All Burma Federation Of Student Unions
1.15K subscribers
7.81K photos
108 videos
642 links
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ၏ တရားဝင် တယ်လီဂရမ်ချန်နယ် ဖြစ်ပါသည်။
Download Telegram
ပုလဲမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးနှင့် ပသုံးလုံးယန္တာရား ဖိနှိပ်မှုဆန့်ကျင်ရေး ဆန္ဒပြ

၂၀၂၄ ဇွန် ၃၀၊ ဗကသ

ပုလဲမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ကျောင်းသားရဲဘော်များကို အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးဝန်ကြီးဌာန (NUG) လက်အောက်ခံ ပသုံးလုံးအဖွဲ့ဝင်တွေက ဆိုင်ကယ်ဖြင့်တိုက်ခြင်း၊ ကိုယ်ထိလက်ရောက် ထိုးကြိတ်ခြင်း၊ ခြိမ်းခြောက်ခြင်းများ ပြုလုပ်နေပါတယ်။

Read More - http://www.abfsu.org/2024/06/blog-post_30.html

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်
#ဗကသ #abfsu #ပသုံးလုံး #စကစ #စစ်သုံးစစ်
ဗကသများအဖွဲ့ချုပ်က ယင်းမာပင်မြို့နယ်မှာ ကွန်ပျူတာသင်တန်း ဖွင့်လှစ်

၂၀၂၄ ဇူလိုင် ၂ ရက်၊ ဗကသ

ဗကသများအဖွဲ့ချုပ်နဲ့ တက္ကသီလာ အသိပညာပြန့်ပွားရေးအသင်းတို့ ပူးပေါင်းပြီး ယင်းမာပင်မြို့နယ်အတွင်းမှာ “လုပ်ငန်းခွင်ဝင် အတတ်သင် ကွန်ပျူတာသင်တန်း” အပတ်စဥ် (၆) ကို ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၂၆ ရက်နေ့မှာ ပြုလုပ်ခဲ့ပြီး ကျောင်းဆရာ ဆရာမတွေနဲ့ အထက်တန်း ကျောင်းသား ကျောင်းသူတွေ တက်ရောက်ခဲ့ပါတယ်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်
#ဗကသ #abfsu #ကွန်ပျူတာသင်တန်း
မရမ်းကုန်းဗကသက ပြည်သူ့အခြေပြုကျောင်းတွေကို စာရေးကိရိယာတွေ ထောက်ပံ့

၂၀၂၄ ဇူလိုင် ၂ ရက်၊ ဗကသ

The Purple Project အကူအညီနဲ့ မရမ်းကုန်းမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ယင်းမာပင်မြို့နယ်နဲ့ ကနီမြို့နယ်က ပြည်သူ့အခြေပြုကျောင်းတွေကို ဇွန်လ ၃၀ ရက်နေ့မှာ စာရေးကိရိယာတွေ ထောက်ပံ့လှူဒါန်းပေးခဲ့ပါတယ်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်
#ဗကသ #abfsu #စာရေးကိရိယာ
တနင်္သာရီ ဗကသရဲ့ သမဂ္ဂစာကြည့်တိုက်မှာ သုတ/ရသပြိုင်ပွဲတွေ ပြုလုပ်ပြီး ဂုဏ်ပြုဆုတွေချီးမြှင့်

၂၀၂၄ ဇူလိုင် ၂ ရက်၊ ဗကသ

တနင်္သာရီမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ဖွင့်လှစ်ထားတဲ့ သမဂ္ဂစာကြည်တိုက်မှာ Volunteer စာကြည်တိုက်မှူးနဲ့ ပူးပေါင်းပြီး စာဖတ်အများဆုံးသူနဲ့ ကျောင်းသားတွေရဲ့ ကိုယ်ပိုင်အတွေးစွမ်းရည်နဲ့ ရေးဆွဲထားတဲ့ လက်ရာအမြောက်ဆုံးပန်းချီတွေကို ရွေးချယ်ပြီး ဂုဏ်ပြုဆုတွေ ချီးမြှင့်ခဲ့ပါတယ်။ ဆုချီးမြှင့်ပွဲကို တက်ရောက်လာတဲ့ ကျောင်သားတွေကိုလည်း စာရေးကိရိယာတွေ ထောက်ပံ့ခဲ့ပါတယ်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်
#ဗကသ #abfsu #သမဂ္ဂစာကြည့်တိုက် #စာရေးကိရိယာ