All Burma Federation Of Student Unions
1.15K subscribers
7.73K photos
108 videos
642 links
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ၏ တရားဝင် တယ်လီဂရမ်ချန်နယ် ဖြစ်ပါသည်။
Download Telegram
"ကျောင်းသားနဲ့ နိုင်ငံရေးဆိုင်လား" ဆိုတဲ့ခေါင်းစဉ်နဲ့ ဗကသများအဖွဲ့ချုပ်က ဆွေးနွေးပွဲပြုလုပ်

ဧပြီ ၁၀၊ ဗကသ

"ကျောင်းသားနဲ့ နိုင်ငံရေးဆိုင်လား" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဗကသများအဖွဲ့ချုပ်က ရဲဘော်တွေနဲ့ ရွှေ့ပြောင်းမြန်မာကျောင်းသားတွေ ပါဝင်တဲ့ ဆွေးနွေးပွဲတခုကို ဧပြီ ၇ ရက်နေ့က ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။

အခြေအနေ အမျိုးမျိုးကြောင့် မဲဆောက်ကို ရောက်နေကြပြီး ပညာရေးနဲ့ လုံးပန်းနေရတဲ့ ရွှေ့ပြောင်းမြန်မာကျောင်းသားတွေကို နိုင်ငံရေးနိုးကြားနေဖို့နဲ့ ကိုယ့်ပြည်တွင်းနိုင်ငံရေးနဲ့ အဆက်မပြတ်နေဖို့ကို ရည်ရွယ်ပြီး ဒီဆွေးနွေးပွဲကို ပြုလုပ်ခဲ့တာပါ။

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) က ရဲဘော်တွေပြုလုပ်တဲ့ပွဲကို ဗကသများအဖွဲ့ချုပ်ရဲ့မဟာမိတ် အဖွဲ့အစည်းတခုဖြစ်တဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ် ပါတီက လိုအပ်တဲ့ အကူအညီတွေ ပေးခဲ့ပါတယ်။

ဓာတ်ပုံ - အိုးဝေ

#Oway #ABFSU #ဗကသ #DPNS #လူ့ဘောင်သစ် #ကျောင်းသား #နိုင်ငံရေး #ဆွေးနွေးပွဲ
ရန်ကုန်တက္ကသိုလ်‌ကျောင်းသားများသမဂ္ဂ - ဗကသများအဖွဲ့ချုပ်မှ ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်းသူများအား ကျေးဇူးတင်လွှာ

ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်းငွေ စုစုပေါင်း ၄,၃၈၈,၆၁၀ ကျပ် ရရှိခဲ့ပြီး၊ သမဂ္ဂမတည်ငွေ ၃၀၀,၀၀၀ ကျပ်ဖြင့် စုစုပေါင်း ၄,၆၈၈,၆၁၀ ကျပ် ကို ကရင်နီဒေသရှိ ရေဘေးသင့်ပြည်သူများအား ပံ့ပိုးကူညီခဲ့ပါသည်။

ယခုအခါတွင် အလှူငွေကောက်ခံသည့် အစီအစဥ်ကို ရပ်တန့်လိုက်ပြီဖြစ်ပြီး လှူဒါန်းခဲ့ကြသူ တဦးတယောက်ချင်းစီတိုင်းအား ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ အထူးပင်ကျေးဇူးတင်ရှိပါသည်။

#Oway #UYSU #ABFSU #SwoB #FloodReliefForMyanmar #Whatshappeninginmyanmar