All Burma Federation Of Student Unions
1.15K subscribers
7.81K photos
108 videos
642 links
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ၏ တရားဝင် တယ်လီဂရမ်ချန်နယ် ဖြစ်ပါသည်။
Download Telegram
ဗကသရဲဘော်ဟောင်း ကိုမင်းမင်းဇော် ကွယ်လွန်ခြင်းအတွက် ဗကသများအဖွဲ့ချုပ်၏ ဝမ်းနည်းကြောင်းသဝဏ်လွှာ

နိုဝင်ဘာ ၂၂၊ ၂၀၂၄

#ABFSU #ဗကသရဲဘော်ဟောင်း #ကိုမင်းမင်းဇော်
အရာတော်မြို့နယ်မှ အမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် ကျောင်းသား၊ ပြည်သူလူထုသပိတ်စစ်ကြောင်း ချီတက်

၂၀၂၄၊ နိုဝင်ဘာ ၂၅

အရာတော်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နဲ့ အခြေခံပညာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့ ပူးပေါင်းပြီး အရာတော်မြို့နယ်အတွင်းမှာရှိတဲ့ ပြည်သူလူထုနဲ့အတူ “အမျိုးသားခွပ်ဒေါင်းအလံတော်အား အမြင့်မားဆုံးလွှင့်ထူကြ၊ စစ် (၃) စစ်ကို အမြစ်ပြတ် တိုက်ဖျက်ကြ"ပါ ဘန်နာစာသားကို ကိုင်စွဲပြီး ကျောင်းသားပြည်သူလူထု ပူးပေါင်းသပိတ်စစ်ကြောင်းအဖြစ် ချီတက်ခဲ့ကြပါတယ်။

အမျိုးသားနေ့ ဖြစ်ပေါ်လာပုံ၊ နယ်ချဲ့ဆန့်ကျင်ရေး ပထမကျောင်းသားသပိတ် ကျောင်းသားလှုပ်ရှားမှု သမိုင်းနဲ့ စစ် (၃) စစ်ဆန့်ကျင်တိုက်ဖျက်ရေး လူထုသပိတ်တရားများ ဟောပြောခဲ့ကြပါတယ်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်

#ABFSU #ဗကသ #အရာတော် #အမျိုးသားနေ့ #ပထမကျောင်းသားသပိတ် #သပိတ်စစ်ကြောင်း #လှုပ်ရှားမှု
#movement #whatshappeningnowinmyanmar
တနင်္သာရီမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ အမျိုးသားနေ့အထိမ်းအမှတ်အဖြစ် တော်လှန်ရုပ်ရှင်ပြသ

၂၀၂၄၊ နိုဝင်ဘာ ၂၆

တနင်္သာရီမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ အမျိုးသားနေ့အထိမ်းအမှတ်အဖြစ် တနင်္သာရီမြို့နယ်အတွင်း ယမန်နေ့က တော်လှန်ရုပ်ရှင်ပြသခဲ့ပါတယ်။ တဆက်တည်းမှာပဲ အမျိုးသားနေ့ ဖြစ်ပေါ်လာပုံ၊ နယ်ချဲ့ဆန့်ကျင်ရေး ပထမကျောင်းသားသပိတ် ကျောင်းသားလှုပ်ရှားမှုသမိုင်းနဲ့ စစ် (၃) စစ်ဆန့်ကျင်တိုက်ဖျက်ရေး လူထုသပိတ်တရားများလည်း ဟောပြောခဲ့ကြပါတယ်။

သတင်းနှင့်ပြန်ကြားရေး
ဗကသများးအဖွဲ့ချုပ်

#ABFSU #အမျိုးသားနေ့ #ဗကသ #ပထမကျောင်းသားသပိတ် #တနင်္သာရီ
#WhatsthappeningnowinMyanmar