All Burma Federation Of Student Unions
1.15K subscribers
7.81K photos
108 videos
642 links
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ၏ တရားဝင် တယ်လီဂရမ်ချန်နယ် ဖြစ်ပါသည်။
Download Telegram
စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ဖျက်ရင်း မြင့်မြတ်ဂုဏ်ပြောင်စွာ ကျဆုံးသွားခဲ့သော ဗကသရဲဘော်(ဟောင်း) ကိုအောင်သူရ သို့ ဂုဏ်ပြု‌သဝဏ်လွှာ

သဝဏ်လွှာအမှတ် - ၁၃/ဗကသ/၂၀၂၄
ရက်စွဲ - ၂၀၂၄ ခုနှစ် မေလ ၂၆ ရက်

Read More - http://www.abfsu.org/2024/05/blog-post_26.html

“မြေဝသုန်ရေ . . . ဂုဏ်ပြုအပ်တဲ့ ရဲဘော်တဦးကို ဆီးလို့ကြိုပေတော့”

ဗဟိုစည်းရုံးရေးကော်မတီ
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်
ဗကသများအဖွဲ့ချုပ်နဲ့ MRF တို့ပူးပေါင်းပြီး စစ်ဘေးရှောင်စခန်း နှစ်ခုကို အာဟာရဒါန ပြုလုပ်

၂၀၂၄ မေ ၂၈၊ ဗကသ

ဗကသများအဖွဲ့ချုပ်နဲ့ Mini Rats' Force - MRF တို့ ပူးပေါင်းပြီး ယင်းမာပင်မြို့နယ်အတွင်းက စစ်ဘေးရှောင်ပြည်သူတွေကို ဒီကနေ့ မေလ ၂၈ ရက်နေ့မှာ ရေခဲညှပ်‌မုန့်တွေ အာဟာရဒါနဖြစ် ကျွေးမွေးခဲ့ပါတယ်။ အာဟာရဒါနလုပ်နိုင်ဖို့ ထောက်ပံ့ကူညီခဲ့တဲ့ ပြည်သူတိုင်းကို စစ်ရှောင်လူထုကိုယ်စား ဗကသများအဖွဲ့ချုပ်က ကျေးဇူးအထူးတင်ရှိပါတယ်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်
ဗကသများအဖွဲချုပ်နဲ့ မဟာမိတ်တွေက မတရားစစ်မှုထမ်းဥပဒေ ဆန့်ကျင်ရေး၊ အထွေထွေအကျပ်အတည်း ဖြေရှင်းရေး လှုံ့ဆော်လှုပ်ရှားမှု ပြုလုပ်

၂၀၂၄ ဇွန် ၅၊ ဗကသ

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲချုပ် (ဗကသများအဖွဲချုပ်) နဲ့ မဟာမိတ် အဖွဲအစည်းများဖြစ်တဲ့ တာမွေသပိတ်ကော်မတီ (Tarmwe Strike Committee)၊ လူ့ဘောင်သစ်လူငယ် (Youth For New Society)၊ Mayangone Democratic Front (MDF)၊ Kyimyindaing Networks (KMD18)၊ လင်းရောင်နီ (လူငယ်အဖွဲ့အစည်း) နဲ့ Owl Community တို ပူးပေါင်းပြီး “မတရားစစ်မှုထမ်းဥပဒေကို လူထုအားနဲ့ ဆန့်ကျင်ကြ" စာသားပါဘန်နာကို ကိုင်စွဲပြီး မတရားစစ်မှုထမ်းဥပဒေ ဖျက်သိမ်းရေး၊ အထွေထွေအကျပ်အတည်း ဖြေရှင်းရေးနဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လှုံ့ဆော်လှုပ်ရှားမှုတရပ်ကို ဇွန်လ ၄ ရက်နေ့က ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။

“မတရားစစ်မှုထမ်းဥပဒေကို လူထုအားနဲ့ ဆန့်ကျင်ကြ”

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲချုပ်
#ABFSU #ဗကသ #GSC #လှုပ်ရှားမှု #မတရားစစ်မှုထမ်းဥပဒေ #အထွေထွေအကျပ်အတည်း
Media is too big
VIEW IN TELEGRAM
မတရားစစ်မှုထမ်းဥပဒေကို လူထုအားနဲ့ ဆန့်ကျင်ကြ
ဗကသများအဖွဲ့ချုပ်က ပြည်သူ့အခြေပြုကျောင်းတကျောင်းကို စာရေးကိရိယာများ ထောက်ပံ့

၂၀၂၄ ဇွန် ၅၊ ဗကသ

ဗကသများအဖွဲ့ချုပ်က ဒီကနေ့ ဇွန်လ ၅ ရက်နေ့မှာ ယင်းမာပင်မြို့နယ်က ပြည်သူ့အခြေပြု စာသင်ကျောင်းတကျောင်းကို သင်ထောက်ကူပစ္စည်းတွေ စာရေးကိရိယာတွေ ထောက်ပံ့လှူဒါန်းခဲ့ပါတယ်။ အခုလို ထောက်ပံ့နိုင်ဖို့ ကူညီပံ့ပိုးခဲ့တဲ့ မိဘပြည်သူတွေကို အထူးကျေးဇူးတင်ရှိပါတယ်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်
#ဗကသ #abfsu #သင်ထောက်ကူ #စာရေးကိရိယာ #ပြည်သူ့အခြေပြုကျောင်း
ဗကသများအဖွဲ့ချုပ်က ရက်ရှည်စစ်ဘေးရှောင် ပြည်သူတွေကို အာဟာရဒါန ပြုလုပ်

၂၀၂၄ ဇွန် ၈၊ ဗကသ

ယင်းမာပင်မြို့နယ်က ရက်ရှည်စစ်ဘေးရှောင် ပြည်သူတွေကို အလှူရှင်နှစ်ဦးကိုယ်စား ဗကသများအဖွဲ့ချုပ်က ဒီကနေ့ ဇွန်လ ၈ ရက်နေ့မှာ ထမင်းတနပ်စာ အာဟာရဒါန ပြုလုပ်ခဲ့ပါတယ်။ အခုလိုလှူဒါန်းပေးတဲ့ အလှူရှင်နှစ်ဦးကို စစ်ရှောင်ပြည်သူတွေကိုယ်စား ဗကသများအဖွဲ့ချုပ်က ကျေးဇူးအထူးတင်ရှိပါတယ်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်
#abfsu #ဗကသ #အာဟာရဒါန