက်ကို စိစစ်ရာမှာတော့ နိုင်ငံရေးအာဏာအကျိုးအမြတ်နဲ့ စီးပွားရေးအကျိုးအမြတ်ဆိုတဲ့ ပေတံနှစ်ချောင်းနဲ့ စိစစ်နိုင်ပါတယ်။ ဒုတိယအချက်ကိုတော့ ကာယအား၊ ဉာဏအားနဲ့ စီးပွားအားဆိုတဲ့ ပေတံသုံးချောင်းနဲ့ တိုင်းတာစိစစ်နိုင်ပါတယ်။ Non CDM ကျောင်းသားတွေဟာ တော်လှန်ရေးရဲ့ ဦးတည်ရန်သူ ဟုတ်၊မဟုတ်ကိုလည်း ဒီအချက်တွေနဲ့ပဲ တိုက်စစ်ရပါလိမ့်မယ်။ ဒါကို နောက်တပိုင်းမှာ အသေးစိတ်ဆွေးနွေးပါမယ်။

မြတ်ကို
မှတ်တမ်းနှင့်သုတေသနရေးရာကော်မတီ
ဗကသများအဖွဲ့ချုပ်

#Oway #ABFSU #UYSU #CDM #NonCDM #StudentsRights #RevolutionaryTactic
တဦးချင်းခြွင်းချက်တွေအကြောင်းကို အကျယ်မရှင်းတော့ပါဘူး။)

တဖက်မှာလည်း Non CDM ကျောင်းသားတွေဟာ တစုံလုံးအနေနဲ့ တော်လှန်ရေးထဲမှာ ပါဝင်တိုက်ပွဲဝင်နေကြတာ မဟုတ်သေးပါဘူး။ ဒါကြောင့် သူတို့ဟာ ကျနော်တို့ရဲ့ ရဲဘော်ရဲဘက်တွေလည်း မဟုတ်ပါဘူး။ (ဒီကိစ္စကတော့ အကျယ်ရှင်းစရာမလိုဘူးလို့ ယူဆပါတယ်။) ဒါကြောင့် Non CDM ကျောင်းသားထုဟာ ကျနော်တို့ရဲ့ ဦးတည်ရန်သူလည်း မဟုတ်၊ ရဲဘော်ရဲဘက်လည်း မဟုတ်တဲ့အတွက်ကြောင့် သူတို့ဟာ ကျနော်တို့ စည်းရုံးရမယ့် ကြားလူတွေပဲဖြစ်တယ်ဆိုတာ အင်မတန် ရှင်းလင်းနေပါတယ်။

Non-CDM ကျောင်းသားထုဟာ တော်လှန်ရေးရဲ့ ဦးတည်ရန်သူမဟုတ်ဘူး၊ စည်းရုံးရမယ့် ကြားလူတွေဖြစ်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်းရှိပြီဆိုရင် Non CDM ကျောင်းသားတွေကို အပြစ်ပေးအရေးယူရမယ်ဆိုတဲ့ကိစ္စဟာ မသင့်တော်တဲ့ကိစ္စမှန်း တပါတည်း ရှင်းလင်းသွားမယ်ထင်ပါတယ်။ ကိုယ်က မိတ်ဆွေများပြီး ရန်သူကို အထီးကျန်အောင် လုပ်ရမယ်ဆိုတာဟာ အခြေခံအချက်ပါပဲ။ ကျနော်တို့ဟာ ဒီကြားလူတွေကို စည်းရုံးရမယ့်အစား အပြစ်ပေးအရေးယူမယ် တကဲကဲနဲ့ ရန်သူ့ဘက်ကို ရောက်သထက်ရောက်အောင် တွန်းပို့နေသလိုဖြစ်ပါလိမ့်မယ်။ ဒီလိုသာလုပ်မိရင် လုပ်မိသူတွေဟာ တော်လှန်ရေးသင်ပုန်းကြီး မကျေရာ ရောက်ပါလိမ့်မယ်။ တော်လှန်ရေးအတွက် အကျိုးမရှိတဲ့အပြင် အကျိုးပါယုတ်စေနိုင်ပါတယ်။ တော်လှန်ရေးကာလမှာ ကျနော်တို့ဟာ ကျနော်တို့ရဲ့ စိတ်ခံစားချက်ထက် တော်လှန်ရေးအကျိုးစီးပွားကိုပဲ ရှေးရှုရပါလိမ့်မယ်။ ကျနော်တို့ရဲ့ လုပ်ဆောင်ချက်တိုင်းဟာ တော်လှန်ရေးကို အကျိုးပြုနေဖို့ လိုပါတယ်။ ဒါကြောင့် Non CDM ကျောင်းသားတွေအကြောင်း စဉ်းစားရာမှာ သူတို့ကို ဘယ်လိုအပြစ်ပေးအရေးယူနိုင်မလဲဆိုတာထက် သူတို့ကို ဘယ်လိုစည်းရုံးဆွဲခေါ်နိုင်မလဲဆိုတာကို ပိုအလေးထားစဉ်းစားကြဖို့ လိုအပ်နေပါတယ်ခင်ဗျာ။

မြတ်ကို
မှတ်တမ်းနှင့်သုတေသန‌ရေးရာကော်မတီ
ဗကသများအဖွဲ့ချုပ်

#Oway #ABFSU #UYSU #CDM #NonCDM #StudentsRights #RevolutionaryTatics