All Burma Federation Of Student Unions
1.15K subscribers
7.73K photos
108 videos
642 links
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ၏ တရားဝင် တယ်လီဂရမ်ချန်နယ် ဖြစ်ပါသည်။
Download Telegram
ကျနော်တို့က အပြည့်အဝ လေးစားကာကွယ်ရပါလိမ့်မယ်။

ဒါကြောင့် Non CDM ကျောင်းသားတွေကို အပြစ်ပေးအရေးယူရေးဆိုတဲ့ကိစ္စဟာ လုံးဝ မလုပ်အပ်တဲ့ကိစ္စဖြစ်ပါတယ်။ ဘာကြောင့်မလုပ်အပ်တဲ့ကိစ္စလဲဆိုရင်တော့ ဒီလုပ်ရပ်ဟာ အခြေခံလူ့အခွင့်အရေးကို ချိုးဖောက်ရာရောက်နေလို့ပါပဲ။

(၂) ကိုယ်နဲ့ အမြင်မတူတဲ့အတွက် အမြင်မတူသူရဲ့ ပညာရေးခရီးလမ်းကို ပိတ်ဆို့တားမြစ် အရေးယူတာဟာ ဗမာပြည်က စစ်အစိုးရတွေ အစဉ်တစိုက်လုပ်ခဲ့တဲ့ အာဏာရှင်လုပ်ဟန်ဖြစ်ပါတယ်။

ဆန္ဒပြကျောင်းသားတွေကို ကျောင်းထုတ်လိုက်တယ်၊ သမဂ္ဂကျောင်းသားဖြစ်လို့ အပြစ်ရှာပြီး စာမေးပွဲချလိုက်တယ်၊ ဆိုတဲ့အချင်းအရာတွေဟာ ဗမာပြည်သမိုင်းမှာ ဖန်တရာတေနေတဲ့ကိစ္စပါ။ နယ်ချဲ့လက်အောက်မှာရော၊ စစ်အာဏာရှင်လက်အောက်မှာရော မကြာခဏ ကြုံတွေ့ခဲ့ကြရတဲ့အချင်းအရာပါ။ ဒါဟာ အာဏာရှင်တွေရဲ့ လက်နက်တမျိုးဆိုရင်လည်း ဟုတ်ပါတယ်။ ဒီလိုကြုံတွေ့ခဲ့ရတဲ့ ဖြစ်စဉ်တိုင်းမှာ ကျူးလွန်သူဟာ နယ်ချဲ့ကိုလိုနီအစိုးရနဲ့ စစ်အစိုးရပဲဖြစ်ပါတယ်။ (စစ်တပိုင်းအစိုးရကာလမှာလည်း ဒီလိုဖြစ်စဉ် အနည်းငယ်ရှိခဲ့ဖူးပါတယ်။ ရခိုင်ကိစ္စဆန္ဒပြမှုတွေရဲ့ နောက်ဆက်တွဲဖြစ်ခဲ့တာပါ။) ဒီကနေ့တော်လှန်ရေးက ရည်မျှော်တဲ့ အနာဂတ် ဒီမိုကရေစီအစိုးရကိုတော့ ဒီကျူးလွန်သူစာရင်းထဲမှာ ကျနော်တို့ မမြင်ချင်ပါဘူး။

Non CDM ကျောင်းသားတွေဟာ CDM လှုပ်ရှားမှုမှာ မပါဝင်ကြပါဘူး။ ဒါကြောင့် CDM လှုပ်ရှားမှုအပေါ်ထားတဲ့ သူတို့ရဲ့ သဘောထားနဲ့ ကျနော်တို့ရဲ့ သဘောထားဟာ မတူပါဘူး။ ဒီလိုအမြင်မတူတဲ့အတွက် အမြင်မတူသူရဲ့ ပညာရေးခရီးလမ်းကို ပိတ်ဆို့တားမြစ်တယ်ဆိုတာဟာ အင်မတန် သိမ်ဖျင်းတဲ့လုပ်ရပ် ဖြစ်ပါတယ်။ ဒီလုပ်ရပ်ကို စစ်အစိုးရကတော့ ပျော်ပျော်ကြီးလုပ်နေတာပါပဲ။ ကျောင်းသားတွေကို CDM လုပ်လို့ အပြစ်ပေးအရေးယူတာကို စစ်အစိုးရက လုပ်ပါတယ်။ သူတို့အတွက်တော့ ဒီလိုသိမ်ဖျင်းတဲ့လုပ်ရပ်တွေကို လုပ်ရတာက ထမင်းစားရေသောက်ဖြစ်နေပါပြီ၊ မထူးဆန်းတော့ပါဘူး။ ဒါပေမယ့် ဒါဟာ ဒီမိုကရေစီအလေ့အထ မဟုတ်တာကို သတိပြုရပါမယ်။ ဒါဟာ စစ်အာဏာရှင်တွေ အစဉ်တစိုက်လုပ်ခဲ့ကြတဲ့ အာဏာရှင်လုပ်ဟန်ဖြစ်ပါတယ်။ စစ်အစိုးရရဲ့ ဒီလိုလုပ်ရပ်တွေကို သည်းမခံနိုင်လို့ ကျနော်တို့ ပြည်သူလူထုတရပ်လုံးက အုံကြွတော်လှန်နေကြတာပါ။ ကျနော်တို့ ရွံရှာမုန်းတီးတဲ့လုပ်ရပ်မျိုးကို ကျနော်တို့ကိုယ်တိုင် ပြန်လည်မကျူးလွန်မိကြဖို့ အင်မတန်သတိထားရပါလိမ့်မယ်။

စစ်အစိုးရက CDM ကျောင်းသားတွေကို အပြစ်ပေးအရေးယူသလို ကျနော်တို့က Non CDM ကျောင်းသားတွေကို အပြစ်ပေးအရေးယူလို့မရပါဘူး။ ဘာကြောင့်လဲဆိုရင် သူတို့ဟာ စစ်အစိုးရဖြစ်ပြီး ကျနော်တို့ဟာ ဒီမိုကရေစီကို ချစ်မြတ်နိုးတဲ့ တော်လှန်ရေးသမားတွေဖြစ်နေလို့ပါပဲ။

မြတ်ကို
မှတ်တမ်းနှင့်သုတေသနရေးရာကော်မတီ
ဗကသများအဖွဲ့ချုပ်

#Oway #ABFSU #UYSU #CDM #NonCDM #RighttoEducation #RevolutionaryTactic